ဗုဒ္ဓရဲ့တရားတော်တွေအပေါ် အမေရိကန်စစ်တပ် ဘယ်လောက်အထိ တန်ဖိုးထားသလဲ

ဗုဒ္ဓရဲ့တရားတော်တွေအပေါ် အမေရိကန်စစ်တပ် ဘယ်လောက်အထိ တန်ဖိုးထားသလဲ

ဗုဒ္ဓရဲ့တရားတော်ဟာ အလွန်နူးညံ့ သိမ်မွေ့သလောက် ခက်ခဲနက်နဲပါတယ်။ သာမန် လိုက်စားလေ့လာရုံလောက်နဲ့ အတွင်းကျကျ အနှစ်အမှန်ကို သိနိုင်ဖို့ မလွယ်ကူပါဘူး။ဗုဒ္ဓဘာသာလို့ အမည်ခံလိုက်ရုံနဲ့ ဘာသာတရားရဲ့ အနှစ်သာရတွေကို လက်ဝယ်ပိုင်ပိုင် ရရှိသွားတယ်ဆိုတာ မရှိပါဘူး။ တရားတော်ရဲ့အနှစ်သာရတွေကို

ကိုယ်တိုင်လုပ်မှ ကိုယ်တိုင်မြင်ရနိုင်ပါတယ်။

ဗုဒ္ဓဘာသာရဲ့အနှစ်သာရတွေကို အချို့အချို့သော ဘာသာမတူတဲ့ ဘာသာဝင်တွေက လက်ခံသဘောကျတာမျိုးတွေ ဒီနေ့ခေတ်ကြီးမှာ ပွင့်ပွင့်လင်းလင်း ရှိလာခဲ့ပါတယ်။ တချို့ဆို ဓမ္မကထိကဆရာတော်တွေ ပင့်ဖိတ်ပြီး တရားပြဖို့ တောင်းပန်တာတွေ ရှိသလို-တချို့သော ဘာသာရေးခေါင်းဆောင်တွေပင် မြန်မာပြည်လာပြီး

ရိပ်သာဝင် တရားအားထုတ်တာမျိုးတွေ ရှိပါတယ်။ လူတိုင်း လုပ်နိုင်ကျင့်နိုင်တဲ့ တရားဖြစ်လို့ပါ။အခု ဖော်ပြထားတဲ့ဓာတ်ပုံတွေကတော့ အမေရိကန်စစ်တပ်တစ်ခုမှ တပ်မတော်သားတွေကို ဘုရားသားတော် ရဟန်းတစ်ပါးက တရားပြနေပုံတွေဖြစ်ပါတယ်။

တရားထိုင်ခြင်းရဲ့ အကျိုးဟာ အဆုံးအစွန်မှာ မဂ်ဖိုလ်နိဗ္ဗာန်ရဲ့အကျိုးဖြစ်ပေမယ့် အဲဒီလောက်ထိ ခရီးမပေါက်တောင်မှ-စိတ်ကို တည်ငြိမ်စေတယ်၊ ငြိမ်းချမ်းစေတယ်၊ အားအင်တွေ ရစေတယ်၊ အတွေးအခေါ်တွေကို ဆန်းစစ်ထိန်းချပ်နိုင်တယ်ဆိုတဲ့

ပုဂ္ဂလိကကောင်းကျိုးတွေက လက်ငင်းရှိနေပါတယ်။ ဒီဓာတ်ပုံတွေကိုတော့ World Buddhist Gallery FB Page ကနေ ကူးယူဖော်ပြထားတာဖြစ်ပါတယ်။

Credit-လင်းသူရိန်