မင်းအောင်လှိုင် ကိုဘယ်သူဇာတ်သိမ်းပေးမလဲ သို့မဟုတ် ကြောင်ကို ဘယ်သူ ခြူဆွဲပေးမလဲ

မင်းအောင်လှိုင် ကိုဘယ်သူဇာတ်သိမ်းပေးမလဲ သို့မဟုတ် ကြောင်ကို ဘယ်သူ ခြူဆွဲပေးမလဲ

နိုင်ငံတွင်း ကိုဗစ်-၁၉ ကူးစက်မှုနှုန်း သည် တနင်္လာနေ့တွင် ၂,၉၆၉ ဦး အထိ ဖြစ်လာပြီး စံချိန်တင် မြင့်တက် လာနေသော်လည်း

ဆေးရုံ ဆေးခန်းများ တွင် ကုသပေးခြင်း မရှိ၍ သေဆုံးသွားရသူများ ရှိလာနေပြီ ဖြစ်သည်။သေဆုံးသူ အရည်အတွက်သည် အောက်တိုဘာလ အတွင်း တရက်တည်း ၄၈ ဦး ရှိခဲ့ရာမှ ယခုအခါ ၄၉ ဦး အထိ မြင့်တက်လာပြီး စံချိန်ချိုးသွားခဲ့လေသည်။

ထိုသို့ အနေအထားတွင် ယခင်က ကိုဗစ် အား ရှေ့တန်းမှ စွမ်းစွမ်း တမံ ကုသ ကာကွယ်ပေးခဲ့ကြသည့် ကျန်းမာ ရေးဝန်ထမ်းများသည် စစ်တပ်အာဏာသိမ်းမှုကို အကြမ်းမဖက် အာဏာဖီဆန်ခြင်းဖြင့် ဆန့်ကျင် ကန့်ကွက် ခဲ့ကြသဖြင့်

ထိုသူများအား ရက်စက်စွာ နှိပ်စက် ဖမ်းဆီး သတ်ဖြတ်မှုများ ဖြင့် တုန့်ပြန်ခဲ့ကြသည့်အပြင် ဆေးရုံ များကိုလည်း သိမ်းပိုက်တပ်စွဲထားခြင်း၊ ဆေးရုံများထဲ ဝင်ရောက် ပစ်ခတ်လာမှုများကြောင့် အားလုံးက ထွက် ပြေး တိမ်းရှောင်နေကြရပြီ ဖြစ်သည်။

၎င်းတို့၏ လူမဆန်‌သော လုပ်ရပ်များကို အပြစ်တင်ခြင်း မရှိဘဲ မိမိတို့ အသက်ဘေး အတွက် ထွက်ပြေးတိမ်းရှောင်နေရသူများအပေါ် သားရဲတွင်းသို့ ပြန်မဆင်းရဲ သည့်အဖြစ်ကို ရှုတ်ချပြောဆိုလာကြပြန်သည်။ ဆေးရုံအချင်းချင်းလည်း လူနာများ အတွက် ကုတင် အပို မရှိဟု ဆိုကာ ‌ဘော်လီဘော ပုတ်နေကြသည်ဟု သိရသည်၊။ဆေးရုံ အတော်များများကလည်း အနံ့ပျောက်သည်နှင့် လက်မခံ ချင်ဖြစ်လာနေကြသည်။ အာဏာသိမ်း အဖွဲ့သည် ကိုဗစ် တိုက်ဖျက်‌ရေး အတွက် နိုင်ငံတဝှမ်း ကျန်းမာရေး စီမံချက်များ ချမှတ် နိုင်ခြင်း မရှိသည့်အပြင် အခြေအနေများ အားလုံး ယိုယွင်း ပြိုလဲလာနေသည်ကို တွေ့နေရသည်။

ကျန်းမာရေးဖက်မှ ပြောခွင့်ရ ဒေါက်တာ ခင်ခင်ကြီးကတော့ မိမိတို့ နိုင်နင်းစွာ ကုသပေးနေဆဲဟု ဘူးခံ ငြင်းဆိုလျှက် ရှိနေသော် လည်း ကုသဖို့ နေနေသာသာ စစ်ဆေးမှုပင် တနေ့လျှင် ၈,၀၀၀ ခန့်သာ လုပ်ပေးနိူင်တော့သည်က အထင် အရှားပင် ဖြစ်သည်။ နိုင်ငံတော် အတိုင်ပင်ခံ မှလည်း အသွင်ပြောင်းလာသော ကိုဗစ် ရောဂါပိုး အသစ်အတွက်

ပြည်သူများအနေနှင့် မိမိတို့ ဖာသာ ဂရုတစိုက် နေထိုင်ကြရန် အင်္ဂါနေ့က ထပ်မံ မှာကြားလိုက်ကြောင်း ရှေ့နေများမှတဆင့် သိရ သည်။ ပြည်သူများကလည်း သူမအတွက် အထူး စိုးရိမ်ပူပန်မှုများ ရှိလာနေကြသဖြင့် သူမသည် ဆေးနှစ်ကြိမ် ထိုးထားပြီး ဖြစ်သည်ဟု ရှေ့နေများက အသိပေးလာခဲ့သည်။

မည်သို့ပင် ဖြစ်စေ ၂၀၂၁ ခုနှစ်သည် မြန်မာသမိုင်း တလျှောက်တွင် အဆိုးဝါး ဆုံး ကပ်ရောဂါကြီး နှစ်ခုကို တပြိုင်တည်း ရင်ဆိုင်နေကြရပြီ ဖြစ်သည်ကတော့ မည်သူမျှ ငြင်းဆို၍ မရတော့ပေ။ ကုလ လူ့အခွင့် အရေး အဖွဲ့ အကြီးအကဲက

စစ်တပ်၏ အာဏာသိမ်းယူမှုကို ကြံ့ကြံ့ခံ ခုခံ နေကြသည့် မြန်မာ လူမျိုး တို့၏ ဇွဲသတ္တိကို ချီးကျူးလိုက်ပြီး နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် စစ်တပ်၏ အကြမ်းဖက်လုပ် ရပ်များ ရပ်တန့်သွားအောင် ဆက်လက် ဖိအားပေးသွားကြရန်လည်း တိုက်တွန်းလိုက်သည်။

၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ယခုအချိန်အထိ လူ ၉၀၀ နီးပါး သေဆုံးခဲ့ရပြီး လူနှစ်သိန်း ခန့် အိုးအိမ်များ စွန့်ခွာ ထွက်ပြေးခဲ့ရသည့်အပြင် ပြည်သူများသည် multi-dimensional human rights catastrophe ဆိုသည့် လူသားတို့၏ အသက်ရှင် ရပ်တည်နိုင်ခွင့် အတွက် ဘက်ပေါင်းစုံမှ အန္တရာယ်ကြီးနှင့် ရင်ဆိုင်နေရသည့်အနေအထားသို့ ဦးတည်နေပြီဟု ထုတ်ဖေါ် သတိပေးလိုက်သည်။ လက်ရှိ ကျင်းပနေသော ၄၇ နိုင်ငံပါ ကုလ လူ့အခွင့်အရေး အဖွဲ့ ညီလာခံတွင် နိုင်ငံအသီးသီးကလည်း မြန်မာ စစ်တပ်၏ လုပ်ရပ်များကို ရှုတ်ချကြောင်း ဆွေးနွေး ပြောဆိုလာကြပြီ ဖြစ်သည်။

အာဏာသိမ်း အဖွဲ့ဖက်မှ ကိုယ်စားလှယ်ကို ကုလ လူ့အခွင့်အရေး အဖွဲ့က လက်ခံ ခဲ့ခြင်း မရှိသဖြင့် ကမ္ဘာ စင်မြင့်တွင် အသံပျောက်နေရသည်။ ရုရှား နှင့် တရုတ်ကတော့ ယခုထိ အထူး သံတမန် ကိုပင် ခန့်အပ်နိုင်ခြင်း မရှိသော အာဆီယံ ၏ ဝင်ရောက် ဖြေရှင်းပေးမှုကို ထောက်ခံကြောင်း တတွတ်တွတ် ပြောနေကြဆဲ ဖြစ်သည်။ ဤသည်ကပင် မြန်မာသည် ပုံမှန်

အနေအထား မရှိသေးဆိုသည်ကို လက်ခံနေကြရသည့် သဘောပင် ဖြစ်သည်။ တရုတ်တပ်များ နယ်စပ်တွင် အခိုင်အမာ စုရုံး ရောက်ရှိနေကြသည် ဆိုသော သတင်းများမှာ ရင်မအေးစရာပင် ဖြစ်သည်။ တရုတ်တပ်များ မြန်မာပြည်ကို ကျူးကျော်လာသည်နှင့် တပြိုင်တည်း မင်းအောင်လှိုင် နှင့် အဖွဲ့သည် တရုတ်၏ရုပ်သေး အစိုးရ ဘဝ သို့ အလိုအလျှောက် ကူးပြောင်းသွားရပေတော့မည်။

ထို့အပြင် တောင်တရုတ် ပင်လယ်တွင် တရုတ်၏ ခြိမ်းခြောက်မှု ခံနေရသော အာဆီယံ နိုင်ငံများ၏ ပြင်းထန်သည့် ဆန့်ကျင် ကန့်ကွက် မှုများ နှင့် အတူ အနောက် အုပ်စုမှလည်း ပြည်သူတော်လှန်ရေး

တပ်များကို ဗြောင်ကျကျ ထောက်ခံမှု ပေးရန် လမ်းပွင့်သွားတော့မည် ဖြစ်သည်။ အာရှ၊ အာဖရိက နှင့် လက်တင် အမေရိက ရှိ တရုတ်တို့၏ အကူအညီများ ရယူနေသော နိုင်ငံများကလည်း ထိတ်လန့်တကြား မယုံသင်္ကာ ဖြင့် ဆက်ဆံလာကြတော့မည်ဖြစ်သည်။

ဤသည်တို့ကို တရုတ်တို့ကလည်း ကြိုတင် တွက်ဆထားပြီး ဖြစ်၍ ခြိမ်းခြောက်သည့် အနေအထားထက် ပို၍ ကိုယ်ထိလက်ရောက် ကျူးလွန်လာဖွယ် မရှိဟု ယူဆရပေသည်။ မင်းအောင်လှိုင်၏ အရှက်တကွဲ ဖြစ်ခဲ့ရသော မော်စကို ခရီးစဉ် မတိုင်မီ ရုရှား ရေတပ် ဒုစစ်ဦးစီးချုပ် ဦးဆောင် သော ကိုယ်စားလှယ်

အဖွဲ့သည် ဇွန်လ ၁၃ မှ ၁၉ ရက်အတွင်း နိုင်ငံတွင်းသို့ လျို့ဝှက် ရောက်ရှိလာခဲ့သည်ဟု ရရှိထားသော အထောက်အထားများကို အခြေခံ၍ မြန်မာနောင်းက ထုတ်ဖေါ်ရေးသားလိုက်သည်။ မင်းအောင်လှိုင်သည်

ရုရှား ရေတပ်ကို ဆိပ်ကမ်းများ အသုံးပြုခွင့် ပေးရန် ရည်ရွယ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ၎င်းတို့ ကိုယ်တိုင် ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်ပတပ်များ ခြေချခွင့် မပြုဟု အတိအလင်း ပြဠာန်းထားပြီးလည်း ဖြစ်သည်။

လက်ရှိတွင် စစ်တပ်သည် ၎င်းတို့ ဆက်လက် အာဏာတည်မြဲရေး အတွက် လူထုအား ခြိမ်းခြောက် အကြပ် ကိုင်ခြင်း၊ အကြမ်းဖက်ခြင်း၊ သတ်ဖြတ် ဖမ်းဆီး နှိပ်စက်ခြင်းများအစရှိသည့် နည်းလမ်းပေါင်းစုံဖြင့် ခုခံ ကာကွယ်နေရလေသည်။

စစ်တပ်၏ ရွေးကောက်ပွဲသည် NLD ကို ပါဝင်ခွင့် မရအောင် ပိတ်ပင်ထားမှသာ မင်းအောင်လှိုင်သည် သမ္မတ ဘဝသို့ တက်လှမ်းနိုင်မည် ဖြစ်သော်လည်း တရားမျှတသော ရွေးကောက်ပွဲ ဖြင့် တက်လာသည့် အစိုးရ အဖြစ် မည်သူကမျှ လက်ခံကြလိမ့်မည် မဟုတ်ပေ။

ထိုနည်းလမ်းဖြင့် မဟုတ်ဘဲ ရာသက်ပန် အာဏာရှင် အဖြစ် နေသွားနိုင်ဖို့မှာ မင်းအောင်လှိုင်သည် လူထုအား နေ့စဉ်လို သတ်ဖြတ် ဖမ်းဆီးထား နိုင်မှသာ ဖြစ်ပေမည်။ ၎င်း အဖို့က ရာသက်ပန် ထိုသို့ နေသွားနိုင်မည် ဆိုစေဦး တရားသော စစ်ပွဲက အမြဲလို အောင်ပွဲခံတတ်စမြဲ ဖြစ်၍

ကျန်ရစ်သော ၎င်း၏ သားသမီးများ အဖို့က ပြည်သူ များ၏ အပြစ်ဒဏ်ခတ်ခံရမှုနှင့် လှလှကြီး ရင်ဆိုင်ရပေဦးတော့မည်။ မင်းအောင်လှိုင်သည် လက်ရှိတွင် သူ၏ အာဏာသိမ်းမှု ကို ခုခံကာကွယ်နေရသည့် အပြင် ကိုဗစ် ကပ်ရောဂါ ဆိုးကြီးကလည်း ထပ်မံ ခြိမ်းခြောက်လာနေပြီ ဖြစ်သည်။

လူထု အဖို့ က ၎င်းတို့ အညံ့ခံလာသည့်အထိ နိုင်ငံတကာ မှ ထိရောက်သည့် နည်းလမ်းဖြင့် ပိတ်ဆို့ အရေးယူ မှု ထွက်ပေါ်လာရေးကို ကြံဆောင်သွားရမည်သာ ဖြစ်သည်။ အရေးတော်ပုံ အောင်ရမည်

Crd-Original Post