မိခင်ဖြစ်သူက ကိုဗစ် ကူးစက်ခံထားရတာကြောင့် နို့ဆာနေတဲ့ (၂) လသားအရွယ် သမီးငယ်လေးကို နို့တိုက်ခွင့်မရတဲ့ ရင်နင့်စရာ အဖြစ်လေး

မိခင်ဖြစ်သူက ကိုဗစ် ကူးစက်ခံထားရတာကြောင့် နို့ဆာနေတဲ့ (၂) လသားအရွယ် သမီးငယ်လေးကို နို့တိုက်ခွင့်မရတဲ့ ရင်နင့်စရာ အဖြစ်လေး

ကိုဗစ်ရောဂါဆိုးကြီးကတကယ်ကိုကြောက်စရာကောင်းတဲ့ ကူးစက်ရောဂါတစ်ခုပါပဲ။လူတန်းစားမရွေးကူးစက်နိုင်သလို အသက်အရွယ်အပိုင်းအခြားလည်းမရွေးတာကြောင့်မဖြစ်ခင်ကြိုတင်ကာကွယ်ဖို့အရမ်းလိုအပ်ပါတယ်။

မိသားစုဝင်တစ်ဦးကူးစက်ရင်တောင်တစ်မိသားစုလုံးကိုကူးစက်နိုင်ခြေအရမ်းများတာကြောင့်ရောဂါအခံရှိသူတွေ၊သက်ကြီးရွယ်အိုတွေ၊ကလေးငယ်လေးတွေအတွက်အသက်အန္တရာယ်ကိုထိခိုက်မှုတွေများစွာရှိနိုင်ပါတယ်။

ခုဆိုရင်မြန်မာနိုင်ငံမှာကိုဗစ်ရောဂါကူးစက်မှုတွေတတိယလှိုင်းအနေနဲ့ပြန်လည်ဖြစ်ပွားလျက်ရှိပြီးတစ်ချို့နေရာတွေဆိုမထိန်းချုပ်နိုင်လောက်အောင်သေဆုံးသူတွေများပြားနေတာပါ။ကိုဗစ်ကြောင့်ရင်နာစရာအဖြစ်တွေကိုနေ့စဉ်တိုင်းတွေ့နေကြားနေရတာလည်း

တကယ်ကိုစိတ်မကောင်းဖြစ်မိတာအမှန်ပါပဲ။

အခုလည်းကလေးမိခင်တစ်ယောက်ဟာကိုဗစ်ကူးစက်ခံထားရတာကြောင့်(၂)လအရွယ်သူမရဲ့ရင်သွေးလေးနဲ့ခွဲနေရပြီးနို့ဆာနေချိန်တောင်တိုက်ခွင့်မရလို့ငိုယိုနေတဲ့သမီးလေးကိုဖခင်ဖြစ်သူကချော့မြှူထားရတယ်ဆိုတဲ့ရင်နင့်စရာပို့စ်လေးတစ်ခုပျံ့နှံ့လျက်ရှိပါတယ်။ဘယ်မိဘမဆိုကိုယ့်သားသမီးငိုနေတာကိုထိုင်

မကြည့်နိုင်ကြပါဘူး။ သူရဲ့ရင်ထဲမှာဘယ်လောက်တောင်ပူပန်သောကရောက်နေမလည်းဆိုတာကိုယ်ချင်းစာမိတာအမှန်ပါပဲ။ဒီလိုမအိပ်နိုင်လောက်အောင်စိတ်သောကရောက်နေတဲ့မိခင်ကိုဆရာဝန်တွေတိုင်ပင်ပြီးကလေးငယ်လေးကိုနို့တိုက်ခွင့်ရအောင်ပြုလုပ်ပေးခဲ့ကြောင်းကိုလည်း”ပေါင်မြို့နယ်တွင်ကိုဗစ်ပိုးတွေ့တဲ့အထဲမှာမှ

နို့စို့ကလေးရဲ့မိခင်ကPositiveဖြစ်ပြီး(၂)လသားသမီးလေးကNegativeဖြစ်ပါတယ်။ကလေးအမေကPဆိုတော့ကလေးနဲ့တစ်ကွဲတစ်ပြားဖြစ်သွားပါတယ်။

ကလေးအမေကိုIso-2ပို့နေတဲ့အချိန်ကလေးအဖေကသူ့သမီးလေးကိုသီချင်းဆိုပြီးချော့မြူနေတာကြားရတော့တွေ့မြင်ရတဲ့သူတိုင်းမျက်ရည်ဝဲခဲ့ကြရပါတယ်။ကလေးလည်းနို့မပြတ်သေးတဲ့အရွယ်ဖြစ်နေပါတယ်။ဒီလိုနဲ့Isoတာဝန်ခံဆရာဝန်DrHကကလေးကိုမိခင်ရင်ခွင်ထဲပြန်ရောက်စေဖို့ပြောလာတော့အားလုံးတိုင်ပင်

ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းသိရပါတယ်။ကလေးကသူ့မိခင်ရဲ့ရင်ခွင်ထဲရောက်သွားပြီဖြစ်ပြီးကလေးမိခင်ဖြစ်သူကိုမေးကြည့်လိုက်တော့“ကျွန်မဒီညတော့အိပ်ပျော်ပါပြီ”တဲ့လေ။ သမီးလေးနဲ့မိခင်လည်းအမြန်နေကောင်းကျန်းမာပါစေလို့ဆုတောင်းပေးနေကြပါတယ်။”ဆိုပြီးရေးသားဖော်ပြထားပါတယ်။

စာလေးဖတ်ပြီး စိတ်မကောင်းဖြစ်မိသလိုပြည်သူအားလုံးလည်းဒီရောဂါကပ်ဆိုးကြီးကနေကင်းဝေကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Crd-Original Post