လမ်းတိုင်းမှာ နာရေးဆိုင်းဘုတ်တွေနဲ့ တိတ်ဆိတ်သွားတဲ့ ကလေးမြို့

လမ်းတိုင်းမှာ နာရေးဆိုင်းဘုတ်တွေနဲ့ တိတ်ဆိတ်သွားတဲ့ ကလေးမြို့

ကလေးမြို့ အခြေအနေဆိုးလား မဆိုးလားဆိုရင်

လမ်းတိုင်းမှာ နာရေးဆိုင်းဘုတ်ရှိတယ်။

(တချို့လမ်းတွေဆို နာရေးဆိုင်းဘုတ်တစ်ခုမကလို့ တစ်အိမ်က လမ်းထိပ်မှာထောင်ထားရင် တစ်အိမ်ကကိုယ့်အိမ်ရှေ့ကိုယ်ပဲထောင်ထားရတယ်)

နာရေးအိမ်မို့ လာကူမယ့်သူတွေနဲ့နာရေးသတင်းမေးတဲ့သူတွေရှုပ်ယှက်ခတ်နေမယ်လို့မထင်ပါနဲ့။

(ကိုယ့်အိမ်နာရေး ကိုယ့်မိသားစုနဲ့ကိုယ် )

ရက်လည်ဆိုလဲ မိသားစုနဲ့ဆွေမျိုးအနည်းငယ်ပဲ။

တချို့နာရေးအိမ်တွေဆို တရားခွေဖွင့်သံမကြားရ၊ ညဆိုလဲ မီးပိတ်ပြီးတိတ်တိတ်ဆိတ်ဆိတ်ပဲဖြတ်သန်းနေကြရတာ ..

အခုဆို ဆိုင်တွေတင်မကဘူး အိမ်တိုင်းလိုလို တံခါးတွေပိတ်ထားကြတာ။

(ဧည့်သည်မပြောနဲ့ အလုပ်ကိစ္စဆိုရင်တောင် အိမ်ထဲအဝင်ခံတယ်ဆိုတာရှားသွားပြီ )

ဘာပစ္စည်းပဲလိုလိုအလွယ်တကူဝယ်လို့မရတော့ဘူး ။

(ဆိုင်တွေပိတ် ကားလမ်းတွေပိတ်နဲ့)

Covid Third waveကိုမယုံဘူးဆိုတဲ့သူတွေ

ကလေးမြို့ကိုပဲ လာကြည့်ပါ ။

မကြာပါဘူး တစ်ရက်နှစ်ရက်လောက်ပဲနေကြည့်ပါ..

လမ်းမပေါ် အောက်ဆီဂျင်ဗူးတွေနဲ့ ဥဒဟိုသွားလာနေရတဲ့မြင်ကွင်းကို ခဏပဲ ခံစားကြည့်ပါ ၊ စာနာကြည့်ပါ ။

Crd-Original Post