ဂိုးသမား ပြည့်လျှံအောင်အပါအဝင် နေရပ်မပြန်လိုသူ မြန်မာ ၃၀၀အတွက် ဗီဇာသက်တမ်းတိုးပေးခဲ့တဲ့ ဂျပန်အစိုးရ

ဂိုးသမား ပြည့်လျှံအောင်အပါအဝင် နေရပ်မပြန်လိုသူ မြန်မာ ၃၀၀အတွက် ဗီဇာသက်တမ်းတိုးပေးခဲ့တဲ့ ဂျပန်အစိုးရ

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ နိုင်ငံရေးအပြောင်းအလဲကြောင့်မပြန်လိုသူ ဂျပန်ရောက် မြန်မာ ၃၀၀အတွက် ဗီဇာသက်တမ်းတိုးပေးလိုက်တယ်လို့ ဂျပန်တရားရေးဝန်ကြီး ယိုကိုကာမီကာဝါက ဇူလိုင် ၆ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒီလိုဗီဇာသက်တမ်းတိုးပေးတဲ့အထဲမှာ မြန်မာဘောလုံးအသင်း အသင်းဖော်တွေနဲ့အတူ မြန်မာနိုင်ငံကို ပြန်ဖို့ငြ.င်းဆ.န်ခဲ့တဲ့ မြန်မာအသင်းရဲ့ ဂိုးသမား ပြည့်လျှံအောင်လည်း ပါဝင်တယ်လို့ဆိုပါတယ်။

သူဟာ တိုကျိုအနီးမှာကျင်းပတဲ့ ကမ္ဘာ့ဖလားခြေစ.စ်ပွဲဘောလုံးပြိုင်ပွဲမှာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကိုက.န့်က.ွက်တဲ့အနေနဲ့ လက်သုံးချောင်းေ.ထ.ာင်ဆ.န္ဒပြခဲ့ပြီး ပြည်တွင်းပြန်ဖို့ စ.ိုးရိ.မ်ပ.ူပ.န်မှုတွေကြောင့် ဂျပန်နိုင်ငံမှာ ဒု.က္ခသ.ည်အဖြစ် ဇွန် ၂၂ရက်မှာ လျှောက်ထားခဲ့ပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံပြန်လိုခြင်းမရှိတဲ့ မြန်မာနိုင်ငံသား ၅၀ဦးဟာဒု.က္ခသ.ည်အဖြစ် လျှောက်ထားမှုရှိပြီး သူတို့နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တစုံတရာမချရသေးဘဲ ဗီဇာသက်တမ်းကိုတော့ တိုးပေးခဲ့တယ်လို့ တရားရေးဝန်ကြီး ယိုကိုကာမီကာဝါက ဆိုပါတယ်။

Crd-Original Post