ကိုဗစ်ကာလမှာ မိဘနှစ်ပါးလုံးဆုံးသွားလို့ အခက်အခဲတွေနဲ့ ဒုက္ခရောက်နေကြရတဲ့ လူမမယ်ကလေးနှစ်ယောက်

ကိုဗစ်ကာလမှာ မိဘနှစ်ပါးလုံးဆုံးသွားလို့ အခက်အခဲတွေနဲ့ ဒုက္ခရောက်နေကြရတဲ့ လူမမယ်ကလေးနှစ်ယောက်

ရောဂါကူးစက်ခံရမှာ ကြောက်ပေမယ့် အငတ်ဘေးနဲ့ ကြုံတွေ့ရမှာကို ပိုကြောက်နေကြရတဲ့ အခုလိုကာလဆိုးကြီးမှာ ပြည်သူတွေအတွက် အစစအရာရာပင်ပန်းခက်ခဲနေကြရတာကတော့ ဒူးနဲ့ဒေးပါပဲ..။

ကပ်ရောဂါဆိုးတွေအပြင် နိုင်ငံရေးအခြေအနေတွေကြား စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားရင်း အသက်ပေးကွဲကွာသွားကြရတဲ့ မိသားစုတွေတော်တော်များများ ရှိနေကြပါတယ်..။

အခုတစ်ခါမှာလည်း ကိုဗစ်ကာလကြီးမှာ မိဘနှစ်ပါးလုံး ကွယ်လွန်သွားတဲ့အတွက် ကျန်ရစ်သူ လူမမယ်သားသမီးနှစ်ယောက်မှာ အခက်အခဲတွေနဲ့ ဒုက္ခရောက်နေကြရပြန်ပါတယ်..။

တချိန်က ပုဂံညောင်ဦး ရွှေစည်းခုံဘုရားတောင်ဘက်စောင်းတန်းမှာ လှည်းလေးနဲ့ ပန်းချီရေး အသက်မွေးရင်း ကိုဗစ်ကာလ 1st wave နဲ့ 2nd wave ကြားမှာ အိမ်ထောင်ဦးစီးဖြစ်တဲ့ ဖခင်ကြီးဆုံးပါးသွားခဲ့ပါတယ်..။

ခင်ပွန်းကွယ်လွန်ပြီးနောက်ပိုင်း ပန်းချီတွန်းလှည်းကြီးကိုရောင်းကာ ကလေးလေးနှစ်ယောက်နဲ့ အိမ်လေးဌားပြီး ပြောင်းဖူးပြုတ်ရောင်း အသက်ဆက်ခဲ့ကြပေမယ့်လည်း မိခင်ဖြစ်သူမှာလည်း (၉၆)ပါးရောဂါနဲ့ ဇူလိုင်လ (၆)ရက်နေ့ မှာပဲ ကွယ်လွန်သွားခဲ့ပြန်ပါတယ်..။

ကလေးတွေကို လက်ရှိမှာ မိဘမဲ့ဂေဟာကိုလည်းပို့လို့ အဆင်မပြေနိုင်သေးတာကြောင့် ရပ်ကွက်ထဲက လူတချို့နဲ့ပရဟိတ အဖွဲ့အစည်းတခုက ကူညီစောင့်ရှောက်ပေးထားရတယ်လို့ သိရပါတယ်..။

မိဘနှစ်ပါးလုံး ဆုံးပါးသွားတဲ့အတွက် ကလေးနှစ်ယောက်ရဲ့ စားဝတ်နေရေးနဲ့ နေထိုင်ရေးအတွက် အခက်အခဲပေါင်းများစွာရှိနေတာကြောင့် တတ်နိုင်သလောက် ပါဝင်လှူဒါန်းချင်ပါက

Kyaw Ko Ko – 09402559016 (Kpay / Wave Pay) မှာ လှူဒါန်းနိုင်တာကြောင့် ပါဝင်လှူဒါန်းကူညီကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်နော်..။

Crd-Original Post

(ZAWGYI)

ကိုဗစ္ကာလမွာ မိဘႏွစ္ပါးလုံးဆုံးသြားလို႔ အခက္အခဲေတြနဲ႔ ဒုကၡေရာက္ေနၾကရတဲ့ လူမမယ္ကေလးႏွစ္ေယာက္

ေရာဂါကူးစက္ခံရမွာ ေၾကာက္ေပမယ့္ အငတ္ေဘးနဲ႔ ႀကဳံေတြ႕ရမွာကို ပိုေၾကာက္ေနၾကရတဲ့ အခုလိုကာလဆိုးႀကီးမွာ ျပည္သူေတြအတြက္ အစစအရာရာပင္ပန္းခက္ခဲေနၾကရတာကေတာ့ ဒူးနဲ႔ေဒးပါပဲ..။ကပ္ေရာဂါဆိုးေတြအျပင္ ႏိုင္ငံေရးအေျခအေနေတြၾကား စားဝတ္ေနေရးအတြက္ ႐ုန္းကန္လႈပ္ရွားရင္း အသက္ေပးကြဲကြာသြားၾကရတဲ့ မိသားစုေတြေတာ္ေတာ္မ်ားမ်ား ရွိေနၾကပါတယ္..။

အခုတစ္ခါမွာလည္း ကိုဗစ္ကာလႀကီးမွာ မိဘႏွစ္ပါးလုံး ကြယ္လြန္သြားတဲ့အတြက္ က်န္ရစ္သူ လူမမယ္သားသမီးႏွစ္ေယာက္မွာ အခက္အခဲေတြနဲ႔ ဒုကၡေရာက္ေနၾကရျပန္ပါတယ္..။တခ်ိန္က ပုဂံေညာင္ဦး ေ႐ႊစည္းခုံဘုရားေတာင္ဘက္ေစာင္းတန္းမွာ လွည္းေလးနဲ႔ ပန္းခ်ီေရး အသက္ေမြးရင္း ကိုဗစ္ကာလ 1st wave နဲ႔ 2nd wave ၾကားမွာ အိမ္ေထာင္ဦးစီးျဖစ္တဲ့ ဖခင္ႀကီးဆုံးပါးသြားခဲ့ပါတယ္..။

ခင္ပြန္းကြယ္လြန္ၿပီးေနာက္ပိုင္း ပန္းခ်ီတြန္းလွည္းႀကီးကိုေရာင္းကာ ကေလးေလးႏွစ္ေယာက္နဲ႔ အိမ္ေလးဌားၿပီး ေျပာင္းဖူးျပဳတ္ေရာင္း အသက္ဆက္ခဲ့ၾကေပမယ့္လည္း မိခင္ျဖစ္သူမွာလည္း (၉၆)ပါးေရာဂါနဲ႔ ဇူလိုင္လ (၆)ရက္ေန႔ မွာပဲ ကြယ္လြန္သြားခဲ့ျပန္ပါတယ္..။

ကေလးေတြကို လက္ရွိမွာ မိဘမဲ့ေဂဟာကိုလည္းပို႔လို႔ အဆင္မေျပႏိုင္ေသးတာေၾကာင့္ ရပ္ကြက္ထဲက လူတခ်ိဳ႕နဲ႔ပရဟိတ အဖြဲ႕အစည္းတခုက ကူညီေစာင့္ေရွာက္ေပးထားရတယ္လို႔ သိရပါတယ္..။

မိဘႏွစ္ပါးလုံး ဆုံးပါးသြားတဲ့အတြက္ ကေလးႏွစ္ေယာက္ရဲ႕ စားဝတ္ေနေရးနဲ႔ ေနထိုင္ေရးအတြက္ အခက္အခဲေပါင္းမ်ားစြာရွိေနတာေၾကာင့္ တတ္ႏိုင္သေလာက္ ပါဝင္လႉဒါန္းခ်င္ပါက Kyaw Ko Ko – 09402559016 (Kpay / Wave Pay) မွာ လႉဒါန္းႏိုင္တာေၾကာင့္ ပါဝင္လႉဒါန္းကူညီၾကဖို႔ ေမတၱာရပ္ခံ တိုက္တြန္းလိုက္ပါတယ္ေနာ္..။

Crd-Original Post