ထိုင်ဝမ်သာ ကျူးကျော်ခံရမယ်ဆိုရင် အမေရိကန်နဲ့အတူ ကာကွယ်မည်ဟု ဂျပန်ဒုဝန်ကြီးချုပ် ပြောကြား

ထိုင်ဝမ်သာ ကျူးကျော်ခံရမယ်ဆိုရင် အမေရိကန်နဲ့အတူ ကာကွယ်မည်ဟု ဂျပန်ဒုဝန်ကြီးချုပ် ပြောကြား

တရုတ်အနေနဲ့ ထိုင်ဝမ်ကိုကျူးကျော်ဝင်ရောက်ပြီးရင် နောက်အလှည့်က ဂျပန်အလှည့်ဖြစ်လာမယ်ဆိုတာကို ကြိုတင်တွက်ချက်ထားတဲ့အတွက် ဂျပန်အနေနဲ့ အမေရိကန်နဲ့အတူပူးပေါင်းကာ ထိုင်ဝမ်အရေးကို ကာကွယ်ပေးသွားဖို့ သန္နိဌာန်ချမှတ်ထားကြောင်း ဂျပန်ဒုတိယဝန်ကြီးချုပ် Taro Aso က တနင်္လာနေ့မှာ ပြောဆိုလိုက်ပါတယ်။

ထိုင်ဝမ်အရေးဟာ ဂျပန်ရဲ့ Okinawa ကျွန်းကိုပါ ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဂျပန်က ရှုမြင်ထားတာတယ်လို့လည်း Kyodo သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။

“ထိုင်ဝမ်မှာ အဓိကကျတဲ့ ပြသနာတစ်ခုဖြစ်ခဲ့မယ်ဆိုရင်၊ ဒါကအများကြီးပြောဖို့တော့ မလွယ်နိုင်ပါဘူး၊ ဒါပေမယ့် အဲဒီလိုဖြစ်ခဲ့ရင် ဂျပန်ရဲ့ရှင်သန်မှုကို ခြိမ်းခြောက်နေတဲ့ အခြေအနေနဲ့ ဆက်စပ်နေနိုင်ပါတယ်၊ ကျွန်တော်တို့အနေနဲ့ Okinawa က နောက်ထပ်ပစ်မှတ်ဖြစ်လာနိုင်တယ်ဆိုတာကို စဉ်းစားဖို့လိုပါတယ်” လို့ Aso က ပြောဆိုခဲ့ပါတယ်။

အခုလိုမှတ်ချက်ပေးခဲ့တဲ့အပေါ် ဂျပန် ဒုဝန်ကြီးချုပ် တာရိုအာဆိုဟာ တရုတ်-ဂျပန် ဆက်ဆံရေးရဲ့ နိုင်ငံရေးအုတ်မြစ်ကို အန္တရာယ်ပြုခဲ့တာဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၆ ရက်မှာ တုံ့ပြန်ပြောလိုက်ပါတယ်။

ဂျပန်ဒုဝန်ကြီးချုပ်ရဲ့ မှတ်ချက်ကို ကျိုဒိုသတင်းဌာနက ဇူလိုင် ၅ ရက်က ထုတ်လွှင့်ခဲ့တာ ကြောင့် ထိုင်ဝမ်ကို သူ့ပိုင်နက်လို့ မှတ်ယူထားတဲ့ တရုတ်အစိုးရက ဒေါသထွက်ခဲ့ပါတယ်။

ရေလက်ကြားဖြတ်ကျော် ကိစ္စရပ်တွေအပေါ် ဂျပန်ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး အင်္ဂါနေ့က သတင်းစာ ရှင်းလင်းပွဲမှာ အမေးခံရချိန်မှာ ဂျပန် ဒုဝန်ကြီးချုပ်က ထိုင်ဝမ်အရေးကို ဆွေးနွေး ညှိုနှိုင်း အဖြေရှာသင့်တယ်လို့ ပြောခဲ့ပါတယ်။

“ဒီလိုမှတ်ချက်မျိုးဟာ အလွန်အမင်း ဆုံးဖြတ်ချက်မှားစေ နိုင်တယ်၊ တရုတ်အစိုးရဟာ အသည်းအသန်ကို မကျေမနပ် ဖြစ်ရတယ်၊ လုံးဝ ဆန့်ကျင်တယ်”လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လိကျန်းက မနေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“တရုတ်ပြည်သူတွေရဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်၊ ခိုင်မာတဲ့ဆန္ဒ နဲ့ အမျိုးသားအချုပ်အခြာအာဏာကို ခုခံကာကွယ်ဖို့ ကြီးမားတဲ့စွမ်းရည်ကို ဘယ်သူမှ လျှော့မတွက်သင့်ပါဘူး” လို့ သူက ပြောခဲ့ပါတယ်။

အရှေ့တရုတ်ပင်လယ်မှာ ဂျပန်ထိန်းချုပ်ထားတဲ့ ကျွန်းငယ်တစ်ခုရှိတယ်လို့ တရုတ်က ပြောဆိုထားပြီး ဂျပန်မှာ Senkaku လို့ခေါ်ကာ တရုတ်မှာတော့ Diaoyu လို့ ခေါ်တဲ့ လူနေထိုင်မှုနည်းပါးတဲ့ ကျွန်းငယ်လေးတွေဟာ ဂျပန်တောင်ပိုင်းက Okinawa ကျွန်းမှာ ရှိနေတာဖြစ်ပါတယ်။

ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး Aso က တွေ့ဆုံဆွေးနွေးရေးကတဆင့် ဖြေရှင်းသင့်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ဂျပန်ရဲ့ရပ်တည်ချက်နဲ့ပတ်သက်ပြီးတော့လည်း သူက “ကျွန်တော်တို့ အနီးကပ်စောင့်ကြည့်မှုတွေပြုလုပ်နေပါတယ်” လို့ သူက ပြောဆိုခဲ့ပါတယ်။

ထိုင်ဝမ်ကတော့ တရုတ်ရဲ့ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး သူတို့ကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လွတ်လပ်တဲ့နိုင်ငံအဖြစ် သတ်မှတ်ထားကာ အမေရိကန်နဲ့ အနောက်အုပ်စုတွေက ထောက်ခံပေးထားပြီး တရုတ်ကတော့ သူတို့ပိုင်နယ်မြေဖြစ်တယ်လို့ အငြင်းပွားနေခဲ့တာဖြစ်ပါတယ်။

Crd-Original Post