မွေးရာပါခြေထောက်နှစ်ဖက်လုံး မရှိသော်လည်း တတ်စွမ်းသလောက် မိသားစုကို ရှာဖွေကျွေးနေသော ကောင်လေး

မွေးရာပါခြေထောက်နှစ်ဖက်လုံး မရှိသော်လည်း တတ်စွမ်းသလောက် မိသားစုကို ရှာဖွေကျွေးနေသော ကောင်လေး

လောကကြီးတွင် ကိုယ်ကျိုးမကြည့်ပဲ မိသားစုကို ငဲ့ညှာကာ အလုပ်အကျွေးပြုသူများသည် ရှားပါးပြီး မွန်မြတ်သော စိတ်ထားလေးပင်ဖြစ်သည်။

သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံမှ Ipongအမည်ရှိသော အသက် ၂၁နှစ်အရွယ် ကောင်လေးသည် အခြားသူများလို မဟုတ်ပဲ မွေးကတည်းက ခြေထောက်နှစ်ဖက်စလုံးမပါလာခဲ့သော်လည်း မိသားစုဧ။် စားဝတ်နေရေးတာဝန်ကို အပြည့်အဝယူထားခဲ့သည်။

ကောင်လေးဧ။် မိဘသည် စီးပွားရေး အလုပ်အကိုင်အနေနှင့် မီးသွေးဖုတ်ရောင်းခဲ့သော်လည်း မောင်နှမ ၈ယောက်ရှိသည့်အတွက် ဘယ်လိုမှ မရုန်းကန်နိုင်ခဲ့ပေ။

ထို့ကြောင့် ကောင်လေးသည် မသန်စွမ်းဖြစ်နေသည့်ကြား အကိုကြီးတစ်ယောက်ပီသစွာ ပင်ပင်ပန်းပန်းအလုပ်များကို လုပ်ကိုင်ကာ ရှာဖွေကျွေးခဲ့သည်။

မသန်စွမ်းသည့်ကြားက မိသားစုကို အလုပ်အကျွေးပြုနေသော ကောင်လေးကို ကြည့်ပြီး ခြေကောင်း လက်ကောင်းရှိပါလျက် မိဘလုပ်စာထိုင်စားနေသူများအဖို့ အထင်ကြီးလေးစားစရာကောင်းလှသည်။

Crd-Original Post