ဒါးကမြို့ကမိန်းခလေးတစ်ဦးရက်စက်စွာသတ်ဖြတ်ပြီးဆိုင်ကယ်လုယူသွားသူအား ဖမ်းမိပြီ

ဒါးကမြို့ကမိန်းခလေးတစ်ဦးရက်စက်စွာသတ်ဖြတ်ခံရပြီးဆိုင်ကယ်လုယူသွားသူအား သက်ဆိုင်ရာမှဖမ်းဆီးရမိပြီဟုဆိုဧရာဝတီတိုင်း ဒါးကမြို့မှာနေထိုင်ပြီးပုသိမ်မြို့ မြကျွန်းသာအိမ်ယာဝန်းထဲက ချေးငွေ လုပ်ငန်းတစ်ခုက ဝန်ထမ်းမိန်းကလေးတစ်ဦးဟာ ၇.၇.၂၀၂၀ရက်နေ့

ညနေပိုင်းမှာကျောင်းကုန်းမြို့မရဲစခန်းပိုင် ရွာငယ်တစ်ရွာမှာ ဆိုင်ကယ်ကိုလု ၊ မျက်နှာ လက် ခြေထောက်တွေကို ဓားနဲ့ခုတ်ကာ သတ်ဖြတ်ခြင်းခံခဲ့ရပါတယ် ။

အဆိုပါ လုယက် လူသတ်မှု ကျူးလွန်သူများကို ရဲတပ်ဖွဲ့မှ ပူးပေါင်းအဖွဲ့များဖြင့် လိုက်လံစုံစမ်း ဖော်ထုတ်ခဲ့ရာ၈.၇.၂၀၂၀ရက်နေ့ညနေပိုင်းတွင် ကျူးလွန်သူ တရားခံ (၂)ဦးအား သက်သေခံ ဆိုင်ကယ် နှင့်အတူ ဖမ်းဆီရမိပြီး ဖြစ်ပါကြောင်း ။

တရားခံတွေဟာ မည်သူမည်ဝါဖြစ်တယ် ၊

မည်သည့်အဖွဲ့ကမည်သူဦးစီးပြီးဘယ်အချိန် ဘယ်မှာ ဘယ်လိုဖမ်းဆီးရမိခဲ့လို့ဘယ်လိုဖြောင့်ချက်ပေးခဲ့သလဲ ဆိုတဲ့အသေးစိတ်သတင်းကိုတော့ရေးသားဖော်ပြထားခြင်းမရှိပါ ။

Crd-Original Post

(ZAWGYI)






Crd-Original Post