ကိုဗစ်ကာလမှာ သူများတွေကိုကယ်ခဲ့ပေမယ့် မိခင်ဖြစ်သူရဲ့အသက်ကိုတော့ မကယ်နိုင်ခဲ့တဲ့ သား

ကိုဗစ်ကာလမှာ သူများတွေကိုကယ်ခဲ့ပေမယ့် မိခင်ဖြစ်သူရဲ့အသက်ကိုတော့ မကယ်နိုင်ခဲ့တဲ့ သား

ပိုမိုပြင်းထန်လာတဲ့ ကိုဗစ်တတိယလှိုင်းမှာတော့ ရောဂါ ကူးစက်ခံရတဲ့ ပြည်သူတွေခမျာ နေ့ချင်းညချင်းဆိုသလိုပဲ အသက်ဆုံးရှုံးနေရတာ ဖြစ်ပါတယ်။အထူး သဖြင့် အောက်ဆီဂျင်ပြတ်လပ်ပြီး စောစီးစွာ…

ဆုံးသွားရတဲ့ ပြည်သူတွေလည်း နေရာတိုင်းမှာနေ့စဉ်နဲ့အမျှ ရှိနေတာ ဖြစ်ပါတယ် ။ အခုလည်း ပြည်သူတစ်ဦးက မိခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ သူ့ရဲ့အဖြစ်ကို ဝမ်းနည်းကြေကွဲစွာနဲ့ ဖွင့်ဟပြောပြလာခဲ့တာ ဖြစ်ပါတယ်။…

သူကတော့ “ရင်ဘတ်တူညီနောင်” ကယ်ဆယ်ရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့Volunteer တစ်ဦးဖြစ်ပြီး ကိုဗစ်ကူးစက်ခံထားရတဲ့ လူနာတွေကို လိုက်လံကူညီပေးနေတာ ဖြစ်ပါတယ်။သူ့အနေနဲ့ PPE ဝတ်ပြီး…

သူများရဲ့အသက်ကိုကယ်ခဲ့ပေမယ့်လည်း သူ့အမေရဲ့အသက်ကိုတော့ မကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် သူ့အမေရဲ့နောက်ဆုံးအချိန်မှာတောင် PPE ဝတ်ပြီး ဝမ်းနည်းကြေ ကွဲစွာ နှုတ်ဆက်ခဲ့ရတာ ဖြစ်ပါတယ်။..

မိခင်ဖြစ်သူရဲ့ရုပ်အလောင်းကို ကိုယ်တိုင်သယ်ပို့ပေးခဲ့ရပြီး နောက်ဆုံးအနေနဲ့ ထိုင်ကန်တော့နေတဲ့ သူ့ရဲ့ပုံတွေကိုမြင်ပြီး ပြည်သူတွေလည်း စိတ်မကောင်းဖြစ်ခဲ့ရတာ ဖြစ်ပါတယ် ။..သူကတော့ “အမေ့သားကြီး PPE ဝတ်ပြီး သူများအသ က်တွေ ကယ်နေတာ…

အမေ့ကိုတော့ သားမကယ်နိုင်ခဲ့ဘူး 😭 ဒီ PPE ဝတ်စုံနဲ့ အမေ့ကိုနောက်ဆုံးနှုတ်ဆက်ရမယ်လို့ အိမ်မက်တောင်မမက်ခဲ့ဘူး အမေရယ်…အမေ သားတို့မိသားစုကိုစိတ် ချ စွာ ထားခဲ့ပြီလားအမေ😭😭” ဆိုပြီး ရင်နင့်စရာကောင်းတဲ့ သူ့အဖြစ်ကို ပြောပြလာခဲ့တာ ဖြစ်ပါတယ် ။..

Crd-Original Post