အောက်ဆီဂျင်များရဖို့အရေး အလုအယက်တန်းစီစောင့်ဆိုင်းနေရတဲ့ ရန်ကုန်မြို့နေပြည်သူများ(ဂရုစိုက်ကြဗျာ)

အောက်ဆီဂျင်များရဖို့အရေး အလုအယက်တန်းစီစောင့်ဆိုင်းနေရတဲ့ ရန်ကုန်မြို့နေပြည်သူများ(ဂရုစိုက်ကြဗျာ)

လတ်တလော ရန်ကုန်မြို့ရဲ့ ကိုဗစ်တတိယလှိုင်း ကူးစက်မှုကတော့ သိသိသာသာ မြင့်တက်လာခဲ့တာ တွေ့ရပါတယ်။ဒါ့အပြင် ကိုဗစ်ရောဂါကြောင့် သေဆုံးသူအရေအတွက်ကလည်း တစ်နေ့တခြား များလာခဲ့ပါတယ်။စိတ်မကောင်းစရာကတော့ ရန်ကုန်မြို့မှာ အရင်လို အချိန်မရွေးသွားရောက်ကုသလို့ရတဲ့

ကျန်းမာရေးစောင့်ရှောက်ပေးတဲ့ ကိုဗစ်စင်တာကြီးတွေမရှိတဲ့အပြင် အလွယ်တကူ ကိုဗစ်ရောဂါဆေးစစ်မှုတွေ မရနိုင်တဲ့အတွက် မိမိတို့နေအိမ်တွေမှာပဲ တတ်နိုင်သလောက် ကုသနေကြတာ တွေ့ရပါတယ်။

ဒါ့အပြင် ယခုရက်ပိုင်းလောက်မှာ မြို့နယ်တွေမှာတော့ နေမကောင်းဖြစ်နေတဲ့သူတွေလည်း အများအပြားရှိလာခဲ့သလို တချို့မှာဆိုရင်လည်း အောက်ဆီဂျင်များ အရေးပေါ်လိုအပ်နေတာဖြစ်ပြီး အလွယ်တကူမရရှိတာကြောင့် အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။ဇူလိုင်လ(၈)ရက်နေ့မှာတော့ ရန်ကုန်မြို့မှာ

ကိုဗစ်ရောဂါကူးစက်မှုတွေ ဘယ်လောက်ထိရှိနေသလဲဆိုတာကို သိနိုင်လောက်တဲ့ စိတ်မကောင်းစရာပုံရိပ်လေးတွေကလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

ဒီပုံလေးတွေကတော့ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်မှာရှိတဲ့ “ရွှေပြည်ညွန့်” အောက်ဆီဂျင်စက်ရုံရှေ့က စိတ်မကောင်းစရာမိတဲ့ မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။မိမိတို့လူနာတွေ အသက်ရှုနိုင်ရေးအတွက် အရေးပေါ်လိုနေတဲ့အောက်ဆီဂျင်များရရှိဖို့အရေး မြို့နေပြည်သူတွေက အလုအယက် တန်းစီစောင့်ဆိုင်းနေရတာ

ဖြစ်ပါတယ်။ပျံ့နှံ့လာတဲ့သတင်းများအရ အောက်ဆီဂျင်အိုး ငှားမည်ဆိုလျှင်လည်း စပေါ် (၁)သိန်းပေးရတဲ့အပြင် အောက်ဆီဂျင်ဖိုး5000နှင့် သန်ခေါင်စာရင် မိတ္တူ ၊ မှတ်ပုံတင်မိတ္တူ တွေလည်း လိုအပ်တယ်လို့ သိရပါတယ်။

ဒီလို လူအများအပြား တန်းစီစောင့်ဆိုင်းနေရတဲ့ မြင်ကွင်းတွေကို ကြည့်ခြင်းအားဖြင့် ရန်ကုန်မြို့ရဲ့ ရောဂါကူးစက်မှုတွေကတော့ အလွန်းဆိုးရွားနေတယ်လို့ ထင်မိပါတယ်။ဒီမြင်ကွင်းကိုတော့ ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်မိမယ်လို့ ထင်မိပါတယ်။
Crd-Original Post