၇၃လမ်းမကြီးပေါ်ထိတက်ကာအားအင်အပြည့်နဲ့ အာဏာရှင်အလိုမရှိကြောင်းဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မန္တလေး ၇ဇူလိုင်သပိတ်

၇၃လမ်းမကြီးပေါ်ထိတက်ကာအားအင်အပြည့်နဲ့ အာဏာရှင်အလိုမရှိကြောင်းဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မန္တလေး ၇ဇူလိုင်သပိတ်

မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် တစ်နိုင်ငံလုံးနီးပါးဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒထုတ်ဖော်မှုတွေက အခုဆိုရင် (၅)လကျော်ခန့်ကြာမြင့်နေပြီဖြစ်တဲ့အပြင်။

မြို့နယ်အသီးသီးကနေ ကျောင်းသားလူငယ်တွေက မလျှော့သောဇွဲအပြည့်နဲ့လမ်းမတွေထက်မှာ အာဏာရှင်စနစ်ကိုဆန့်ကျင်ဆန္ဒပြနေကြသလို ပြည်သူ့ကာကွယ်ရေးတပ်တွေလဲဖွဲ့စည်းကာ တောတောင်ထဲတွေမှာ စစ်ပညာသင်ယူနေကြတဲ့လူငယ်တွေများစွာလဲရှိပါတယ်။

အခုလိုအာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ ရဲရဲတောက်မြို့တွေထဲမှာဆိုရင် မန္တလေးမြို့ကလည်း ချန်ထားလို့မရတဲ့မြို့ကြီးတစ်မြို့ပဲဖြစ်ပါတယ်။ နေ့တိုင်းလိုလို တပ်ပေါင်းစုသပိတ်တွေနဲ့ ဆန္ဒပြသပိတ်တွေ လမ်းမတွေပေါ်ထိတက်ကာဆန္ဒထုတ်ဖော်နေကြတဲ့ မန္တလေးသားတွေရဲ့သတ္တိကတော့လေးစားစရာပါ။

ယနေ့ ဇူလိုင်လ (၇)ရက်နေ့မှာဆိုရင်လည်း မန္တလေးတပ်ပေါင်းစုသပိတ်စစ်ကြောင်းက မန္တလေး ၇၃လမ်းမကြီးထက်ပေါ်ထိတက်ကာ ကြွေးကြော်သံတွေနဲ့အတူ အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

ဒီကနေ့ ၇ဇူလိုင်နေ့ကဆိုရင်လည်း သမိုင်း၀င်ခဲ့တဲ့နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ ၁၉၆၂ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့မှာ စစ်အာဏာရှင်လက်ပါးစေများရဲ့လက်ချက်နဲ့ ကျောင်းသားလူငယ်များစွာအသက်ပေးခဲ့ရတဲ့အဖြစ်အပျက်တွေရှိခဲ့ပါတယ်။

ဒီလိုနေ့မျိုးကို အမှတ်ရအောက်မေ့ကြတဲ့အနေနဲ့ ကျောင်းသားလူငယ်တွေက ယနေ့မှာလည်းအာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေပြုလုပ်လာကြတာပါ။ ပရိသတ်တွေအတွက် မန္တလေးက ၇ဇူလိုင်အမှတ်တရသပိတ်စစ်ကြောင်းပုံရိပ်တွေကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Crd-myanmarload

(ZAWGYI)








Crd-myanmarload