သက်သက်ခိုင်၏ ရွှေနန်းတော် ရွှေဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

သက်သက်ခိုင်၏ ရွှေနန်းတော် ရွှေဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ရန်ကုန်မြို့၊ လမ်းမတော်လမ်းနဲ့မဟာဗန္ဓုလလမ်းထောင့်ရွှေနန်းတော်စိန်ရွှေရတနာအရောင်းဆိုင်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်ကာ လူထိခိုက်မှုရှိကြောင်းသိရသည်။

ဒီကနေ့ ဇူလိုင်လ ၈ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်အချိန် ဗုံးပေါက်ကွဲပြီး ဆိုင်အတွင်းရှိ အရောင်းဝန်ထမ်းအမျိုးသမီး ထိခိုက်ဒဏ်ရာရသည်ဟုအနီးအနားကနေထိုင်သူတစ်ဦးက ပြောသည်။

“စိန်ရွှေရတနာဆိုင်(သက်သက်ခိုင်)ဆိုင်ဗုံးပေါက်သွားတာဟုတ်ပါတယ်၊ လက်ပစ်ဗုံးပစ်ထည့်သွားတာလို့သိရပါတယ်၊

မှန်တွေလဲ လမ်းပေါ်မွစာကျဲကုန်တယ်၊ ရွှေနန်းတော်ဆိုင်နားမှာခု ရဲခွေး၊စစ်ခွေးတွေရောက်လာပြီ၊ လူတစ်ယောက်ထိတယ်လို့တော့ကြားတယ်၊ဝန်ထမ်းဖြစ်မယ်ထင်တယ်၊ ကောင်မလေးတစ်ယောက်ပဲ၊ ခုဟိုဘက်ထိပ် ဒီဘက်ထိပ် လမ်းပိတ်ပြီး စစ်ဆေးနေကြတယ်” လို့ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါ်သက်သက်ခိုင် ပိုင်ဆိုင်သော အဆိုပါ စိန်ရွှေရတနာအရောင်းဆိုင်ကို လက်ရှိအချိန်တွင် ပိတ်ထားလိုက်ပြီးစစ်ဆေးမှုတွေပြုလုပ်နေကြောင်းသိရသည်။

Crd-Original Post

(ZAWGYI)

သက္သက္ခိုင္၏ ေ႐ႊနန္းေတာ္ ေ႐ႊဆိုင္တြင္ ဗုံးေပါက္ကြဲမႈျဖစ္ပြား

ရန္ကုန္ၿမိဳ႕၊ လမ္းမေတာ္လမ္းနဲ႔မဟာဗႏၶဳလလမ္းေထာင့္ေ႐ႊနန္းေတာ္စိန္ေ႐ႊရတနာအေရာင္းဆိုင္အတြင္း ဗုံးေပါက္ကြဲမႈျဖစ္ကာ လူထိခိုက္မႈရွိေၾကာင္းသိရသည္။

ဒီကေန႔ ဇူလိုင္လ ၈ ရက္ မြန္းလြဲ ၂ နာရီဝန္းက်င္အခ်ိန္ ဗုံးေပါက္ကြဲၿပီး ဆိုင္အတြင္းရွိ အေရာင္းဝန္ထမ္းအမ်ိဳးသမီး ထိခိုက္ဒဏ္ရာရသည္ဟုအနီးအနားကေနထိုင္သူတစ္ဦးက ေျပာသည္။

“စိန္ေ႐ႊရတနာဆိုင္(သက္သက္ခိုင္)ဆိုင္ဗုံးေပါက္သြားတာဟုတ္ပါတယ္၊ လက္ပစ္ဗုံးပစ္ထည့္သြားတာလို႔သိရပါတယ္၊ မွန္ေတြလဲ လမ္းေပၚမြစာက်ဲကုန္တယ္၊ ေ႐ႊနန္းေတာ္ဆိုင္နားမွာခု ရဲေခြး၊စစ္ေခြးေတြေရာက္လာၿပီ၊ လူတစ္ေယာက္ထိတယ္လို႔ေတာ့ၾကားတယ္၊ဝန္ထမ္းျဖစ္မယ္ထင္တယ္၊ ေကာင္မေလးတစ္ေယာက္ပဲ၊ ခုဟိုဘက္ထိပ္ ဒီဘက္ထိပ္ လမ္းပိတ္ၿပီး စစ္ေဆးေနၾကတယ္” လို႔ေျပာသည္။

အၾကမ္းဖက္စစ္ေကာင္စီ၏ လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီး ေဒၚသက္သက္ခိုင္ ပိုင္ဆိုင္ေသာ အဆိုပါ စိန္ေ႐ႊရတနာအေရာင္းဆိုင္ကို လက္ရွိအခ်ိန္တြင္ ပိတ္ထားလိုက္ၿပီးစစ္ေဆးမႈေတြျပဳလုပ္ေနေၾကာင္းသိရသည္။

 

Crd-Original Post