ယူကရိန်းရဲ့ အာဏာရှင်တော်လှန်ရေးနှင့် မြန်မာ့နွေဦးတော်လှန်ရေး နှိုင်းယှဉ်ကြည့်ခြင်း.

ယူကရိန်းရဲ့ အာဏာရှင်တော်လှန်ရေးနှင့် မြန်မာ့နွေဦးတော်လှန်ရေး နှိုင်းယှဉ်ကြည့်ခြင်း

ယူကရိန်းနဲ့မြန်မာမြေပြင် အနေအထားတူညီနေပါတယ်။အမှန်ရေးရရင်အီရတ်ကဆဒန်ဟူစိန်၊လစ္ဗ်ားကကဒါဖီ၊အာဖဂန်နစ္စတန်ကအိုစမာဘင်လာဒင်..ဆီးရီးယားက အာဆပ်.ယူကရိန်း အာဏာရှင်မဲလိမ်သမတ

အာဆပ် ကလွဲလို့ အားလုံး မရှုမလှသေဆုံးသွားကြပါပြီ။ ယူကရိန္သမတ ကေတာ့ ထွက်ပြေးသွားရတယ်။ ယူကရိန်းက အအောင်မြင်ဆုံးဖြစ်တယ်။

အဲဒီ နိုင်ငံများက ရေနံသယံဇာတ ကြွယ်ဝကြတယ်။.. ဒီ အာဏာရှင်များက အေမရိကားကို ပြန်တိုက်ကြတယ်၊ ဘေးပတ်ဝန်းကျင်နိုင်ငံတွေကိုလည်းထိပါး အကြမ်းဖက်လာတယ်။..ပြည်သူလူထုကို (အခုမြန်မာနိုင်ငံမှာဖိနှိပ်သတ်ဖြတ်သလို) ဖိနှိပ်သတ်ဖြတ်၊ဖမ်းဆီးတော့..ပြည်သူက ပြန်ချသော်လည်း အင်အားမမျှလို့ အမေရိကန် ဝင်ပါရတယ်။

အာဖကန်နစ္စတန်ကအိုစမာဘင်လာဒင် ရဲ့ တာလီဘန် တွေ က 9/11 နဲ့ အေမရိကားကို အကြီးအကျယ် တုန်လှုပ်စေတော့.. ကန်တပ်တွေ ဝင်ရောက်သိမ်းပိုက်ခဲ့တယ်။

မြန်မာ မင်းအောင်လှိုင် အခြေအနေကိုကြည့်ရင်.. ကျုပ်တို့တိုင်းရင်းသားတပ်တွေ ညီညွတ်ဖို့.. NUG က ဖက်ဒရယ် သဘောတူချက်ရအောင်ကြိုးစားရပါမယ်။ ရခိုင်၊ ရှမ်း၊ မွန်..သူတို့အချင်းချင်း..အင်အားရှိသူ အရင်ညီညွတ်အောင် NUG က ကြိုးစားရပါမယ်။ စစ်ကောင်စီ ကေတာ့ စိတ်ဝမ်းကွဲအောင် လုပ်နေတာ သူတို့လုပ်နေကျပါ။.. ကုလသမဂ္ဂနဲ့အမေရိကန် ကိုပဲ အားကိုးမျှော်လင့်နေသော်လည်း.. ပြည်တွင်းညီညွတ်ရေးကိုလည်း အင်ယူဂျီ အထူးကြိုးစားနေပါတယ်။ ကျနော်က KIAကချင်ရဲ့ လုပ်ရပ်ကို ကျေနပ်တယ်။ အခု စစ်ကောင်စီ က အပစ်ရပ်ဖို့ လေယာဉ်၊ရဟတ်ယာဉ် အင်အားသုံးပြီး ခြိမ်းခြောက်ထားပါတယ်။

တကယ်မြေပြင်အခြေအနေ ကေတာ့ ကျနော်တို့မြန်မာ စစ်အာဏာသိမ်းမှု ဟာ 2014 ယူကရိန်း စစ်တပ်နဲ့သမတ မဲလိမ်အာဏာလုယူခြင်း နဲ့ ဆင်တူဖြစ်ပါတယ်။

ယူကရိန်း၊ မြန်မာ အာဏာရှင်၂ဦး
နှိုင်းယှဉ်ကြည့်ရင်ယူကရိန်းနဲ့ ရုရှား နယ်စပ်မိုင်ပေါင်းများစွာ ဆက်နေသလို..မြန်မာနိုင်ငံနဲ့ တရုတ်နဲ့မြန်မာ နယ်စပ်မိုင်ပေါင်း ထောင်ချီ ဆက်စပ်နေပါတယ်။

ယူကရိန်းစစ်တပ်ကို အာဏာရှင်သမတက ထိန်းချုပ်ထားပြီး၊ မြန်မာစစ်တပ်ကို အာဏာရှင်မင်းအောင်လှိုင်က ထိန်းချုပ်ထားပါတယ်။ အာဏာရှင် က စစ်ဗိုလ်ချုပ်များကို စည်းရုံး၊ ငွေကြေးလုပ်ပိုင်ခွင့်တွေပေးထားပြီး..ခရိုနီသူဌေးနဲ့ပညာတတ် အလိုတော်ရိတွေကိုလည်း စည်းရုံးတယ်။

ယူကရိန်း စစ်ဗိုလ်ချုပ်များကို ရရွားက မြှောက်ပင့်ပြီး မြန်မာပြည်လိုပဲ ပစ်သတ်၊ရက်စက်တာကို ပြည်သူက ခံတပ်နဲ့ခုခံတယ်။ ၃လအကြာ ယူကရိန်း အာဏာရှင်က ရုရှားကိုထွက်ပြေးသွားပြီး ယူကရိန်းကြားဖြတ်အစိုးရ ဖြစ်ပေါ်လာတယ်။ သပိတ္တပ္မ်ား အောင်ပွဲရခဲ့တယ်။.. မြန်မာစစ်အာဏာသိမ်းတပ်က သပိတ်တပ်တွေကို လက်နက်အင်အားသုံး၊ ပစ်သတ်၊ ဖြိုခွင်းတယ်။ လေယာဉ်၊တင့်ကား၊ လက်နက်ကြီးများ အလွန်အကျွံ သုံးပြလို့ အခုဆို စစ်ဘေးဒုက္ခသည် ၂သိန်းအထိ ရှိနေပါပြီ။

ယူကရိန်း အရေးအခင်းမှာ ရုရှားနဲ့အမေရိရိကန် ဋိပက္ခဖြစ်ပြီး ကုလသမဂ္ဂမှာ ယခု မြန်မာအရေးကဲ့သို့ R2P ဝင်ကယ်ဖို့၊ အမေရိကန်ဝင်လာဖို့ ကြိုး စားခဲ့တယ်။ ၃လအကြာ ယူကရိန်းအာဏာရှင် ရုရှားကိုထွက်ပြေးပြီး ပွဲသိမ်းသွားတယ်။.. မြန်မာပြည်လည်း ယူကရိန်းလိုပဲ အာဏာရှင် မင်းအောင်လှိုင် တရုတ်ပြည် ထွက်ပြေးပြီး ပွဲသိမ်းရပါမယ်။ ကြားဖြတ်အစိုးရ ယူကရိန်းလိုပဲ ပေါ်လာရပါမယ်။ တရုတ်နဲ့အမေရိကန် ၂နိုင်ငံ အကြိတ်အနယ် ဆွေးနွေးနေဆဲ ဖြစ်တယ်။

မြန်မာနွေဦး တော်လှန်ရေး ပထမ ၂လမှာတော့ ယူကရိန်း ပြည်သူ့တော်လှန်ရေးကို အတုယူ ကြိုးစားဆန္နပြ၊ သပိတ်စခန်း၊ ခံတပ်များပြုလုပ် ခုခံတိက္ပြဲ ဆင်နဲကပါတယ်။ ယူကရိန်း ပြည်သူများ ၃လ အကြာ အောင်မြင်ခဲ့ပါတယ်။

မြန်မာစစ်အာဏာရှင်များက ယူကရိန်းစစ်အာဏာရှင်တွေထက် အကျင်ယုတ်မာကြောင်း၊ ကောက်ကျစ် အာဏာမက်မောကြောင်း မြင်ရပါပြီ။ ပြည်သူတွေ တတိယအဆင့် လက်နက်ကိုင် မြို့ပြ တိုက်ပွဲဆင်နွဲရပါပြီ။ မကြာခင် အာဏာရှင် မင်းအောင်လှိုင် တရုတ်ပြည်ထွက်ပြေးတဲ့အထိ မြို့သိမ်းတိုက်ပွဲ ဆင်နွဲနေပါပြီ။ မထွက်ပြေးရင်လဲ တနည်းနည်းနဲ့လကျဆုံးမှာပါ။

တချို့ကလည်း မင်းအောင်လှိုင် တစ်ယောက်တည်းမဟုတ်၊ အုပ်စုလိုက် စစ်အာဏာရှင်စနစ်ကိုပဲ တိုက်ဖို့ ပြောကြတယ်။ ဟုတ်ပါတယ်။ သို့သော် တဆင့်ပြီးတဆင့် တိုက်ရမှာပါ။ ယူကရိန်း အာဏာရှင် ထွက်အောင်အရင်ကြိုးစားပြီး မွ ကြားဖြတ်အစိုးရပေါ်လာ၊ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းဖို့ ခြေ / ဥ အသစ်ရေး..စသဖြင့် လုပ်ကြတယ်။.. အပြီးပြတ် လက်နက်ကိုင်တော်လှန်ရေး ဆိုတာ အမေရိကန်ဝင်ရောက်သိမ်းပိုက်လဲ အာဖဂန်၊ အီရက် နိုင်ငံများမှာ မအောင်မြင်ပါ။ မြန်မာစစ်တပ်ကို လက်နက်နဲ့ ချေမှုန်းဖို့ မလွယ်ပါ။ သူတို့ တပ်မှူးများ သွေးပျက်အောင် ပညာနည်းနဲ့ ခြောက်ခြားစေပြီး ပြိုကွဲအောင် လုပ်နေပါတယ်။ ပြည်သူနဲ့တိုင်းရင်းသာတပ်များ ညီညွတ်ကြပါ။ အင်ယူဂျီ ခေါင်းဆောင်များ ဖြောင့်မတ်၊ ပညာရွိမ်ား အစွမ်းကုန် ကြိုးစားနေပါပြီ။

ပြင်သစ်နိုင်ငံက အမေရိကန်မဟာမိတ်အဖြစ် တရုတ်ကို ဖိအားကြီး ပေးထားပါတယ်။ NUG ကို ပထမဆုံး အသိအမှတ်ပြု ရင် ပဲပီးသလောက်ပါ။ ပြင်သစ် ဟာ G7 အင်အားကြီး နိုင်ငံ ဖြစ်ပြီး ကုလသမဂ္ဂမှာ ဗီတိုအာဏာ ရှိပါတယ်။ ..တရုတ်က စစ်ရေး နည်းပညာ အမေရိကန်ကိုပြိုင်ဖို့..ပြင်သစ် ထံမွ အဆင့်မြင့်ညူကလီယာဓာတ်ပေါင်းဖိုများစွာဝယ်ယူထားသလို ပြင်သစ်ထံမှ အဆင့်မြင့် တိုက်လေယာဉ် များစွာဝယ်ယူထားပါတယ်။ တရုတ်က ပြင်သစ် နဲ့ အဆင်ပြေချင်ပါတယ်။

လက်ရှိအခြေအနေအရ တိုင်းရင်းသားတပ်များဟာ အာဏာရှင်ရဲ့ လေယာဉ်၊ တင့်ကား၊ လက်နက်ကြီးများနဲ့ ကျေးရွာများကို ပစ်ခတ်၊ အကြမ်းဖက်ပြနေလို အင်အာမမျှတဲ့အတွက် စစ်အာဏာသိမ်းများအလိုကျ အပစ်ခတ် တိုက် ပြဲ ခဏရပ်နေပါတယ်။.. တိုင်းရင်းသားတပ် ခေါင်းဆောင်များ ညီညွတ်ရေး ကြိုးစားနေသလို..မင်းအောင်လှိုင်တပ်ကလည်း သွေးခွဲ၊ အပစ်ခတ်ရပ်ဖို့ အကြိတ်အနယ် ကြိုးစားနေပါတယ်။

မြို့ပြ တိုက်ပွဲအတွက် Pdf တပ္မ်ား၊ ကာကွယ်ရေးတပ်များက စုစည်းညီညွတ်နေပါပြီ။ ရန်ကုန်ပျောက်ကြားတပ်ဖွဲ ၁၁ဖွဲ့ ညီညွတ်မှု ထုတ်ပြန်ပြီး၊ တစ်ပါတ်အကြာ နောက်ထပ် ၁၅ ဖွဲ့ ပူးပေါင်းလာကြောင်း ယနေ့ 6.7.2021 နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။ သူတို့အဖွဲ့ YIG မ်ားက ရန်ကုန်မြို့တွင် ကြီးမားတဲ့ဖောက်ခွဲမှုများစွာ စစ်ကာနဲ့စစ်သားများစွာ သေကြေတဲ့ အထိ လုပ်ပြခဲ့ပြီးကြောင်း စာထုတ်ပြန်ထားတယ်။ ယခုလည်း ယာဉ်ထိန်းရဲများကို ပြင်းထန်စွာ သတိပေးစာ ထုတ်ပြန်ထားပါတယ်။

ပြည်သူလူထု အထိခိုက်အနည်းဆုံးဖြစ်ပါစေ။ ကိုဗစ် တတိယလှိုင်းမှာ ရန်ကုန်နဲ့ မြို့ကြီးများစွာ သေကြေ၊ နာမကျန်း ဖြစ်နေချိန် ပြည်သူများ အိမ်မှာနေပြီး ကိုဗစ် နဲ့ ကိုညစ် နှစ်ဦးစလုံး ကာကွယ်တီုက်ပွဲဆင်နေကြပါတယ်။ ကျန်းမာရေးဝန်ထမ်းများ CDM အလုပ်ဖြုတ်ခံရသော်လည်း ပုဂ္ဂလိက ဆေးခန်း၊ဆေးရုံများကတဆင့် ကိုဗစ် တိုက္ပြဲ ကို စစ်အာဏာရှင်တိုက်ပွဲ နဲ့အတူ ဆင်နွဲနေပါတယ်။

Crd-Original Post