အရိပ်ရတဲ့နေရာလေးတွေမှာ အခင်းလေးတွေခင်းပြီး ခက်ခက်ခဲခဲနဲ့ နေထိုင်စားသောက်နေရတဲ့ ဒီပဲယင်းမြို့က စစ်ရှောင်ပြည်သူတချို့ရဲ့ လက်ရှိအခြေအနေ

အရိပ်ရတဲ့နေရာလေးတွေမှာ အခင်းလေးတွေခင်းပြီး ခက်ခက်ခဲခဲနဲ့ နေထိုင်စားသောက်နေရတဲ့ ဒီပဲယင်းမြို့က စစ်ရှောင်ပြည်သူတချို့ရဲ့ လက်ရှိအခြေအနေ

ဒီပဲယင်းမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းလောင်က မြို့ခံပြည်သူ့ကာကွယ်တပ်တွေနဲ့ အာဏာရှင်လူတစ်စုရဲ့ လက်အောက်ခံတပ်တွေအကြား ပြင်းပြင်းထန်ထန် တိုက်ပွဲများဖြစ်ပွားခဲ့ပါတယ်။

အဆိုပါတိုက်ပွဲမှာတော့ ဒီပဲယင်းမြို့ဟာ အခြားနေရာဒေသတွေလို လျှိုမြောင်၊ တောင်ကုန်တွေမရှိတာရယ် လက်နက်အင်အားကလည်းမမျှတတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များအပါဝင် အပြစ်မဲ့ပြည်သူတွေလည်း အများအပြားသေဆုံးသွားခဲ့ရပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားမှုမရှိသေးပေမယ့် ဒီပဲယင်းမြို့ကို အာဏာရှင်လူတစ်စုက အင်အားအလုံးအရင်းဖြစ် လုံခြုံရေးတင်းကျပ်စွာ ချထားတယ်လို့လည်း သိရပါတယ်။

အဆိုပါ ပြင်းထန်ခဲ့တဲ့ တိုက်ပွဲတွေကြောင့်ပဲ ဒေသခံပြည်သူအများအပြားဟာ နေအိမ်တွေကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ကျေးရွာထဲတွေမှာ အာဏာရှင်လူတစ်စုကရှိနေတာကြောင့် စစ်ဘေးရှောင်သေဒခံပြည်သူများက ယခုအချိန်ထိ နေအိမ်တွေကိုမပြန်ရဲကြသေပဲ ဘေးလွတ်ရာမှာ ဖြစ်သလိုနေထိုင်နေရတယ်လို့လည်း ကြားသိရပါတယ်။ယခုမှာလည်း ဒီပဲယင်းစစ်ရှောင်ပြည်သူတချို့ရဲ့ ခက်ခက်ခဲခဲနေထိုင်စားသောက်နေရတဲ့

စိတ်မကောင်းစရာ ပုံရိပ်လေးတွေကလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ဒီပုံလေးတွေထဲမှာတော့ စစ်ရှောင်လာခဲ့တဲ့ ဒေသခံပြည်သူတချို့ဟာ တဲအိမ်လေးတွေထဲမှာ နေထိုင်ရပေမယ့် တချို့မှာတော့ အမိုးအကာတွေမရှိဘဲ အရိပ်ရတဲ့နေရာတွေမှာ အခင်းလေးတွေခင်းကာ

ဖြစ်သလို စုပြီးနေထိုင်နေရတာ တွေ့ရပါတယ်။

ဒါ့အပြင် သောက်သုံးရေရဖို့အရေး မြေနိမ့်ပိုင်းတွေမှာ တင်ကျန်ခဲ့တဲ့ မိုးရေတွေကို ခတ်ယူပြီး သောက်သုံးနေရတာတွေ့ရပါတယ်။ လက်ရှိအချိန်ထိလည်း တိုက်ပွဲအခြေအနေကြောင့် အလှူရှင်ကလည်း လာရောက်လှူဒါန်းပေးခြင်းမရှိသေးတာကြောင့် စစ်ရှောင်ပြည်သူတွေအဖို့ အကူအညီများလည်း

လိုအပ်နေတယ်လို့လည်း သိရပါတယ်။ဒီလိုအခက်အခဲတွေနဲ့ ဒုက္ခခံပြီး နေထိုင်စားသောက်နေရတဲ့ ဒီပဲယင်းကစစ်ရှောင်ပြည်သူတွေအဖို့ များစွာစိတ်မကောင်းဖြစ်ရပါတယ်။

သတင်းအရင်းမြစ်: Source – Original Upload

Crd-myanmarload

(ZAWGYI)

အရိပ္ရတဲ့ေနရာေလးေတြမွာ အခင္းေလးေတြခင္းၿပီး ခက္ခက္ခဲခဲနဲ႔ ေနထိုင္စားေသာက္ေနရတဲ့ ဒီပဲယင္းၿမိဳ႕က စစ္ေရွာင္ျပည္သူတခ်ိဳ႕ရဲ႕ လက္ရွိအေျခအေန

ဒီပဲယင္းၿမိဳ႕မွာ ၿပီးခဲ့တဲ့ရက္ပိုင္းေလာင္က ၿမိဳ႕ခံျပည္သူ႔ကာကြယ္တပ္ေတြနဲ႔ အာဏာရွင္လူတစ္စုရဲ႕ လက္ေအာက္ခံတပ္ေတြအၾကား ျပင္းျပင္းထန္ထန္ တိုက္ပြဲမ်ားျဖစ္ပြားခဲ့ပါတယ္။

အဆိုပါတိုက္ပြဲမွာေတာ့ ဒီပဲယင္းၿမိဳ႕ဟာ အျခားေနရာေဒသေတြလို လွ်ိဳေျမာင္၊ ေတာင္ကုန္ေတြမရွိတာရယ္ လက္နက္အင္အားကလည္းမမွ်တတာေၾကာင့္ ျပည္သူ႔ကာကြယ္ေရးတပ္(PDF)မ်ားအပါဝင္ အျပစ္မဲ့ျပည္သူေတြလည္း အမ်ားအျပားေသဆုံးသြားခဲ့ရပါတယ္။

လက္ရွိမွာေတာ့ တိုက္ပြဲျဖစ္ပြားမႈမရွိေသးေပမယ့္ ဒီပဲယင္းၿမိဳ႕ကို အာဏာရွင္လူတစ္စုက အင္အားအလုံးအရင္းျဖစ္ လုံၿခဳံေရးတင္းက်ပ္စြာ ခ်ထားတယ္လို႔လည္း သိရပါတယ္။

အဆိုပါ ျပင္းထန္ခဲ့တဲ့ တိုက္ပြဲေတြေၾကာင့္ပဲ ေဒသခံျပည္သူအမ်ားအျပားဟာ ေနအိမ္ေတြကိုစြန႔္ခြာၿပီး ထြက္ေျပးတိမ္းေရွာင္ခဲ့ရပါတယ္။

ေက်း႐ြာထဲေတြမွာ အာဏာရွင္လူတစ္စုကရွိေနတာေၾကာင့္ စစ္ေဘးေရွာင္ေသဒခံျပည္သူမ်ားက ယခုအခ်ိန္ထိ ေနအိမ္ေတြကိုမျပန္ရဲၾကေသပဲ ေဘးလြတ္ရာမွာ ျဖစ္သလိုေနထိုင္ေနရတယ္လို႔လည္း ၾကားသိရပါတယ္။ယခုမွာလည္း ဒီပဲယင္းစစ္ေရွာင္ျပည္သူတခ်ိဳ႕ရဲ႕ ခက္ခက္ခဲခဲေနထိုင္စားေသာက္ေနရတဲ့

စိတ္မေကာင္းစရာ ပုံရိပ္ေလးေတြကလည္း လူမႈကြန္ယက္မွာ ပ်ံ႕ႏွံ႔လာခဲ့ပါတယ္။ဒီပုံေလးေတြထဲမွာေတာ့ စစ္ေရွာင္လာခဲ့တဲ့ ေဒသခံျပည္သူတခ်ိဳ႕ဟာ တဲအိမ္ေလးေတြထဲမွာ ေနထိုင္ရေပမယ့္ တခ်ိဳ႕မွာေတာ့ အမိုးအကာေတြမရွိဘဲ အရိပ္ရတဲ့ေနရာေတြမွာ အခင္းေလးေတြခင္းကာ

ျဖစ္သလို စုၿပီးေနထိုင္ေနရတာ ေတြ႕ရပါတယ္။

ဒါ့အျပင္ ေသာက္သုံးေရရဖို႔အေရး ေျမနိမ့္ပိုင္းေတြမွာ တင္က်န္ခဲ့တဲ့ မိုးေရေတြကို ခတ္ယူၿပီး ေသာက္သုံးေနရတာေတြ႕ရပါတယ္။ လက္ရွိအခ်ိန္ထိလည္း တိုက္ပြဲအေျခအေနေၾကာင့္ အလႉရွင္ကလည္း လာေရာက္လႉဒါန္းေပးျခင္းမရွိေသးတာေၾကာင့္ စစ္ေရွာင္ျပည္သူေတြအဖို႔ အကူအညီမ်ားလည္း

လိုအပ္ေနတယ္လို႔လည္း သိရပါတယ္။ဒီလိုအခက္အခဲေတြနဲ႔ ဒုကၡခံၿပီး ေနထိုင္စားေသာက္ေနရတဲ့ ဒီပဲယင္းကစစ္ေရွာင္ျပည္သူေတြအဖို႔ မ်ားစြာစိတ္မေကာင္းျဖစ္ရပါတယ္။

သတင္းအရင္းျမစ္: Source – Original Upload

Crd-myanmarload