ချစ်တဲ့မိသားစုလေးကိုခွဲခွါသွားခဲ့တာမကြာသေးတဲ့သားဖြစ်သူရေမွန်ကိုတစ်နေ့မှမေ့မရပဲဝမ်းနည်းစွာငိုကြွေးနေတဲ့ ရေမွန်မိခင်ရဲ့ဗီဒီယိုဖိုင်

ချစ်တဲ့မိသားစုလေးကိုခွဲခွါသွားခဲ့တာမကြာသေးတဲ့သားဖြစ်သူရေမွန်ကိုတစ်နေ့မှမေ့မရပဲဝမ်းနည်းစွာငိုကြွေးနေတဲ့ ရေမွန်မိခင်ရဲ့ဗီဒီယိုဖိုင်

ပရိတ်သတ်ကြီးရေ…နိုင်ငံကျော်အဆိုတော် ရေမွန်(ခ)တွတ်ပီ (Idiots Band ) ဇွန် ၂၃ ရက်မနက်ပိုင်း က အစာအိမ်သွေးကြောပေါက်ရောဂါနဲ့ ဆုံးပါးခဲ့တာဖြစ်ပါတယ်။

ရေမွန်ဟာ Idiots ဂီတအဖွဲ့နဲ့အတူ “လူအဂီတ” ပွဲဦးထွက် စီးရီးထွက်ရှိခဲ့ပြီး တေးသီချင်းတွေကိုလည်း ကိုယ်တိုင်ရေးသားသီဆိုခဲ့တဲ့ လူငယ်အဆိုတော်တစ်ဦးဖြစ်ပါတယ်။

မမျှော်လင့်ထားတဲ့ အခြေအနေကို ကြုံတွေ့လိုက်ရတဲ့အတွက် ရေမွန့်ကို ချစ်ခင်ကြသူများအားလုံးက ဝမ်းနည်းပူဆွေးခဲ့ကြရတာ ဖြစ်ပါတယ်။

သူ့ရဲ့မိခင်ကလည်း အားကိုးရလွန်းပြီး မိဘအပေါ်သိတတ်လွန်းတဲ့ သားလိမ္မာလေး ဆုံးရှုံးလိုက်ရတဲ့အတွက် ပြောမပြတတ်အောင်ကို ဝမ်းနည်းခဲ့ရတာ ဖြစ်ပါတယ်။

ဒီနေ့ဆိုရင် ရေမွန်ကွယ်လွန်သွားတာ (၂) ပတ်ကျော်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ခွဲခွာသွားတာမကြာသေးပေမယ့်အားလုံးက အခုချိန်ထိသူ့ကို လွမ်းဆွတ်သတိရနေကြဆဲ ဖြစ်ပါတယ်။

ရေမွန်ရဲ့ ညီမလေးကလည်း သူမရဲ့ လူမှုကွန်ယက်မှတစ်ဆင့် အစ်ကိုဖြစ်သူနဲ့ ပတ်သက်တဲ့ အမှတ်တရလေးတွေကို အမြဲဝေမျှပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း လပြည့်ကဗျာရဲ့ Facebook Story တွင် သားဖြစ်သူကို

တစ်နေ့မှမေ့မရနိုင်ဘဲ သတိရတိုင်း ဝမ်းနည်းစွာ ငိုကြွေးနေတဲ့ မိခင်ရဲ့ ဗီဒီယိုဖိုင်ကို တင်ထားတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ တစ်လလောက်က သားဖြစ်သူနဲ့ အတူရှိနေခဲ့တာကို တတွတ်တွတ်ပြောရင်း ငိုနေတာကို မြင်တွေ့ရတာတကယ်ကို ဝမ်းနည်းစရာကောင်းလှပါတယ်။ ရေမွန်ရဲ့တူလေးကလည်း သူ့အဘွားငိုတာကို မြင်ပြီး ဝမ်းနည်းစွာ

ငိုနေတာကြောင့် လပြည့်ကဗျာမှ ” ရင်တွေလည်း ကွဲရပါတယ် ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ မိခင်တိုင်းဟာ သူတို့ရဲ့ သားသမီးများအား အရိပ်တကြည့်ကြည့် အမြဲနေတတ်ကြသူတွေပါ။ သားဖြစ်သူနဲ့စောစီးစွာ ခွဲခွာလိုက်ရတဲ့ အန်တီခင်မြတ်မွန်ကိုကြည့်ပြီး ထပ်တူစိတ်မကောင်း ဖြစ်ရပါတယ်။

ရေမွန်တစ်ယောက်လည်း ကောင်းကင်ဘုံမှာ သူချစ်တဲ့ သီချင်းတွေနဲ့ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေ းလိုက် ရပါတယ်။

ရုပ်သံဖိုင်ကြည့်ရန်

Source and Photo Crd-Lapyae Kabyar’s ,Raymond’s and Khin Myat Mon’s Facebook Account

Credit ; MMLoad