အာဏာရှင်ဆိုတာ တိုက်မထုတ်ပဲ ထွက်ကြမဲ့ လူတွေ မဟုတ်ဘူး

အာဏာရှင်ဆိုတာ တိုက်မထုတ်ပဲ ထွက်ကြမဲ့ လူတွေ မဟုတ်ဘူး

ပည်သူကိုကျွန်ပြုပြီး ဆွေဆက်မျိုးဆက် ချမ်းသာနေတဲ့ အာဏာရှင်ဆိုတာ တိုက်မထုတ်ပဲ ထွက်ကြမဲ့ လူတွေ မဟုတ်ဘူး။ခေတ်အဆက်ဆက်မှာ အာဏာရှင်တွေဟာ ဥပဒေအထက်မှာ နေထိုင်ပြီး အနားယူသည့်တိုင်အောင်

မည်သည့် ပြစ်ဒဏ်ကိုမှ မခံစားရပဲ အသက်ရှည်ရှည်နဲ့ နိဂုံးချုပ်လေ့ရှိတယ်။ သူတို့နိဂုံးချုပ်သည့်တိုင်အောင် ပြစ်ဒဏ်တစ်ခုမှ မခံစားရတဲ့ အပြင် သူတို့ရဲ့ မျိုးဆက်တွေဟာ ကောင်းစားပြီး ကျန်ခဲ့သေးတယ်ဇာတ်သိမ်းခန်းမျိုးဟာ တကယ့်လက်တွေ့မှာတော့ မဖြစ်ခဲ့ကြပါဘူး။ချောက်ထဲကျနေတဲ့တိုင်းပြည်ကို ကယ်တင်တယ်ဆိုပြီး တိုင်းပြည်ဘဏ္ဍာငွေတွေနဲ့ မြင်းပွဲလောင်း ပြည်သူတွေကို ထောင်ဂဏန်းနဲ့ချီ သတ်ဖြတ်ခဲ့တဲ့ ဦးနေဝင်းဟာ မည်သည့်ပြစ်ဒဏ်မှ မခံစားရတဲ့အပြင် အသက် ၉၂ နှစ်အထိ

စည်းစိမ်တွေနဲ့ နေထိုင်ခဲ့ပြီး သူ့မျိုးဆက်တွေဟာလည်း အခုထိ ကျန်းမာချမ်းသာစွာနဲ့ ဗိုလ်ကျော့နေထိုင်နိုင်တုန်းဖြစ်တယ် သူ့နေရာကို ဆက်ခံခဲ့တဲ့ ဦးသန်းရွှေဟာလည်း နိုင်ငံရေး လူမျိုးရေးကို ဖိနှိပ် ၂၀၀၇ မှာ

သံဃာတော်ပါမကျန် သတ်ဖြတ် တိုင်းပြည်စည်းစိမ်တွေကို အိတ်ထဲထည့်ပြီး အခုချိန်ထိ သက်ရှည်ကျန်းမာစွာနေထိုင်နေတုန်း။ အခု အသက် ၈၈ နှစ်ထိတိုင်အောင် ဘာပြစ်ဒဏ်မှ။မခံစားရပဲ စည်းစိမ်ချမ်းသာ ခံစားနေတုန်း။

သူ့မျိုးဆက်တွေလည်း ကောင်းစားနေဆဲဖြစ်တယ်။ နောက်ပြီးတော့ အရေးခင်းတွေ ဖန်တီး ဘဝပေါင်းမြောက်များစွာကို ဖျက်ခဲ့တဲ့ ခင်ညွန့်လို လူမျိုးတွေဟာလည်း ကောင်းမွန်စွာနဲ့ ကိုယ်ကျန်းမာ

စိတ်ချမ်းသာစွာရှိနေသေးတယ်အချင်းချင်းမတည့်လို့ အကျယ်ချုပ်ချတယ်ဆိုပေမဲ့ ဘဝမပျက်သလို စည်းစိမ်လည်း မလျော့သွားဘူး။ ဗိုလ်ချုပ်ဘဝမှာ လယ်မြေတွေသိမ်း သမ္မတဖြစ်တော့။မီးလောင်ဗုံးတွေဆွမ်းကပ်ခဲ့တဲ့ သိန်းစိန်ဆိုရင် နောက်လိုက် အားပေးထောက်ခံသူတွေနဲ့ သူတော်ကောင်းလိုလို ဘာလိုလိုအကွက်တွေခင်းပြီး ချမ်းသာစွာ တည်ရှိနေသေးတယ်။ အခုမင်းအောင်လှိုင်ကိုကြည့်

အာဏာရှင်တွေထဲမှာမှ စီးပွားရေး အကွက်အမြင်ဆုံးနဲ့ တိုင်းပြည်စီးပွားရေးကို လက်ဝါးကြီးအုပ်စိုးနိုင်တဲ့လူ။ တစ်မိသားစုလုံးကို ကုမ္မဏီကိုယ်စီနဲ့အပြင် သူ့ရဲ့ လက်ဝါးကြီးအုပ်နိုင်မှုက ရုပ်ရှင်ထုတ်လုပ်ရေးလို အနုပညာလောကပါမကျန်။

Media အလယ် ဆေးရုံ ဆက်သွယ်ရေး အင်တာနက်အဆုံး သူ့မိသားစုက ချယ်လှယ်ထားနိုင်တယ်အာဏာရှင်တွေမရှိတော့ရင်တောင် အာဏာရှင်ရဲ့ မိသားစု သားသမီး အပေါင်းအပါတွေက ပြည်သူလူထုကို ချယ်လှယ်နိုင်လောက်တဲ့အထိ

နေရာယူထားကြတယ် အာဏာရှင်နဲ့ အပေါင်းအပါတွေရဲ့ မျိုးဆက်တွေက Celebrity တွေဖြစ်လာတယ်။ Social Media ပေါ်မှာ သုံးပြ ဖြုန်းပြနိုင်ကြတော့ လူအများက။အားကျပြီး Popular ဖြစ်လာကြတယ်သူတို့မှာ Follower တနည်းအားဖြင့် Fan တွေပါ ရှိလာကြတယ်

ဒါတွေကို ကြည့်ခြင်းအားဖြင့် အာဏာရှင်နဲ့ အပေါင်းအပါတွေဟာ သူတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် ပြစ်ဒဏ်ကို မခံစားရတဲ့အပြင် သူတို့ရဲ့ မျိုးဆက်တွေအထိ အောင်မြင်မှုဆိုတဲ့ အသီးအပွင့်တွေ ချထားပေးနိုင်ခဲ့တယ်။ ဒါတွေဟာ ဘာလို့လဲဆိုတော့ သူတို့ဟာ Above The law မှာ နေထိုင်ကြလို့ပဲ။

သူတို့ကို ပြစ်ဒဏ်ချနိုင်တဲ့လူမရှိဘူး။ နောက်ကြောင်းပြန်အရေးယူလို့ မရနိုင်ဘူး။ တရားစွဲလို့ မရနိုင်ဘူး။ အာဏာကုန်ခဲ့သည်တိုင်အောင် ပါဝါကကျန်ခဲ့တယ်။ သူတို့အပြင် သူတို့ရဲ့ မျိုးဆက်တွေကပါ ပြည်သူတွေရဲ့ လူနေမှုဘဝအထိပါ

ချယ်လှယ်နိုင်တဲ့ သူတွေဖြစ်လာကြတယ်။ ပြည်သူတွေ နင်းပြားဘဝက မတက်နိုင်တာဟာ အတိတ်ကံကြောင့် မဟုတ်ပဲ စနက်တံကြောင့်ဖြစ်တယ်။ စနစ်မကောင်းသည့်တိုင် ပြင်ဖို့အခွင့်ရေး မရရှာဘူး။

သို့ပေမဲ့ သည်အခါ သည်အချိန် သည်နေရာဟာ စနစ်ကြီးတစ်ခုလုံးကို တော်လှန်ဖို့ အကောင်းဆုံးအရာဖြစ်တယ်။ ဒီတိုက်ပွဲကို နိုင်အောင်တိုက်နိုင်ရင် ခေါက်ရိုးကျိုးနေတဲ့ အာဏာရှင်စနစ်ကို အမြစ်ပါမကျန် ဆွဲလှန်နိုင်ပါလိမ့်မယ်။

ဒီအချိန်မှာ နိုင်အောင်မတိုက်နိုင်ရင် အာဏာရှင်ဘဝဆိုတာ သာယာမက်မောဖွယ် စည်းစိမ်ဥစ္စာတွေနဲ့ ပြည့်နေတဲ့ သုခဘုံကြီးပဲ ဖြစ်နေလိမ့်မယ်။ ဘယ်သူတက်တက် အာဏာရှင်လမ်းကိုပဲ ရွေးချယ်ကြလိမ့်မယ်။

ဒါကြောင့် ဒီတိုက်ပွဲကို နိုင်အောင်တိုက်မှဖြစ်မယ်။ ဒီတိုက်ပွဲဟာ နောက်ဆုံးတိုက်ပွဲ ဖြစ်တယ်။ စနစ်ကြီးတစ်ခုလုံးကို အမြစ်က လှန်ဖို့ ဒို့ပြည်သူတွေအားလုံး သွေးစည်းဖို့လိုအပ်တယ်။ အာဏာရှင်ဆိုတာ တိုက်မထုတ်ပဲ ထွက်ကြမဲ့ လူတွေ မဟုတ်ဘူး။crd-D-Day Channelcrd-စနေမောင်ငိုး 6.7.2021

ယူနီကုတ္ဘယ်လိုသွေးကွဲကွဲ ဘယ်လောက်စိတ်ဓာတ်ကျကျ တခုတော့ နားလည်ထား – အာဏာရှင်ဆိုတာ တိုက်မထုတ်ပဲ ထွက်ကြမဲ့ လူတွေ မဟုတ်ဘူး။ခေတ်အဆက်ဆက်မှာ အာဏာရှင်တွေဟာ ဥပဒေအထက်မှာ နေထိုင်ပြီး

အနားယူသည့်တိုင်အောင် မည်သည့် ပြစ်ဒဏ်ကိုမှ မခံစားရပဲ အသက်ရှည်ရှည်နဲ့ နိဂုံးချုပ်လေ့ရှိတယ်။ သူတို့နိဂုံးချုပ်သည့်တိုင်အောင် ပြစ်ဒဏ်တစ်ခုမှ မခံစားရတဲ့ အပြင် သူတို့ရဲ့ မျိုးဆက်တွေဟာ ကောင်းစားပြီး ကျန်ခဲ့သေးတယ်။ ပြည်သူတွေလိုချင်ကြတဲ့ ဇာတ်သိမ်းခန်းမျိုးဟာ တကယ့်လက်တွေ့မှာတော့ မဖြစ်ခဲ့ကြပါဘူး။

ချောက်ထဲကျနေတဲ့တိုင်းပြည်ကို ကယ်တင်တယ်ဆိုပြီး တိုင်းပြည်ဘဏ္ဍာငွေတွေနဲ့ မြင်းပွဲလောင်း ၊ ပြည်သူတွေကို ထောင်ဂဏန်းနဲ့ချီ သတ်ဖြတ်ခဲ့တဲ့ ဦးနေဝင်းဟာ မည်သည့်ပြစ်ဒဏ်မှ မခံစားရတဲ့အပြင် အသက် ၉၂ နှစ်အထိ စည်းစိမ်တွေနဲ့ နေထိုင်ခဲ့ပြီး သူ့မျိုးဆက်တွေဟာလည်း အခုထိ ကျန်းမာချမ်းသာစွာနဲ့ ဗိုလ်ကျော့နေထိုင်နိုင်တုန်းဖြစ်တယ်။

သူ့နေရာကို ဆက်ခံခဲ့တဲ့ ဦးသန်းရွှေဟာလည်း နိုင်ငံရေး လူမျိုးရေးကို ဖိနှိပ် ၊ ၂၀၀၇ မှာ သံဃာတော်ပါမကျန် သတ်ဖြတ် တိုင်းပြည်စည်းစိမ်တွေကို အိတ်ထဲထည့်ပြီး အခုချိန်ထိ သက်ရှည်ကျန်းမာစွာနေထိုင်နေတုန်း။ အခု အသက် ၈၈ နှစ်ထိတိုင်အောင် ဘာပြစ်ဒဏ်မှ

မခံစားရပဲ စည်းစိမ်ချမ်းသာ ခံစားနေတုန်း။ သူ့မျိုးဆက်တွေလည်း ကောင်းစားနေဆဲဖြစ်တယ်။ နောက်ပြီးတော့ အရေးခင်းတွေ ဖန်တီး ဘဝပေါင်းမြောက်များစွာကို ဖျက်ခဲ့တဲ့ ခင်ညွန့်လို လူမျိုးတွေဟာလည်း ကောင်းမွန်စွာနဲ့

ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာရှိနေသေးတယ်။ အချင်းချင်းမတည့်လို့ အကျယ်ချုပ်ချတယ်ဆိုပေမဲ့ ဘဝမပျက်သလို စည်းစိမ်လည်း မလျော့သွားဘူး။ ဗိုလ်ချုပ်ဘဝမှာ လယ်မြေတွေသိမ်း သမ္မတဖြစ်တော့။

မီးလောင်ဗုံးတွေဆွမ်းကပ်ခဲ့တဲ့ သိန်းစိန်ဆိုရင် နောက်လိုက် အားပေးထောက်ခံသူတွေနဲ့ သူတော်ကောင်းလိုလို ဘာလိုလိုအကွက်တွေခင်းပြီး ချမ်းသာစွာ တည်ရှိနေသေးတယ်။ အခုမင်းအောင်လှိုင်ကိုကြည့် အာဏာရှင်တွေထဲမှာမှ

စီးပွားရေး အကွက်အမြင်ဆုံးနဲ့ တိုင်းပြည်စီးပွားရေးကို လက်ဝါးကြီးအုပ်စိုးနိုင်တဲ့လူ။ တစ်မိသားစုလုံးကို ကုမ္မဏီကိုယ်စီနဲ့အပြင် သူ့ရဲ့ လက်ဝါးကြီးအုပ်နိုင်မှုက ရုပ်ရှင်ထုတ်လုပ်ရေးလို အနုပညာလောကပါမကျန်။

Media အလယ်ဆေးရုံဆအင်တာနက်အဆုံး သူ့မိသားစုကချယ်လှယ်ထားနိုင်တအာဏ ာရှင်တွေမရှိတော့ရင်တောင် အာဏာရှင်ရဲ့ မိသားစု သားသမီး အပေါင်းအပါတွေက ပြည်သူလူထုကို ချယ်လှယ်နိုင်လောက်တဲ့အထိ

နေရာယူထားကြတယ်အာဏာရှင်နဲ့ အပေါင်းအပါတွေရဲ့ မျိုးဆက်တွေက Celebrity တွေဖြစ်လာတယ်။ Social Media ပေါ်မှာ သုံးပြ ဖြုန်းပြနိုင်ကြတော့ လူအများက။အားကျပြီး Popular ဖြစ်လာကြတယ်သူတို့မှာ Follower တနည်းအားဖြင့် Fan တွေပါ ရှိလာကြတယ်

ဒါတွေကို ကြည့်ခြင်းအားဖြင့် အာဏာရှင်နဲ့ အပေါင်းအပါတွေဟာ သူတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် ပြစ်ဒဏ်ကို မခံစားရတဲ့အပြင် သူတို့ရဲ့ မျိုးဆက်တွေအထိ အောင်မြင်မှုဆိုတဲ့ အသီးအပွင့်တွေ ချထားပေးနိုင်ခဲ့တယ်။ ဒါတွေဟာ ဘာလို့လဲဆိုတော့ သူတို့ဟာ Above The law မှာ နေထိုင်ကြလို့ပဲ။

သူတို့ကို ပြစ်ဒဏ်ချနိုင်တဲ့လူမရှိဘူးနောက်ကြောင်းပြန်အရေးယူလို့ မရနိုင်ဘူးတရားစွဲလို့ မရနိုင်ဘူးအာဏာကုန်ခဲ့သည်တိုင်အောင် ပါဝါကကျန်ခဲ့တယ်။ သူတို့အပြင် သူတို့ရဲ့ မျိုးဆက်တွေကပါ ပြည်သူတွေရဲ့ လူနေမှုဘဝအထိပါ

ချယ်လှယ်နိုင်တဲ့ သူတွေဖြစ်လာကြတယ်ပြည်သူတွေ နင်းပြားဘဝက မတက်နိုင်တာဟာ အတိတ်ကံကြောင့် မဟုတ်ပဲ စနက်တံကြောင့်ဖြစ်တယ်။ စနစ်မကောင်းသည့်တိုင် ပြင်ဖို့အခွင့်ရေး မရရှာဘူး။

သို့ပေမဲ့ သည်အခါ သည်အချိန် သည်နေရာဟာ စနစ်ကြီးတစ်ခုလုံးကို တော်လှန်ဖို့ အကောင်းဆုံးအရာဖြစ်တယ်။ ဒီတိုက်ပွဲကို နိုင်အောင်တိုက်နိုင်ရင် ခေါက်ရိုးကျိုးနေတဲ့ အာဏာရှင်စနစ်ကို အမြစ်ပါမကျန် ဆွဲလှန်နိုင်ပါလိမ့်မယ်။

ဒီအချိန်မှာ နိုင်အောင်မတိုက်နိုင်ရင် အာဏာရှင်ဘဝဆိုတာ သာယာမက်မောဖွယ် စည်းစိမ်ဥစ္စာတွေနဲ့ ပြည့်နေတဲ့ သုခဘုံကြီးပဲ ဖြစ်နေလိမ့်မယ်။ ဘယ်သူတက်တက် အာဏာရှင်လမ်းကိုပဲ ရွေးချယ်ကြလိမ့်မယ်။

ဒါကြောင့် ဒီတိုက်ပွဲကို နိုင်အောင်တိုက်မှဖြစ်မယ်။ ဒီတိုက်ပွဲဟာ နောက်ဆုံးတိုက်ပွဲ ဖြစ်တယ်။ စနစ်ကြီးတစ်ခုလုံးကို အမြစ်က လှန်ဖို့ ဒို့ပြည်သူတွေအားလုံး သွေးစည်းဖို့လိုအပ်တယ်။ အာဏာရှင်ဆိုတာ တိုက်မထုတ်ပဲ ထွက်ကြမဲ့ လူတွေ မဟုတ်ဘူး။

Crd-Original Post