ဂျပန်ပါလီမန်အမတ်များနှင့် ဒေါက်တာဆာဆာတို့၏ ဒုတိယအကြိမ်ဆွေးနွေးမှုရလဒ်ကောင်း

ဂျပန်ပါလီမန်အမတ်များနှင့် ဒေါက်တာဆာဆာတို့၏ ဒုတိယအကြိမ်ဆွေးနွေးမှုရလဒ်ကောင်း

မြန်မာနိုင်ငံတွင်၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ကမ္ဘာက အသိအမှတ်ပြုလက်ခံပြီး NUGအမျိုးသားညီညွတ်ရေးအစိုးရကိုယုံကြည်ကာ မြန်မာနိုင်ငံတွင် အခြားအစိုးရမရှိဟု လက်ခံထားကြောင်း ဂျပန်နိုင်ငံအောက်လွှတ်တော်အမတ် လည်းဖြစ်၊

ဂျပန်-မြန်မာချစ်ကြည်ရေးပါလီမန်အမတ်များအဖွဲ့ဥက္ကဋ္ဌလည်းဖြစ်၊ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးသော ပါလီမန်အမတ်များအဖွဲ့ ဒုတိယဥက္ကလည်းဖြစ်သူ Mr.Ichiro Aisawaကပြောဆိုသည်။ ၂၀၂၁ခုနှစ် ဇူလိုင်လ (၆)ရက်နေ့တွင် အမျိုးသား

ညီညွတ်ရေးအစိုးရ(NUG) ၏ ပြည်ထောင်စုဝန်ကြီးများနှင့်ဂျပန်လွှတ်တော်အမတ်များအွန်လိုင်းတွေ့ဆုံဆွေးနွေးမှုတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ ဂျပန်အောက်လွှတ်တော် အမတ် Mr.Ichiro Aisawaက စ.စ်တ.ပ်က

မ.ဲမသမ.ာမှုအကြောင်းပြချက်ဖြင့် အ.ာဏ.ာသိ.မ်းခဲ့မှုသည် လက်ခံနိုင်စရာမရှိကြောင်း၊ မြန်မာနိုင်ငံ၏နိုဝင်ဘာရွေးကောက်ပွဲသည်တရ.ားမျှတသည်ကို ကမ္ဘာက လက်ခံကြောင်း၊ ရွေးကောက်ခံကိုယ်စားလှယ်များအပါအဝင် တိုင်းရင်းသားလူနည်းစုများ

ပါဝင်ဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကိုယုံကြည်ပြီး၊ အခြားအစိုးရ မြန်မာနိုင်ငံတွင်မရှိဟု ယုံကြည်ကြောင်းပြောဆိုသည်။၎င်းက စ.စ်အ.ာဏ.ာရှင်မဟုတ်သော NUGအစိုးရက လက်တွေ့ကျသောအစိုးရဖြစ်ကြောင်းသ.က်ေ.သကို

မြန်မာပြည်သူများ၏ပြသမှုကြောင့် ဂျပန်က ကူညီမည်ဖြစ်ကြောင်း၊ ဂျပန်၏ ODAအထောက်အပံ့သည် စ.စ်တ.ပ်ကို ကူညီရန်မဟုတ်၊ လ.က်န.က်ပံ့ပိုးမှုအတွက်မဟုတ်ဘဲပညာရေး၊ ဆေးဝါးကုသရေး၊ အတတ်ပညာပိုင်းဆိုင်ရာ အကူအညီနှင့်

အစားအသောက်အတွက် ကူညီရန်ဖြစ်ကြောင်း၊ ဂျပန်၏ ODAအထောက်အပံ့ရပ်ဆိုင်းမှုသည် စ.စ်တ.ပ်ကို အကျိုးမပြုစေရန်သာဖြစ်ပြီး ပြည်သူ့အကျိုးကို ထ.ိခို.က်မည်ကို စို.းရ.ိမ်ကြောင်း၊ ပြည်သူကို

တို.က်ရို.က်အကျိုးဖြစ်စေမည့်နည်းလမ်းများ ရှာဖွေလုပ်ဆောင်ရန်ဖြစ်ကြောင်းပြောကြားသည်။ အလားတူ ဂျပန်အထက်လွှတ်တော်အမတ်လည်းဖြစ်၊ မြန်မာ့ဒီမိုကရေစီအရေးကိုအားပေးသော ပါလီမန်အမတ်များအဖွဲ့၏

အထွေထွေအတွင်းရေးမှူးလည်းဖြစ်သူMr.Michihiro Ishibashi ကစ.စ်တ.ပ်ကို ဆ.န့်ကျ.င့်ရှု.တ်ခ.ျခြင်း အတည်ပြုသင့်ကြောင်းနှင့် ပတ်သက်၍ အားလုံးက အတည်ပြုခဲ့ကြောင်း၊ အတို.က်အခ.ံနှင့် အ.ာဏ.ာရပါတီအားလုံးက တစ်ပြိုင်နက်

ထောက်ခံ့ခဲ့ကြခြင်းဖြစ်၍ မြန်မာပြည်သူများအတွက် အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း၊ စ.စ်တ.ပ်ကိုလ.က်န.က်ရောင်းချခြင်းမပြုကြရန်နှင့် ဒု.က္ခရောက်နေသော မြန်မာပြည်သူများကို အစားအသောက်၊ ဆေးဝါးထောက်ပံ့ကူညီရန်လည်း

အတည်ပြုခဲ့ကြကြောင်း ပြောကြားသည်။ အစည်းအဝေးသို့ ဂျပန်နိုင်ငံမှအောက် လွှတ်တော် အမတ် Mr.Ichiro Aisawa (ဥက္ကဌ၊ ဂျပန်-မြန်မာချစ်ကြည်ရေး ပါလီမန်အမတ်များအဖွဲ့၊ ဒုဥက္ကဌ၊ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးသော ပါလီမန်အမတ်များ

အဖွဲ့)၊ အထက်လွှတ်တော်အမတ် Mr.Michihiro Ishibashi (အထွေထွေအတွင်းရေးမှူး၊ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးသော ပါလီမန်အမတ်များအဖွဲ့)၊Mr.Yutaka Nagasugi(Vice President, Japan Myanmar Friendship

Association,CEO,MYANMAR JAPON CO.,LTD.)၊ Mr.Toshio Tanabe(အလွတ်တန်း သတင်းထောက်)နှင့် NUGအစိုးရတာဝန်ရှိသူများ တက်ရောက်ကြောင်း သိရှိရသည်။

Crd-Original Post