ကိုဗစ် စစ်ဆင်ရေး သို့မဟုတ် စစ်အုပ်စုရဲ့ နောက်ဆုံးကျည်ဆန်

ကိုဗစ် စစ်ဆင်ရေး သို့မဟုတ် စစ်အုပ်စုရဲ့ နောက်ဆုံးကျည်ဆန်

စစ်ကျွန်ကျန်းမာရေးဌာနက ထုတ်ပြန်သမျှ ကိုဗစ်အချက်အလက်တွေကို အမှန်လို့ ဘယ်လောက်ရာခိုင်နှုန်းယုံကြည်လို့ရမလဲ။ကိုဗစ်ကို နောက်ဆုံးလက်နက်အဖြစ် သုံးတော့မယ်ဆိုတာ ပြည်သူအများက ကြိုတွက်ဆထားပြီးသားပါ။

မြို့ပေါ်ပြောက်ကျားတော်လှန်ရေးအင်အားစုတွေရဲ့ဒလန်ရှင်းလင်းရေးကို တားဆီးဖို့စစ်အုပ်စုအခြေစိုက်နေရာတွေကို ဖောက်ခံခွဲရမှုကို ထိန်းချုပ်နိုင်ဖို့ ဆိုရင်။

အခရာကျစေတဲ့ ဗျူဟာက တမြို့နဲ့ တမြို့ အသွ ားအလာ ကန့်သတ်လိုက်ရင် လက်နက်၊ ခဲယမ်း ဆက်စပ်ပစ္စည်းတွေ။ထောက်ပံ့ဖို့အတွက် အများကြီး ခက်ခဲသွားနိုင်တဲ့အတွက် အရှိန်လျော့သွားမှာ အသေအချာပါပဲ။စစ်အုပ်စုက သူအထိနာဆုံး တမြို့ချင်းစီကို ရွေးပြီး ကိုဗစ်နဲ့ ရောကြိတ်မှာ ဖြစ်ပါတယ်။

ကလေးမြို့မှာ။ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးနှိပ်စက်ခံရသူ၊ ပစ်ခတ်ခံရသူအချို့ကို ကိုဗစ်နဲ့ လွှဲချပြီး အလောင်းတောင်ပြန်မပေးဘဲ လက်စဖျောက်ခဲ့ပါတယ်။နောက်ပြီး ကျန်းမာရေး ကိစ္စကို ဗန်းပြပြီး လူထုကြားမှာ နိုင်ငံရေး၊ တော်လှန်ရေး လှုပ်ရှားနေကြသူတွေကို အဆိုးမြင်စိတ်ဝင်ပြီ။

သွေးခွဲမယ့် ထိုင်းဝန်ကြီးချုပ်အဖွဲ့ရဲ့နည်းလည်း သုံးကြဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကိုဗစ်နဲ့ ပတ်သက်ပြီး စစ်ကျွန်ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်မှုတွေ၊ အချက်အလက်တွေကို အပြည့်အဝ ယုံကြည်ပြီး ။ မျှဝေကြ၊ ထိတ်လန့်ကြ၊ စိုးရိမ်ကြတာမျိုး မဖြစ်ကြဖို့လည်း သတိပြုကြစေချင်ပါတယ်။

Crd-Original Post