ရန်ကုန်တက္ကသိုလ်မှာ ရှိခဲ့တဲ့ ဒဏ္ဍာရီထဲက ရေနဲ့ အသံထိန်းစနစ်။မိုက်ခရိုဖုန်းမလို ဆောင်းဘောက်မလိုပဲ ရေနဲ့ အသံ ထိန်းညှိနိုင်တဲ့ ရန်ကုန်တက္ကသိုလ်မှ လိပ်ခုံးခန်းမ

ရန်ကုန်တက္ကသိုလ်မှာ ရှိခဲ့တဲ့ ဒဏ္ဍာရီထဲက ရေနဲ့ အသံထိန်းစနစ်။မိုက်ခရိုဖုန်းမလို ဆောင်းဘောက်မလိုပဲ ရေနဲ့ အသံ ထိန်းညှိနိုင်တဲ့ ရန်ကုန်တက္ကသိုလ်မှ လိပ်ခုံးခန်းမ

ဒဏ္ဍာရီထဲက ရေနဲ့ အသံထိန်းစနစ်ရန်ကုန်တက္ကသိုလ်ဝန်း ထဲမှာ ပြည်လမ်းပေါ်ကကြည့်ရင် လိပ်ခုံးခန်းမလို့ခေါ်ဆိုတဲ့အဆောက်အုံငယ်တခုရှိခဲ့ဖူးတယ်။

လိပ်ကျောကုန်းနဲ့တူတဲ့ အမိုးရယ်၊ရေကန်ငယ်လေးနဲ့ မြက်ခင်းပြင်လေးက လိပ်ခုံးခန်းမရဲ့ အလှကို ဖေါ်ညွှန်းနေပါတယ်။သူ့အနောက်ဘက်မှာ ဆေးတက္ကသိုလ် စာသင်ခန်းမ ၊ အရှေ့ဘက်မှာ အဆင့်မြင့်ပညာဦးစီးဌာနအဆောက်အအုံရှိတယ်။လိပ်ခုံးခန်းမဟာ အနံ၉၃ပေ၊အလျား ၁၅၃ပေ ရှိပါတယ်

(ဧရိယာစတုရန်းပေ ၁၄၂၂၉ ပေ ပါ)။အဲဒီ လိပ် ခုံးခန်းမနဲ့မြက်ခင်းပြင်လေးမှာဟောပြောပွဲတွေ၊ မင်္ဂလာဧည့်ခံံပွဲတွေကျင်းပကြတယ်။

ဘာလို့ အဲဒီနေရာလေးမှာ ကျင်းပခဲ့ရသလဲဆိုရင်ဧရိယာစတုရန်းပေ ၁၄၂၂၉ ပေ အကျယ်အဝန်းထဲမှာ ဘယ်နေရာကနေပြောပြော ဘယ်နေရာကနေ နားထောင်နားထောင် အသံကို ပီပီသသ ကြည်ကြည်မြမြ ကြားနေရလို့ပါဘဲ။အဲဒီလိုထူးခြားချက် ဖြစ်စေတာကတော့ ရေ ကနေ အသံထိန်းစနစ်

( Surrounding Sound System ) နဲ့ လိပ်ခုံးခန်းမကို တည်ဆောက်ထားလို့ပါဘဲ။

တည်ဆောက်ခဲ့တဲ့ အဖွဲ့ကတော့ ဗြိတိသျှက Raglan Squire အဖွဲ့ဖြစ်ပြီး လိပ်ခုံးခန်းမနဲ့ ဗိသုကာဒီဇိုင်းဆု ( ၁၉၆၀) ကို ရရှိတဲ့ အဖွဲ့ပါ။၃-၃-၁၉၅၄ ရက်နေ့မှာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု က အုုတ်မြစ်ချပေးခဲ့ပြီး ၁၉၅၇ မှာပြီးစီးခဲ့ပါတယ်။အင်ဂျင်နီယာကျောင်းသားတွေ အတွက်ရည်ရွယ်တည်ဆောက်ခဲ့ပေမဲ့ ၁၉၅၇-၅၈

ပညာသင်နှှစ်တခုတည်းသာ အင်ဂျင်နီယာသင်တန်းကိုဖွင့်လှစ်နိုင်ခဲ့ပြီး ၁၉၆၀-၆၁ မှာ ဥပစ အပိုင်း(က)(ခ) သင်တန်း ၊ ၁၉၆၄ မှစတင်ပြီး ဆေးတက္ကသိုလ်(၁) အဖြစ်ပြောင်းလဲခဲ့ပါတယ်။မှတ်မိသမျှ ပုံဖေါ်ရရင် အောက်ကြမ်းခင်းကို ဆဋ္ဌဂံံ ပျားအုံကွက် မှန်အထူတွေခင်းထားတယ်။

အလယ်တိုင်မပါတဲ့ ခန်းမကျယ်ဖြစ်တယ်။ခြေထောက်၂ချောင်းထောက်ပေါ်တီကို ရှိတယ်။မျက်နှာကျက် ကို လျှာထိုးသစ် ၃လွှာခင်းထားပြီး တလွှာနဲ့ တလွှာအကြားမှာ ကတ္တရာပြားတွေပါတယ်။အမိုးကိုကြေးပြားတွေနဲ့မိုးထားပြီး ကြေးမှိုရိုက်ထားတယ်။ အဆောက်အအုံ ပါတ်လည်မှာ ရေမြောင်းတွေရှိပြီး မှန်အထူတွေနဲ့

အုပ်ထားတယ်။အဆောက်အဦး ရဲ့ ထောင့်၄ထောင့်မှာ ၄ပေ ပါတ်လည်အကျယ် ရေကန်တွေရှိတယ်။အဆောက်အဦး အောက်မှာ ရေလှောင်ကန်တခုရှိတယ်။လူအင်အားနဲ့ အသံကို ချိန်ညှိတဲ့စနစ်ပါ။

လူအင်အားများရင် ရေများများဖြည့် ပြီး ထိန်းညှိရတယ်ဆိုပါတယ်။အဲဒီခေတ်က ကျောင်းသားတွေ ရဲ့ စိတ်နှလုံးထဲမှာ ရန်ကုန်တက္ကသိုလ်အကြောင်းပြောရင် ကန့်ကော်ပင်တန်းတွွေ ၊ သစ်ပုတ်ပင်နဲ့ဂျပ်ဆင်၊အင်းလျားကန် ၊ လိပ်ခုံးခန်းမ တို့က မပါမဖြစ်တဲ့ အရာတွေပါ။

၁၉၉၀ခုနှစ် အရောက်မှာ လိပ်ခုံးအဆောက်အအုံ ကို ကျပ် ၂၅သိန်း ၁သောင်း နဲ့ ရောင်းစားခံခဲ့ရပြီးနောက်ပိုင်းမှာတော့အင်ဂျင်နီယာကျောင်းသားတွေအတွက်ကတော့ ရေနဲ့ အသံထိန်းစနစ် တခုဖြစ်တဲ့ (Surrounding Sound System)ကို လေ့လာဖို့ အခွင့်အရေး ဆုံးရှုံးခဲ့ရခြင်းပါဘဲ။

အခုတော့ မိုက်ခရိုဖုန်းမလို ၊ ဆောင်းဘောက်မလို ဘဲ ရေနဲ့ အသံထိိန်းညှိတဲ့ လိပ်ခုံးခန်းမရှိခဲ့ဘူးတယ်ဆိိုတာ ဒဏ္ဍရီ တခုအဖြစ် ရှိနေပါတော့တယ်

Crd-Original Post