YBS ကားပေါ်မှာ စီးနင်းလာရင်း ရုတ်တရက်သေဆုံးခဲ့တဲ့ သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦး

YBS ကားပေါ်မှာ စီးနင်းလာရင်း ရုတ်တရက်သေဆုံးခဲ့တဲ့ သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦး

မြန်မာပြည်သူ၊ပြည်သားတွေကတော့ တစ်ကျော့ပြန်ဝင်ရောက်လာတဲ့ COVID-19 ကူးစက်ရောဂါပိုးကိုလည်း နည်းလမ်းမျိုးစုံနဲ့ ကာကွယ်နေကြတာဖြစ်ပါတယ်။

ဒီလိုအချိန်မျိုးမှာ ပြည်သူတွေအနေနဲ့ စီးပွါးရေး၊လူမှုရေး၊ကျန်းမာရေးနဲ့ပတ်သက်ပြီး အခက်အခဲတွေကို ကြုံတွေ့နေရတာဖြစ်ပါတယ်။

ကိုဗစ်ရောဂါကူးစက်ခံနေရသူတွေလည်း အယောက်ထောင်ကျော်ရှိနေတာဖြစ်ပြီး MOHS ကလည်း တစ်နေ့တာ သေဆုံးသူ၊ကူးစက်ခံရသူ လူဦးရေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်ကြေငြာပေးနေတာဖြစ်ပါတယ်။

ကိုဗစ်တတိယလှိုင်းကတော့ လူကြီး၊လူငယ်မရွေးမှာ ဖြစ်ပွါးနေပြီး အသက်ဆုံးရှုံးလိုက်ရသူတွေလည်းရှိပါတယ်။အခုဆိုရင်တော့ YBS ယာဉ်အမှတ် (၄၀)ပေါ်မှာ စီးနင်းလိုက်ပါလာတဲ့

အမျိုးသမီးတစ်ဦးဆိုရင် အင်းစိန်မြို့နယ်၊ဘုရင့်နောင်လမ်းမပေါ် ပေါက်တောဝနားအရောက်မှာ ကားပေါ်တွင် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီအမျိုးသမီးသေဆုံးရတဲ့အကြောင်းအရင်းကိုတော့ သေချာအတည်မပြုနိုင်သေးတာဖြစ်ပါတယ်။

အနီးနားမှာရှိတဲ့လူတွေလည်းအင်းစိန်မြို့နယ်၊ကြက်ခြေနီသူနာပြုတပ်ဖွဲ့ကို အကြောင်းကြားပေးကြတာဖြစ်ပါတယ်။ဒါ့ကြောင့် အင်းစိန်မြို့နယ်၊ကြက်ခြေနီအဖွဲ့လည်း ပေါက်တောဝနားကို လိုက်လာပြီး သေဆုံးနေတဲ့အမျိုးသမီးကိုစနစ်တကျထုတ်ပိုးကာ ကားတစ်စီးလုံးကိုလည်း

ပိုးသတ်ဆေးဖျန်းခဲ့တာဖြစ်ပါတယ်။အမျိုးသမီးရဲ့ရုပ်အလောင်းကိုတော့ အင်းစိန်ဆေးရုံကို စိန်ရတနာနိဗ္ဗာန်ယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

ပြည်သူတွေအနေနဲ့လည်းမိမိတို့ရဲ့ကျန်းမာရေးကို အထူးဂရုစိုက်ပြီး အသွားအလာဆင်ခြင်နိုင်ကြဖို့အတွက် ဒီအကြောင်းအရာလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Crd-Original Post