အမေစု၏ ကိုယ်ရေးအရာရှိ ဦးဇော်နိုင်ဝင်းအား ပုဒ်မ ၄၀၉ဖြင့် အာဏာလုစစ်ကောင်စီ ထောင်ဒဏ်ချမှတ်

အမေစု၏ ကိုယ်ရေးအရာရှိ ဦးဇော်နိုင်ဝင်းအား ပုဒ်မ ၄၀၉ဖြင့် အာဏာလုစစ်ကောင်စီ ထောင်ဒဏ်ချမှတ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံတွင် ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်ကြီးဟောင်း ဦးဇော်နိုင်ဝင်းကို ပြီးခဲ့သည့်ဇွန်လက နေပြည်တော်၊ ဇမ္ဗူ သီရိမြို့နယ်တရာရုံးက ယုံကြည်အပ်နှံေ.ဖ.ာက်ဖျ.က်သည့်

ပ.ုဒ်မ၄၀၉ဖြင့် ထေ.ာင်ဒ.ဏ် ၇နှစ်ခ.ျမှ.တ်လိုက်ကြောင်း သိရသည်။

“သူက စ.စ်တ.ပ်က အ.ာဏ.ာသိ.မ်းပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ထွက်စာတင်တယ်။ ပြီးတော့ ဖေဖော်ဝါရီလထဲမှာပဲ Free Daw Aung San Su Kyiဆိုတဲ့ဆိုင်းဘုတ်ကိုင်ပြီး သပြေကုန်းအဝိုင်းမှာ လူတွေ အများစုဆ.န္ဒပြတဲ့နေ့တွေတုန်းက ထွက်လာသေးတယ်။

နောက်ပိုင်းတော့ စီဒီအမ်ဝန်ထမ်းတွေကို ကူညီပေးတယ်။ နောက်ဘဏ်ကနေ ငွေတွေထုတ်လို့ရအောင် ကူညီပေးတယ်ဆိုတဲ့ စ.ွပ်စ.ွဲချက်မျိုးနဲ့ထေ.ာင်ခ.ျလ.ိုက်တာ။ တော်တော်မြန်တယ်”ဟု ဦးဇော်နိုင်ဝင်းနှင့် နီးစပ်သူတဦးက ဆိုသည်။

ဦးဇော်နိုင်ဝင်းသည် စ.စ်တ.ပ်မှ ဗိုလ်ကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့သည့် ရုရှားနိုင်ငံမှ ပြန်လာသူတဦးဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုမှ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဘွဲ့လည်း ရရှိထားကြောင်း ဘာသာစကားနှင့် ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုတချို့ကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့

ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေစဉ် ဒေါ်အာင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူသည့်အခါ ၎င်း၏ ကိုယ်ရေးအရာရှိအဖြစ် ၅နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့သူတဦးလည်း ဖြစ်သည်။

နေပြည်တော်တွင် NLDအစိုးရတာဝန်ထမ်းဆောင်နေသည့် ကာလတွင် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရဝန်ကြီးများ၏ ကိုယ်ရေးအရာရှိ အများစုမှာ

စ.စ်ကောင်စီလက်ထက်တွင် ဆက်လက်တာဝန်ထမ်းဆောင်ခြင်း မရှိတော့ဘဲ အလုပ်ထ.ွက်ခြင်း ေ.ရှာင်တ.ိမ်းခြင်းများ ပြုလုပ်ကြသကဲ့သို့ တာဝန်ဆက်လက်ထမ်းဆောင်သူများမှာလည်း စုံစမ်းစစ်ဆေးခြင်းများ ခ.ံခဲ့ရကြောင်း သိရှိရသည်။

Crd-Original Post

(ZAWGYI)










Crd-Original Post