ဆိုင်ကယ်ရော လူပါ မနေ့က ပျောက်သွားပြီး ဒီမနက်တွင် သေဆုံးလျက်သာ ပြန်တွေ့ခဲ့ရတဲ့ ကျောင်းဆရာမတစ်ဦးရဲ့ ဝမ်းနည်းစရာအဖြစ်

ဆိုင်ကယ်ရော လူပါ မနေ့က ပျောက်သွားပြီး ဒီမနက်တွင် သေဆုံးလျက်သာ ပြန်တွေ့ခဲ့ရတဲ့ ကျောင်းဆရာမတစ်ဦးရဲ့ ဝမ်းနည်းစရာအဖြစ်

လတ်တလော နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ပြည်သူတွေအားလုံး စိတ်သောကများစွာ ကြုံတွေ့ ခံစားနေကြရတာ ဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် သေဆုံးနေကြတဲ့ သတင်းတွေကလည်း နေ့စဉ်နဲ့အမျှ လူမှုကွန်ယက်များတွင် မြင်တွေ့နေရတာ ဖြစ်ပါတယ်။

ဒီနေ့မနက်တွင်လည်း မွန်ပြည်နယ် ကျိုက်မရောမြို့က စိတ်မကောင်းစရာသတင်းတစ်ခုကို ပြည်သူတစ်ဦးမျှ ရေးသားဝေမျှထားတာ ဖြစ်ပါတယ်။

မနေ့ညနေ ( ၄ ) နာရီ ဝန်းကျင်လောက်က မွန်ပြည်နယ် ကျိုက်မရောမြို့ရှိ အံကရဲကျေးရွာတွင် တာဝန်ကျနေသောမုဒုံမြို့နယ်မှ ကျောင်းဆရာမတစ်ဦးဟာ

စံပယ်ဂူလမ်းဟောင်းမာလကာတံတားပေါ်တွင် ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဆိုင်ကယ်ရောလူပါ ပျောက်ဆုံးနေတဲ့အတွက် မိသားစုဝင်များက အပူတပြင်းရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့မနက်မှာတော့ စိတ်မကောင်းစွာနဲ့ပဲ ဆရာမလေးရဲ့ အလောင်းကို ချောင်းတစ်ခုထဲတွင် မျောနေတာကို တွေ့ရှိခဲ့ရပါတယ်။ဆိုင်ကယ်ကို လုပြီး လူသတ်ခဲ့တာဖြစ်မယ်လို့ ဒေသခံများက ရေးသားပြောဆိုနေကြတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် စားဝတ်နေရေးခက်ခဲနေတဲ့ အခြေအနေများကြောင့် လုယက်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ဒီကာလကြီးမှာ မိန်းကလေးတွေအနေနဲ့ တစ်ယောက်တည်း အပြင်တွေ မသွားသင့်ဘဲသူငယ်ချင်းအဖော်တစ်ဦးနဲ့သာ သွားကြဖို့ အကြုံပြုတိုက်တွန်းလိုပါတယ်။

ကွယ်လွန်သွားတဲ့ ဆရာမလေးလည်းကောင်းရာဘုံဘဝသို့ ရောက်ရှိပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Crd-Original Post