မြန်မာနိုင်ငံတွင် ၇ နှစ်ကျော်ကြာ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ခဲ့တဲ့ ကမ္ဘာ့ဒုတိယအကြီးအဆုံးတာယာထုတ်လုပ်ရေး ကုမ္ပဏီက မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုများကို ရပ်ဆိုင်းတော့မည်

မြန်မာနိုင်ငံတွင် ၇ နှစ်ကျော်ကြာ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ခဲ့တဲ့ ကမ္ဘာ့ဒုတိယအကြီးအဆုံးတာယာထုတ်လုပ်ရေး ကုမ္ပဏီက မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုများကို ရပ်ဆိုင်းတော့မည်

ကမ္ဘာ့ဒုတိယအကြီးဆုံး ကားတာယာထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်သော BRIDGESTONE က မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုများအားလုံးကို ယခု ဇူလိုင်လကုန်မှစတင်၍ ရပ်ဆိုင်းမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံတွင် ၇နှစ်ကျော်ကြာ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ခဲ့သော BRIDGESTONE တာယာလုပ်ငန်းကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ကုမ္ပဏီက ဇူလိုင်လ ၆ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

BRIDGESTONE တာယာကို ဂျပန် First Japan Tire Service ကုမ္ပဏီက ထုတ်လုပ်နေခြင်းဖြစ်ပြီး ၁၉၃၁ စတင်တည်ထောင်ခဲ့သော ကုမ္ပဏီဖြစ်ကာ ကမ္ဘာ့ဒုတိယအကြီးဆုံး တာယာထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်သည်။

BRIDGESTONE တာယာများသည် ကမ္ဘာပေါ်တွင် အရည်အသွေးအကောင်းဆုံးသော တာယာများတွင် ထိပ်ဆုံးအဆင့်တွင် ရပ်တည်လျက်ရှိသည်။

Crd-Original Post