စက်တင်ဘာလမှာ အပြိုင်နွဲကြမယ့် နိုင်ငံတကာ အသိအမှတ်ပြုမူ စစ်ပွဲ နှင့် စကစ အတွက် UN ရဲ့ ရာဇသံ စက်တင်ဘာစစ်ပွဲ

စက်တင်ဘာလမှာ အပြိုင်နွဲကြမယ့် နိုင်ငံတကာ အသိအမှတ်ပြုမူ စစ်ပွဲ နှင့် စကစ အတွက် UN ရဲ့ ရာဇသံ စက်တင်ဘာစစ်ပွဲ

စက်တင်ဘာလမှာ UN အထွေထွေညီလာခံရှိပါတယ် UN မှာ မြန်မာကိုယ်စားလှယ်အနေနဲ့ အခုထိတော့ ဦးကျော်မိုးထွန်းကို အသိအမှတ်ပြုထားဆဲပါ ပဲ

လာမယ့်ညီလာခံမှာ UN က မြန်မာအစိုးရကို စကစကိုလက်ခံမှာလား NUG ကိုလက်ခံမှာလား မဲခွဲဆုံးဖြတ်ကြတော့မှာပဲ ဖြစ်ပါတယ် အဲ့လိုဆို NUG ပဲ မဲပေးကြမှာလို့ လွယ်လွယ်တွက်လို့မရပါဘူး

စကစရဲ့နောက်ကွယ်မှာ ရုရှနဲ့တရုတ်တို့ရှိပါတယ် NUG ရဲ့နောက်မှာတော့ USနဲ့ EU တို့ရှိပါတယ် UNမှာ ကမ္ဘာကမသိတဲ့ ရန်ကုန်တစ်မြို့စာမရှိတဲ့နိုင်ငံကလဲ တစ်မဲပါပဲ ကနေဒါလို အကျယ်အဝန်းများစွာရှိတဲ့

နိုင်ငံကလဲ တစ်မဲပါပဲ ဆိုတော့ တရုတ်ရဲ့လက်တံကိုလျှော့တော့မတွက်သင့်ဘူး ပြီးခဲ့တဲ့ US ရွေးကောက်ပွဲ အရူပ်တော်ပုံမှာ ထရန့် အနိုင်မရအောင်

တရုတ်တို့ ဘယ်လိုပက်သက်လဲဆို တာ လေ့လာသူတိုင်းသိရှိပြီးဖြစ်မှာပါ တရုတ်နဲ့ဒီမိုကရက်တွေ နိုင်ငံရေးကစားကွက်ထဲမှာ ကြားညှပ် သွားတာ မြန်မာနိုင်ငံပါပဲ

တရုတ်တို့ထိုးဖောက်ဝင်မွှေမူ့ဟာ USရဲ့ FBI ,CIAထိ ရှိနေတယ်လို့ ဆိုကြပါတယ် ဒီမိုကရက်အမတ်တွေထဲလဲ တရုတ်အပေးအကမ်းရှိထားသူတွေ မနည်းပါဘူး ကိုဗစ်ဟာလူလုပ်ဇီဝလက်နက်ဆိုတာသိသိကြီးနဲ့ ဒီနေ့တရုတ်ကို

အမေရိကန်အရေးမယူသေးတာ တရုတ်လက်တံတွေကြောင့်လို့ သုံးသပ်လို့ရပါတယ် ဘိုင်တန်သား ဟန်းတားဘိုင်တန်ဟာ တရုတ်တို့နဲဆက်စပ်လုပ်ကိုင်နေတဲ့

စီးပွားရေးတွေရှိတာကို ထရန့်လက်ထက်ကဖွင့်ချဖူးခဲ့တယ် ဘိုင်တန်တက်လာတော့ တရုတ်က ကမ္ဘာကသူအပေါ်ကြည့်နေတဲ့ မျက်လုံးတွေကို နေရာရွေ့ဖို့ မြန်မာကို စစ်အာဏာသိမ်းခိုင်းလိုက်ပြီး ဘိုင်တန်နဲ့

တရုတ်တို့ လိုသလို ကစားနေတာကို တွေ့ရပြန်တယ် မြန်မာပြည်သူရဲ့ခံစားချက်ကို ကိုရီးယားနဲ့ဂျပန်က စာနာပြီးကူညီပေမယ့် သူများကစားကွက်ထဲ ဝင်မပါချင်တဲ့ အိန္ဒိယနဲ့ အာစီယံက ခပ်ခွာခွာနေလိုက်ပါတယ်

တရုတ်ရဲ့ရည်ရွယ်ချက်က ပြည်တွင်းစစ်ဖြစ်ဖို့ပါပဲ မြန်မာပြည်ကသူ့စီးပွားရေးဆိုတာ သူ့ပိုင်ဆိုင်မူ့ရဲ့ အစွန်းထွက်တောင် မရှိပါဘူး ကိုဗစ်ပြသနာဟာတရုတ်အတွက်ကြီးမားတဲ့ စိန်ခေါ်မူ့ကို သူ့ဘက်က

ဖိအားလျော့အောင် တစ်ဖက်ကိုတွန်းပို့လိုက်တာပါပဲ အခုဆို တရုတ်လုပ်ကိုဗစ်ကြောင့် ကမ္ဘာမှာ သန်းနဲ့ချီလူတွေသေခဲ့ကြတာကို လူတွေမေ့စပြုလာပါပြီ အမေရိကန်ပြည်သူရဲ့တရုတ်မုန်းတီးမူ့ဟာလဲ ပါးလို့

လာပါပြီ အခြေအနေတစ်ခုကို ဆွဲလာပြီး ထိုင်ဝမ် အရေးဟောင်ကောင်အရေးတွေနဲ့ ကမ္ဘာ့အာရုံကိုလှည့်ထားသလို မြန်မာ့အရေးနဲ့ သူ့ထွက်ပေါက်ကို ဖန် တီးထားပြန်တယ် တရုတ်အကြောင်းရေးရတာ

သူဖြစ်ချင်တာဆို ဖြစ်လို့ရတယ်ဆိုတာကို လျှော့မတွက်စေချင်လို့ပါ MAHရုရှသွားတယ်ဆိုတာလဲ လက်နက်ဝယ်ဖို့ ကိစ္စလဲပါသလို ရုရှနဲ့ဆက်နွယ်နေတဲ့ အရှေ့ဥရောပက နိုင်ငံတွေနဲ့ ရင်းနှီးအသိအမှတ်ပြုဖို့လဲဖြစ်ပါတယ်

အာဖရိကနိုင်ငံအများစုကလဲ တရုတ်လက်ဝေခံနိုင် ငံတွေဖြစ်သလို OIC နိုင်ငံတွေထဲလဲ တရုတ်လက်တံတွေ အများကြီးရှိပါတယ် NUG ကို ထောက်ခံပေးထားတာ အမေရိကန်ပါ

ဒါပေမယ့် ကမ္ဘာမှာစီးပွားရေးလက်တွေ့ကျကျလုပ်နေတာက တရုတ်ဖြစ်နေပြန်တယ် UNမှာ ထုတ်ပြန်ချက် ကြေငြာချက်တွေကို ကြိုက်သလို မဲ ပေးခွင့်ရကြပေမယ့် စက်တင်ဘာ အစည်းအဝေးမှာ ဘယ်သူ့ကို လက်ခံမလဲဆိုတာတော့

ထုတ်ပြန်ချက် တွေအပေါ် မဲပေးတာလောက် ရမယ်မထင်ဘူး NUG အနေနဲ့ နိုင်ငံတကာထောက်ခံမူ့ရဖို့ ကြိုးစားနေတာကိုတွေ့ရပါတယ်

အာစီယံနိုင်ငံတစ်ချို့က သူတို့ရင်းနှီးမြှပ်နှံမူ့ရှိတော့ ကြားနေဖို့များတယ် ဘယ်လိုပဲဖြစ်ဖြစ်ပါ အမေရိကန်အနေနဲ့ မြန်မာအရေးမှာ စစ်မှန်တဲ့စေတနာအမှန်နဲ့သာဆို UN က စက်တင်ဘာ

အထွေထွေညီလာခံမှာ NUG သာ အစိုးရအဖြစ်အသိအမှတ်ပြုလာမှာပါ ဒါဟာ သံတမန်ရေးစစ်ပွဲပါပဲ စကစကတော့ ထိုပွဲအ တွက်အစွမ်းကုန်ပြင်ဆင်လာမှာ ဖြစ်သလို ထိုပွဲမှာ ကျရူံးသွားရင် စကစဟာ

အကြမ်းဖက်သူပုန်အဖွဲ့အ စည်းဖြစ်သွားတော့မှာပါ NUG ကတော့ ကမ္ဘာ့အသိအမှတ်ပြု တရားဝင်အစိုးရဖြစ်သွားပါမယ် ပြည်တွင်းမှာလဲ PDF တို့အားကောင်းလာပါတယ် NUG ရဲ့

DDay ခေါ်သံကြားမှာ စကစတို့ရူးခါနေပါတယ် ပြည်တွင်းမှာအကြမ်းဖက်လုပ်ရပ်တွေ ဆက် လုပ်နေတာလဲ UN ရဲ့အသိအမှတ်ပြုမူ့ ရစေမှာ မဟုတ်ပါဘူး UN အတွင်းရေးမှူးချုပ် ဂူတာရက်ကတော့ သမ္မတနဲ့ အမေစုကိုလွှတ်ပေးဖို့

ရာဇသံဆန်ဆန်ပြောဆိုလာပါတယ် စကစအတွက်တကယ့်အကျပ်အတည်းပါပဲ UN မှာလဲအသိအမှတ်ပြုတာခံချင် ပြည်တွင်းမှာလဲ ထိန်းလို့ကမရတဲ့အခါ ကိုဗစ် တတိယလိူင်း အချိန် ကိုက်ဖြစ်လာပါတယ်

ကိုဗစ်နဲ့ လော့ဒေါင်းတွေချ ငြိမ်အောင်လုပ်မယ် ဆိုပြန်တော့လဲ ပြည်သူက ပုံမှန် အတိုင်း သွားလာမြဲ ဆန့်ကျင်မြဲပါပဲ အာဏာဟာ သိပ်ကြောက်စရာကောင်းပါတယ် အခုဖြစ်စဉ်တွေ

ပြန်ချုပ်ကြည့်လိုက်ရင် ဒီနေ့ အသက်၆၅နှစ်ပြည့်တဲ့ ကာချုပ် မင်းအောင်လိူင် သူအနားမယူချင်တာတစ်ခုထဲအတွက် တိုင်းပြည်ဟာ သွေးလွှမ်းခဲ့ရပါတယ်

ငါအာဏာရရင်ပြီးရော ဘယ်သူသေသေဆိုတဲ့ လူမျိုးနဲ့ အာဏာရရင် ဘာမဆိုလုပ်လို့ရတယ်ဆိုတဲ့ လက်တစ်ဆုပ်စာ လူတန်းစားကြားမှာ တိုင်းပြည်ရဲ့ အနာဂတ်ကို ထုစစ်ဖို့ ထိုလူမျိုးတွေကို

အမြစ်ကလှန် တော်လှန်ရမယ်ဆိုတာ ပြည်သူတစ်ရပ်လုံးက သိနေပြီမို့ စကစရဲ့ နိဂုံးဟာ မကြာခင်မှာပဲ အဆုံးသတ်တော့မှာပါလို့ ပြောချင်တယ်ဗျာ

Crd-Original Post