သေဒဏ်ချမှတ်ခံထားရတဲ့ သား(၄)ယောက်ကြောင့် မိခင်ဒေါ်စန်းစန်းအေး ရူးသွားတယ်ဆိုတဲ့သတင်းအမှားတွေနဲ့ပတ်သက်ပြီး ဖြေရှင်းလိုက်တဲ့ပြည်သူတစ်ဦး

သေဒဏ်ချမှတ်ခံထားရတဲ့ သား(၄)ယောက်ကြောင့် မိခင်ဒေါ်စန်းစန်းအေး ရူးသွားတယ်ဆိုတဲ့သတင်းအမှားတွေနဲ့ပတ်သက်ပြီး ဖြေရှင်းလိုက်တဲ့ပြည်သူတစ်ဦး

မြန်မာပြည်သူတွေကတော့ အာဏာသိမ်းတဲ့ နေ့ရက်တွေကစတင်ပြီး ယခုအချိန်ထိအခက်အခဲ၊ပြဿနာတွေများစွာနဲ့ စိတ်ဒုက္ခတွေကိုလည်း ရင်ဆိုင်ခံစားနေရပါတယ်။

ဖေဖော်ဝါရီလ (၁)ရက်နေ့မှစပြီး သေဒဏ်ချမှတ်ခံထားရတဲ့ ပြည်သူ(၆၀)ကျော် ရှိနေကာအဆိုပါပြည်သူတွေထဲမှာ တောင်ဒဂုံမြို့နယ်က ဒေါ်စန်းစန်းအေး ရဲ့ သား(၄)ယောက်လည်း ပါဝင်နေပါတယ်။သား(၄)ယောက်စလုံးသေဒဏ်ချမှတ်ခံထားရလို့ ဝမ်းနည်းပက်လက်ဖြစ်ပြီး

ခံစားနေရတဲ့ ဒေါ်စန်းစန်းအေးကိုကြည့်ကာ ပြည်သူတွေက စိတ်မကောင်းဖြစ်နေကြပါတယ်။

ယခုမှာတော့ ဒေါ်စန်းစန်းအေးရဲ့ သား(၄)ယောက်နဲ့ပတ်သက်ပြီး သတင်းအမှားတွေ လူမှုကွန်ယက်စာမျက်နှာထက်မှာ မျိုးစုံထွက်ပေါ်နေခဲ့ပါတယ်။ယနေ့မှာ ညီအစ်ကို(၄)ယောက်စလုံးကြိုးစင်တင်အပြစ်ပေးခံလိုက်ရပြီဆိုတဲ့ သတင်းအမှား၊သားတွေကြောင့်

ဒေါ်စန်းစန်းအေးတစ်ယောက်ရူးသွားပြီဆိုတဲ့ သ တင်းအမှား၊ သေမိန့်အယူခံ(၁၃)ရက်သာလိုတော့တယ်ဆိုတဲ့ သတင်းအမှားတွေ ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။

ယခုမှာတော့ ပြည်သူတစ်ယောက်ဟာ ဒေါ်စန်းစန်းအေးတို့မိသားစုအခုလိုစိတ်ဒုက္ခရောက်နေချိန် သ တင်းအမှားတွေထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး ဖြေရှင်းလာခဲ့ပါတယ်။ပြည်သူတစ်ဦးက ” သတင်းအမှားတွေ မတင်ခြင်းဖြင့် ကူညီကြပါရှင့်

အယူခံဝင်တာ(၁၃)ရက်ပဲကျန်တော့တယ်ဆိုတာ သတင်းအမှားပါVdထဲမှာရူးသွားတယ်ဆိုပြီး ။

ကနေတဲ့အန်တီကလဲ သူတို့အမေမဟုတ်ပါဘူး ဒီနေ့မနက်လေးနာရီမှာကြိုးစင်တင်လိုက်ပြီဆိုတဲ့သ တင်းက လုံးဝလုံးဝမဟုတ်ပါ ။သူတို့သေဒဏ်ကနေတော့မလွတ်သေးပါဘူးဘာလို့မဟုတ်တဲ့သတင်းတွေတင်နေကြမှန်းမသိတော့ပါဘူး။

အဲ့လိုတင်တဲ့သူတွေကိုလဲ စိတ်တော်တော်တိုတယ်အန်တီကိုလဲ ညကဖုန်းဆက်ပြီး အန်တီသားရဲ့သတင်းတွေလိုင်းပေါ်မှာ ။

hot နေလို့ သတင်းတွေပြန်ဖျက်ခိုင်းတယ် ဘယ်လိုလူမှန်းတော့ မသိဘူးတစ်ခုခု သတင်းတက်လာရင် ကျွန်မကို လာမေးလို့ရပါတယ်။

အဲ့လိုသတင်းအမှားတွေကြောင့် သူ့မိဘတွေကို စိတ်ထိခိုက်အောင် ထပ်မလုပ်ကြပါနဲ့ရှင်Sourceသူတို့ညီမကိုယ်တိုင်ပါ ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။

Crd-Original Post