အာဏာလုခြင်းဟာ မနာလိုခြင်းကစတယ်တဲ့

အာဏာလုခြင်းဟာ မနာလိုခြင်းကစတယ်တဲ့

ကိုယ်ကျင့် စိတ်ထား မွန်မြတ် ကောင်းမွန်သော ဖက်ဒရယ်နိုင်ငံတော်သစ် သို့မဟုတ် မနာလိုခြင်းနိုင်ငံတော်မှ မေတ္တာနိုင်ငံတော်ဆီသိူ့အာဏာလုခြင်းဟာ မနာလိုခြင်းကစတယ်တဲ့ အဲဒါအမှန်ပါပဲ ဘာအရည်ချင်းမှမရှိ လမ်းဘေးဖာခေါင်းသာသာအဆင့်နေဝင်းဟာ ကံထလို့ ခြုံပေါ်ရောက်ပြီး

ကာချုပ်အဆင့်နဲ့တောင် ဖာချ မိန်းမပွေလွန်းလို့ဦးနုကဖြုတ်တော့မည့်အပြု ရာထူးကပြုတ်မှာကြောက်လို့ဦးနုကိုပြောပေးဖို့မုန့်ဟင်းခါးချက်ပို့

ဒူးထောက်မတက် တောင်းပန်လို့ကြားခံလူတွေလုပ်ဆောင်ပေးမှုကြောင့် ဦးနုကျေအေးပေးလိုက်တဲ့ ကျေးဇူးမှ မထောက်

အခွင့်ရတဲ့အချိန်မှာ အာဏာလုပြီး ဦးနုကို ထောင်ပြန်ချ မြန်မာ့နိုင်ငံရေးနဲ့ နိုင်ငံရေးသမားတွေကို ဖျက်စီးချေမွ ပြစ်လိုက်တဲ့ဇာတ်လမ်းဟာ

တိုင်းပြည် ပျက်စီးလုနီးပါးနဲ့ ချောက်ထဲကနေ ကယ်တင်ရမယ်ဆိုတဲ့ နောက်ထပ် လေးတန်းအောင် သူံးတန်းအောင် အဆင့်‌တွေ

ထပ်ထွက်လာပြီး အာဏာကို မရမကလုပြီး စစ်တပ်ရော တိုင်းပြည်ရောကို ကိုယ်ကျိုးအတွက်အသူံးချပြီး စိတ်ထားကိုယ်ကျင့်တရားမှအစ

အလုံးစုံပျက်စီးပြီး အောက်တန်းကျတဲ့ အတွေးအခေါ်အယူ လုပ်ရပ်နဲ့ ကတိမတည်ကြည် ယုတ်မာတဲ့လူတန်းစားအစုဟာ အစဉ်ဆက်ထွက်ပေါ်လာပြီး

မြန်မာ့စစ်တပ်ဟုနာမ်စားသုံးပြီး ကာကွယ်ရေးအတုယောင် အင်စတီကျုးရှင်း အဖွဲ့စည်းကြီးတရပ်အဖြစ် ဗိုလ်ကျစိုးမိုးပြီး နိုင်ငံကို ချယ်လှယ်နေပါတော့တယ်

ထိုမှစအခု မအလလက်ထက်အထိ ထိုစစ်တပ်ဆိုသည့် ကိုယ်ကျိုးပဲလုပ်ဆောင်နေသည့် အဖွဲ့စည်းစည်းကြီးဟာ သို့ စစ်တပ်ကိုအသုံးချနေတဲ့

လူတစ်စုဟာ ပြည်သူကို ခုတုံးလုပ် နိုင်ငံကို အုပ်စိုးပြီး အာဏာ နေရာ စည်းဇိမ်နဲ့ ခိုးယူ လုယူ လုပ်စားထားသမျှ အရာအားလုံးကို စွန့်ရမှာကြောက်ပြီး NLD ြပြည်သူ့ပါတီနဲ

့ ဒေါ်အောင်ဆန်းစုကို မနာလိုဖြစ်ပြီး စစ်တပ်ဟာ တန်းလျားပြန် ရှိသမျှ ပိုင်ဆိုင်သမျှ ပြည်သူပိုင်နဲ့ နိုင်ငံ ပြည်သူအပေါ်မတရားမှုများလုပ်ထားသမျှ ဥပဒေအရ ဖြေရှင်း

အရေးယူခံရပြီး နိုင်ငံ့အစိုးရလက်အတွင်းသို့အာဏာကိုအပ်နှင်းရမှာကြောက်လို့ခုလို အာဏာသိမ်းပြီး ယုတ်မာ လုယူ ခဲ့ခြင်းဖြစ်သည်

ဒီတော့ နှစ် ၆၀နီးပါး ထိုအဖွဲ့စည်း လူတန်းစားတရပ်မှ ပေါ်ပေါက်လာတဲ့သူတွေဟာလည်း စိတ်ဓာတ်က်ုယ်ကျင့်တရား ပျက်ပြားပြီး

အတွေးခေါ်အသိဉာဏ်မဲ့သော အောက်တန်းကျသော လူများပင် အစဉ်ဆက်နဲ့ ထွက်ပေါ်လာပြီး ခုထိ စစ်တပ်ဆိုတာ နိုင်ငံပြည်သူအတွက်လို့

မခံယူပဲ သူတို့ကိုယ်ကျိုးအတွက်သာလျင်ဟု ထင်မြင်နေကြပြီး တိုင်းပြည်နဲ့ပြည်သူအတွက်လား စစ်အာဏာရူး ဗိုလ်ချုပ်တွေအတွက်လားဆိုတာ

မခွဲခြားနိုင်ပဲ ရှိနေကြပြီး ထိုလူတစ်စုမှ ဖျက်စီးလာခဲ့သော အောက်ခြေစစ်သားရဲဘော်များနဲ့ နီးစပ်ရာ ဆွေမျိုးအသိုင်းဝန်းမှစ

ပြည်သူတချို့ဟာ စစ်တပ်ဟာ နိင်ငံမှာ မရှိမဖြစ် အမိအဖဟူသော ဂျင်းကိုစားသုံးမိပြီး ခုထိအရိုးကိုက်ဘဝနဲ့သူခိုးကို ဘုရားအထင် ကိုးကွယ်မှတ်မှားနေကြတာ လက်ရှိအခြေနေထိပဲဆိုတော့

ထိုစစ်ဗိုလ်ချုပ်တွေ ချမ်းသာနေတာကို သိပြီး ကြောက်၍ မသိယောင်ဆောင် ပြန်မပြောနိုင်ခြင်း သို့ သိပမ သူတို့စစ်တပ်ဟာ ဆင်းရဲမွဲတေနေပြီး နိုင်ငံအတွက် အသက်အသေခံကာကွယ်နေကြသူတွေဟု မှတ်ယူ ထင်မြင်နေကြပြီး

စစ်ဗိုလ်ချုပ်တွေ နိုင်ငံ့ဘဏ္ဍာတွေ ခိုးယူနေတာကို မသိ သိလည်း မပြောနိုင် ရေငုံနှုတ်ပိတ် အံကြိတ်နေရာကနေ လူနဲ့တူအောင် လူလိုသူလို အနေထားနဲ့ မစားနိုင် မသောက်နိုင် မနေနိုင်တဲ့ အဆင့်တွေနဲ့ ပြည်သူတွေဟာ

ငါတို့ထက်ချမ်းသာတယ် ငါတို့ဟာ သူတိူ့ကို အသေခံကာကွယ်ပေးနေရတယ်ဆိုတဲ့ မှိုင်းမိထားတဲ့ ဖျက်စီးခံ စိတ်အမြင်တွေနဲ့ မနာလိုရှု့စိမ့်ဖြစ်ကာ ယခုလို အခွင့်အရေးရလာတော့

သေနတ်ကိုင်ပြီး တွေ့သမျှ ပြည်သူကိုသတ် ဖျက်စီး လုယူပြီး စားသုံး နေထိုင်ကြပါတော့တယ် တနည်း စစ်တပ်ရဲ့အောက်ခြေဟာ

ဖျကိစီးခံထားရတဲ့ တိရိစ္ဆာန်သာသာအတွေးခေါ်အဆင့်တွေနဲ့ ခိုးဆိုးလုယက်မှလွဲ ဘာမှမတတ်မလုပ်နိုင်တဲ့ လူတန်းစားတွေများလာတဲ့အခါ

စစ်တပ်ဟာ အရည်းသွေးညံ့ဖျင်းပြီး စိတ်ဓာတ် ကိုယ်ကျင့် တရားမှအစနှလူံးရည် လက်ရုံးရည်တွေအထိပါ နိမ့်ကျပျက်စီး ယိုယွင်းလာပါတော့တယ်

ထိုသို့ဖြစ်အောင်လည်း စစ်ဝါဒီရူးဗိုလ်ချုပ်တွေဟာ ပြည်သူနဲ့ စစ်တပ်ကို သွေးခွဲထားပြီး ငါတို့ဟာ တိုင်းပြည်အတွက် အစတေးခံ အပေးဆပ်ခံ အနစ်နာခံ အဆင်းရဲခံ

လူတန်းစား စစ်တပ် စစ်သားများဖြစ်ကြောင်း တမင်ပုံဖော်ထားပြီး အောက်ခြေကို ငတ်ပြတ်မွဲနေအောင်နဲ့ ပြည်သူကို အမြဲတစေ မနာလို ရန်လိုနေအောင် သွေးခွဲထားပြီး

အထက်မှနေ ကိုယ်ကျိုးအတွက်သာ လုပ်ဆောင်နေခဲ့ကြတယ် တပ်တွင်းကို သူတို့ချမ်းသာမှုထက် နိုင်ငံကို ဆင်းရဲစွာ ကာကွယ်နေရတယ် အစိုးရမကောင်းလို့စစ်တပ်ဟာ ခုလိုနေနေရတာ

ဒါကြောင့် အာဏာသိမ်းရခြင်းဖြစ်တယ် မဟုတ်ရင် တိုင်းပြည်ပျက်စီးမယ် ဘာသာပျက်စီးမယ် စသည့် မကောင်းသည့် လုပ်ဆောင်မှု ယုတ်မာမှု များစွာသုံးပြီး စည်းရုံးလှုံ့ဆော် ဂျင်းသိပ်ထားသည်ဆိုတာ

ထိုအလိမ်ညာဂျင်းများကို အသိဉာဏ်မြင့်မားတဲ့ စစ်သား တပ်သားတွေသာ သိမြင်ပြီး အတွေးခေါ်နိမ့်ပါးတဲ့ စစ်သားရဲဘော်များကတော့ ခုထိ စစ်ဝါဒီအာဏာရူးဗိုလ်ချုပ်တွေကို

ဘုရားအမှတ်ကိုးကွယ်နေကြဆဲဆိုတာ ဒါဟာ အမိန့်အာဏာကြောက်လို့မလွန်ဆန်နိုင်လို့ဆိုတာထက် ကိုယ်၌က အမှားမှန်မခွဲခြားနိုင်ပဲ ယခုလိုလုပ်ဆောင်နေခြင်းဟာ

နိုင်ငံအတွက်လား ပြည်သူအတွက်လား မစဉ်းစားနိုင်ပဲ စဉ်းစားနိုင်တောင် တကိုယ်ကောင်းစိတ်နဲ့ အလိုတူလိုပါကိုယ်ကျိုးအတွက် လုပ်နေသူများဖြစ်တဲ့အတွက်

ထိုလူတန်းစားတရပ် စစ်တပ်အဝန်းကြီးကို တိုင်းပြည်မှနေ အပြီးမောင်းထုတ်ကြဖို့နဲ့ ပြောင်းလဲအစားထိုးနိုင်ဖို့

လုပ်ဆောင်ကြရလိမ့်မည်ဖြစ်ကြောင်း လိုကြောင်းဟာ ပြည်သူတရပ်လုံးမှာ တာဝန်ရှိကြောင်း အထူးသတိပြုစေလိုသည်

ဒီတော့ မအလတို့ ခုထိ ဘာကြောင့်ရပ်တည်နေနိူင်သလဲဆို ‌ကျောက်စိမ်း ရေနံကနေ ဝင်ငွေတွေရနေသေးလို့ရယ် ခိုးလုထားမှုတွေကြောင့်

နဲ့ ကြိုတင် စီမံထားတာတွေကြောင့်ဟု ပြောလို့ရပြီး သိူ့ကြောင့် US မှ စကစရဲ့ဝင်ငွေရလမ်းအားလုံးကို ဖြတ်တောက်ပိတ်ဆို့ရမည်ဆိုပြီး မအလနဲ့ သူ့မိန်းမ ကြူကြူလှ

အပါအဝင် ဗိုလ်ချုပ်ကြီးများ၏ မိသားစုဝင် ၁၅ ဦး၊ စစ်ကောင်စီမှ အရပ်သား ၇ ဦးနှင့် ကုမ္ပဏီ ၃ ခုတို့ကို အမေရိကန်က

အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်နေသလို ဆွဇ်ဇလန်မှလည်း စစ်ဗိုလ်ချုပ်တွေအပ်ထားသမျှ တရားမဝင်ငွေအားလုံးကို ထိန်းချုပ်အရေးယူလိုက်ပြီဟုဆိူတယ်

ဒီတော့ မအလတို့တက်လာပြီးနောက်ပိုင်း ဝင်ငွေအတွက် ချီးနားကိူ မြေရှားရောင်းချမှုနဲ့ နိုင်ငံပိုင်သံယံဇတာများ သစ် ကျောက်အပါ ခိုးထုတ်ရောင်းချနေခြင်းများနဲ့

ယခု ရွှေခိုးထုတ် တူးရောင်းနေတဲ့ အင်းတော်ကြီးရေအိုင်အနီးရှိ မိုင်းနောင်ကျေးရွာအနီးက ရွှေတူးဖော်နေမှုကို Google Maps မှ တွေ့ရပုံမှာလည်း ြမြန်မာ့မြေပုံကို

ထွန်ခြစ်နဲ့ ကော်ထုတ်ထားသလိူဖြစ်နေသည့်အတွက် ယခု တော်လှန်ရေးမှာ စစ်ဝါဒီရူးတွေကို အပြီးပြတ်အမြစ်ဖြတ်ဖို့နဲ့

သုတ်သင်ရှင်းလင်း ဖယ်ရှားနိုင်ဖို့အတွက် ပြည်သူ့ကာကွယ်ရေး PDF တပ်များနဲ့ NUG အမြန်ပေါင်းစည်းနိုင်ပြီး

D Day ကိူ အမြန်စလို့အာဏာရှင်ကို အပြီးချေမှုန်းနိုင်ပါစေကြောင်း ဆုတောင်းလျက် သံတမန်ရေးအသာရသည်နဲ့ ထွက်ပေါက်ပိတ်မိနေသော စကစမှ စစ်ရေးသာ ခံစစ်ဖြင့်

ပြုလုပ်လာတော့မည်ကို သတိရှိပြီး မိမိတို့ဘက်မှလည်း ကြိုတင်ပြင်ဆင်ထားဖို့လိုကြောင်း အာဏာရှင်ကို အဆုံးသတ်ပြီး တိုင်းပြည်သစ်ကို ထူထောင်ကြရလိမ့်မည်ဖြစ်ကြောင်း အသိပေးရင်း အရေးတော်ပုံ မုချအောင်ရမည် !

Crd-Original Post