သားဖြစ်သူကို ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့အပြင် ပျူစောထီးအဖွဲ့ဝင်လို့ပါ သတင်းမှားလွှင့်ပြီး မိဘနှစ်ပါးကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ဖြစ်ရပ်

သားဖြစ်သူကို ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့အပြင် ပျူစောထီးအဖွဲ့ဝင်လို့ပါ သတင်းမှားလွှင့်ပြီး မိဘနှစ်ပါးကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ဖြစ်ရပ်

ပြီးခဲ့တဲ့ ဇူလိုင်လ (၇) ရက်နေ့က ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၅)ရပ်ကွက်၊ ဗေဒါလမ်းနှင့်။

ဗေဒ ါ(၂)လမ်းထောင့်ရှိ အိမ်တစ်အိမ်မှာ လူငယ်တစ်ဦး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ် ။

ဒလန်ရှင်းရန်လာသည့် လူငယ်နှစ်ဦးအနက်မှ တစ်ဦးကို အာဏာရလက်နက်ကိုင်အဖွဲ့က ပူးပေါင်းဖ မ်းဆီးခဲ့တာ ဖြစ်ပါတယ် ။

အဖမ်းခံလိုက်ရတဲ့ လူငယ်လေးကတော့ စစ်ဆေးမေးမြန်းခံရပြီး သေဆုံးသွားတယ်လို့ သတင်းတွေကြားသိရတာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲ့ဒီလူငယ်လေးကို ပျူစောထီးအဖွဲ့ဝင်တစ်ဦးပါလို့ ဝိုင်းဝန်းစွပ်စွဲပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ။

သတင်းမှားတွေဖြန့်နေတာလည်း တွေ့နေရတာ ဖြစ်ပါတယ် ။ ဒါကြောင့် ဒီလူငယ်လေးနဲ့ ခင်မင်ရင်းနှီးနေတဲ့ သူငယ်ချင်းတွေက ။

သတင်းမှားတွေကို ဖြေရှင်းဖို့ ကြိုးစားပေးနေကြတာလည်း ဖြစ်ပါတယ် ။

သေဆုံးသူကို နာမည်ဆိုးနဲ့ကျန်ခဲ့အောင်လုပ်ပြီး ပြ ည်သူအချင်းချင်း ရန်တိုက်ပေးနေတာတွေကို ။

မယုံဖို့အတွက် သူ့ရဲ့သူငယ်ချင်းတွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ် ။

ပြည်သူတစ်ချို့ကလည်း ဒီလူငယ်လေးအသတ်ခံခဲ့ရတဲ့အပြင် သူ့ရဲ့မိသားစုဝင်တွေပါ ဖမ်းဆီးခံထားရကြောင်းကို အားလုံးသိအောင် ပြောပြနေကြတာ ဖြစ်ပါတယ် ။

အသတ်ခံလိုက်ရတဲ့ကောင်လေးရဲ့မိဘတွေအတွက်လည်း Speak out ပေးကြပါဦး 7.7.2021ထဲကပါ သားကိုဖမ်းပြီးသတ်တဲ့အပြင် ။

မိဘနှစ်ပါးနဲ့ ဦးလေးလင်မယားကိုလည်း ဖမ်းသွားပါတယ် ။သူ့အမေမှာကနှလုံးရောဂါရှိပါတယ်။

သူ့သားသေတာမသိသေးပါဘူး တစ်ဦးတည်းသောသားပါ အားလုံးကိုယ်စား အသက်ပေးသွားတဲ့မောင်လေး အေးအေးချမ်းချမ်းအနားယူပါတော့ ဆိုပြီး ။

ရေးသားမျှဝေထားတာ တွေ့ရပါတယ်။ သေဆုံးသွ ားတဲ့ လူငယ်လေးလည်း ကောင်းရာမွန်ရာဘုံဘဝကို ရောက်ရှိပါစေလို့ ပြည်သူတွေကိုယ်စား ဆုတောင်းပေးလိုက်ပါတယ်။

 

Crd-Original Post