ဗြိတိသျှ တော်ဝင် နန်းတော် နဲ့ လွှတ်တော် တွင် Dr. Sasa မြန်မာ့အရေး ပြောကြားချက်

ဗြိတိသျှ တော်ဝင် နန်းတော် နဲ့ လွှတ်တော် တွင် Dr. Sasa မြန်မာ့အရေး ပြောကြားချက်

Dr. Sasa England နိူင်ငံသို့ ရောက်ရှိချိန် မြန်မာ့ နိူင်ငံရေး ကြောင့် Fb အသုံးပြုအုံးမည်မဟုတ် ကမ္ဘာ့ မိတ်ဆွေ အင်အားကြီး နိူင်ငံတွေနဲ့ အဆက်သွယ် မပျက် လုပ်ဆောင်နေသည်။

ဗြိတိသျှ တော်ဝင် နန်းတော် နဲ့ လွှတ်တော် တွင် ပြောကြားကျွန်တော် မြန်မာနိူင်ငံဟာ တိုင်းရင်းများစွာ စုဆည်ထားတဲ့ နိူင်ငံတစ်ခုပါ မြန်မာနိူင်ငံဟာ တိုင်းရင်းသားများ ပြည်သူတွေ အားလုံး ပိုင်ဆိုင်ထားတဲ့ နိူင်ငံပါ တစ်ဦးတယောက် ဟုတ်မဟုတ် လူတစ်စုတည်း

ပိုင်တဲ့ နိူင်ငံ မဟုတ်ပါဘူး။

မြန်မာ့ လွတ်လပ်ရေး ရဖို့ ဗိုလ်ချုပ်အောင်ဆန် နှင့်တကွ တိုင်းရင်းသား အားလုံး တိုက်ပွဲဝင်ခဲ့တာပါ ဒါကို လူတစ်စု ကနေပြီးတော့ နှစ်ပေါင်း ၆၀ ကျော် လုံးလုံး သူတို့ပိုင် ပစွည်းတစ်ခုလို တစ်ယောက်ပြီး တစ်ယောက် သူတို့ စိတ်ကြိုက်လုပ်နေခြင်း ၊

အာဏာ သိမ်းချင်တဲ့အချိန်သိမ်း ပြည်သူကို အမှောင်ချ ဒီလို လုပ်ရပ်တွေဟာDemocracy သွားတဲ့ပနိူင်ငံအတွက် တော်တော်ကိုရုပ်ဆိုးလွန်းပါတယ်။မြန်မာပြည်ဟာ ပြည်သူ အားလုံး ပိုင်တဲ့အတွက် ပြည်သူက တင်မြောက်တဲ့ အစိုးရပဲ အုပ်ချုပ်ပိုင်ခွင့်ရှိပါတယ်။

ပြည်သူ့ အာဏာသည် ပြည်သူ့ အစိုးရ လက်ထဲမှာပဲ ရှိသင့်တာပါဒါကို လက်နက် အားကိုးနဲ့ အာဏာသိမ်းချင်တဲ့အချိန် သိမ်း၊ ဖမ်းချင် ဖမ်း ၊ ပစ်ချင်ရင် ပစ် ၊ သတ်ချင်ရင် သတ် လုပ်နေခြင်းသည် မင်းမဲ့ စရိုက် ဆန်လွန်းပါတယ်။

ကျွန်တော် ပြည်သူတစ်ယောက် အနေနဲ့ ဒီလို လုပ်ရပ်မျိုးကို လက်ခံလို့မရပါဘူး။ အများပြည်သူတွေလဲ ထိုနည်းတူပါပဲ

ဒါကြောင့် ကမ္ဘာ့ နိူင်ငံအသီးသီးက လူကြီးမင်းတို့ ၊ ကမ္ဘာ့ အဖွဲ့စည်း အသီးသီးက လူကြီးမင်းတို့ covid -19 ကပ် ရောဂါကို ရင်ဆိုင်နေရတဲ့ ကြားက တတ်နိူင်သလောက် မြန်မာ့အရေးကို ကူညီ ဆောင်ရွက်ပေးကြတာ အထူး ကျေးဇူးတင်ပါတယ်။

မြန်မာ့အရေးကို အဆုံးထိ သေသေချာချာ ကိုင်တွယ် ဖြေရှင်း ပေးကြဖို့ ထပ်လောင်း တောင်းဆို မေတ္တာရပ်ခံပါတယ်။

မြန်မာနိူင်ငံက ဝန်ထမ်းတွေ လဲ CDM ဆက်လက် တိုက်ပွဲ ဝင်ပေးကြပါ၊

ဒါမှ ပြည်သူတွေ ဘယ်လောက်အရေးပါလဲ နားလည်ကြလိမ့်မည်။

ဘာသာတိုင်း ဆုတောင်းခြင်းနဲ့ လဲ ပါဝင်ပေးကြပါလို့ တောင်းဆိုပါတယ်။

Dr. Sasa
Credit