အရေးပေါ်လူနာတွေအတွက် အောက်ဆီဂျင်အိုးဝယ်ယူရန် အလှူငွေ(၁၅)သိန်းကိုရက်ရက်ရောရောလှူဒါန်းခဲ့တဲ့ အောင်သူနဲ့ပိုးအိအိခန့်

အရေးပေါ်လူနာတွေအတွက် အောက်ဆီဂျင်အိုးဝယ်ယူရန် အလှူငွေ(၁၅)သိန်းကိုရက်ရက်ရောရောလှူဒါန်းခဲ့တဲ့ အောင်သူနဲ့ပိုးအိအိခန့်

တစ်ကျော့ပြန်လည်ရောက်ရှိလာတဲ့ Covid-19 Third waveရဲ့ဒဏ်ကို မြန်မာပြည်သူအတော်များများ အလူးအလဲခံစားနေကြရပါတယ်။

နိုင်ငံရေးအခြေအနေတွေကြောင့် ကိုဗစ်ကုသရေးစင်တာတွေ မရှိတော့တဲ့အပြင် ရောဂါကူးစက်မှုနှုန်းမြန်ဆန်လွန်းတာကြောင့် အသက်ဆုံးရှုံးနေရတဲ့ လူနာတွေလည်း အမြောက်အများပါပဲ။

ပြင်းထန်တဲ့ ကိုဗစ်ရောဂါကြောင့်ကူးစက်ခံရသူတွေက အောက်ဆီဂျင်ပြတ်လပ်မှုတွေနဲ့ တွေ့ကြုံရပြီး အောက်ဆီဂျင်အိုးအလုံအလောက်မရှိတာကြောင့် သေဆုံးရတဲ့လူနာအရေအတွက် များလာနေတာတွေ့ရပါတယ်။

အောက်ဆီဂျင်အိုးအခက်အခဲတွေကြောင့် လူမှုကွန်ယက်စာမျက်နှာထက်တွေမှာလည်း အောက်ဆီဂျင်ရှာနေကြတဲ့ ပို့စ်တွေအများအပြားရှိနေပြီး

ဆေးရုံတွေနဲ့ ICUခန်းတွေထဲမှာလည်း ကိုဗစ်လူနာတွေ အပြည့်ဖြစ်နေတာတွေ့ရပါတယ်။ အောက်ဆီဂျင်ရရှိဖို့အတွက် ဆိုင်တွေရှေ့မှာတန်းစီစောင့်နေကြရတဲ့လူအုပ်ကြီးလည်းရှိသလို အောက်ဆီဂျင်ရရှိဖို့အတွက် တတ်နိုင်သရွေ့အကူအညီပေးနေတဲ့

ပရဟိတအဖွဲ့အစည်းတွေလည်း ရှိပါတယ်။အခုလိုအောက်ဆီဂျင်အခက်အခဲဖြစ်နေတဲ့ လူနာတွေအတွက် အောက်ဆီဂျင်အိုးဝယ်ယူရန် လက်ရွေးစင်ဘောလုံးသမားအောင်သူနဲ့ ပိုးအိအိခန့်တို့ဇနီးမောင်နှံဟာ သားငယ်လေးရဲ့မွေးနေ့အကြိုအလှူအဖြစ်

အလှူငွေ ၁၅သိန်းကို ခိုင်နှင်းဝေ ပရဟိတအသင်းကိုလှူဒါန်းခဲ့တာဖြစ်ပါတယ်။

ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေကို တတ်နိုင်သမျှလုပ်နေတဲ့မင်းသမီးတစ်ဦးဖြစ်ပြီး အခုအခါမှာလည်း

ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင်အိုးတွေရရှိအောင် ကူညီဆောင်ရွက်နေတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Crd-Original Post