ကိုဗစ်ကြောင့်ကွယ်လွန်ခဲ့တဲ့သူ့ရဲ့ နောက်ဆုံးခရီးကို လိုအပ်တာတွေ ကူညီပေးခဲ့တဲ့ ဝေဠုကျော်

ကိုဗစ်ကြောင့်ကွယ်လွန်ခဲ့တဲ့သူ့ရဲ့ နောက်ဆုံးခရီးကို လိုအပ်တာတွေ ကူညီပေးခဲ့တဲ့ ဝေဠုကျော်

ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသားချော ဝေဠုကျော်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေကို လုပ်ကိုင်ခြင်းထက် ပရဟိတအလုပ်တွေကို ကိုယ်တိုင်ကိုယ်ကျ လိုက်လံကူညီဆောင်းရွက်ပေးနေတာ ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါနော်။ လူမှုကူညီရေး ဖောင်ဒေးရှင်းကိုပါတည်ထောင်ထားပြီး

လူမျိုးမရွေးဘာသာမရွေး လူတိုင်းကို ကူညီပေးနေခဲ့ပါသေးတယ်။

အခုတစ်ခေါက်မှာလည်း ဝေဠုကျော်က ကိုဗစ်ကူးစက်ခံရသူတွေကုသမှုပေးနေတဲ့ သုဝဏ္ဏဆောက်လုပ်ရေး သင်တန်းကျောင်း ကိုဗစ်ကုသရေးစင်တာမှာ သေဆုံးသွားတဲ့ ကိုဗစ်ရောဂါရှင် အမျိုးသမီးတစ်ယောက်ရဲ့ ရုပ်အလောင်းကိုထုတ်ပိုးသယ်ဆောင်ပြီး နောက်ဆုံးခရီးအတွက် လုပ်ဆောင်စရာရှိတဲ့

ကိုစ္စတွေကို သူကိုယ်တိုင်ကူညီပေးခဲ့ပါတယ်။

ညသန်းခေါင်ယံအချိန်မှာတောင် လိုအပ်နေတဲ့သူတွေအတွက် ကူညီဖို့အသင်ရှိနေတဲ့ ဝေဠုကျော်ရဲ့ ပရဟိတစိတ်ဓာတ်ကတော့ တကယ်ကိုလေးစားဖွယ်ပါ။ပရိသတ်တွေကလည်း ဝေဠုကျော်ရဲ့ ပရဟိတစိတ်ဓာတ်လေးကို လေးစားချီးကျူးကြောင်းနဲ့ ဝေဠုကျော်နဲ့အတူ သူ့ရဲ့ပရဟိတအဖွဲ့သားတွေအားလုံးလည်း

ဒီကပ်ရောဂါမကူးစက်နိုင်အောင် ဂရုစိုက်ဖို့ကို သတိပေးနေကြပါသေးတယ်။

ပရိသတ်ကြီးရေ ပရိသတ်ကြီးတွေလည်း ကပ်ရောဂါကြီး မကူးစက်အောင် ကျန်းမာရေးကို ဂရုစိုက်ကြပါနော်။

Crd-Original Post