မိတ်ဆွေကောင်း ဂျပန်ကို ကျေးဇူးကန်းမိလို့ မိတ်ဆွေကောင်း အဖြစ်ကနေ ဆုံးရှုံးရပြီဖြစ်တဲ့အချိန်

မိတ်ဆွေကောင်း ဂျပန်ကို ကျေးဇူးကန်းမိလို့ မိတ်ဆွေကောင်း အဖြစ်ကနေ ဆုံးရှုံးရပြီဖြစ်တဲ့အချိန်

မြန်မာနိုင်ငံမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ္တပ္က အာဏာသိမ်းမှု မလုပ်ခင်၊ တကယ်လို့ အာဏာသိမ်းပွဲ ဆင်နွှဲခဲ့ရင် ဖြစ်ပေါ်လာနိုင်မယ့် နိုင်ငံတကာ ဆက်ဆံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ကြိုတင်မှန်းဆချက်တွေတော့ ရှိခဲ့ပါတယ်။ ဒါကို ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဖြစ်လာတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းပွဲတွေမှာ ဖြေကြားထားပါတယ်။ သူက အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေကနေ ခုလိုပဲ ပိတ်ဆို့မှုတွေ၊ ဆိုင်ရှင်တွေ ခ်လာမွာကို ကြိုတင် မျှော်မှန်းထားပြီး ဖြစ်ပါကြောင်း၊ အရင်ကလည်း ခုလို အခြေအနေမျိုးနဲ့ ရင်ဆိုင်ခဲ့ရဖူးတဲ့ အတွေ့အကြုံရှိတာမို့ တပ်မတော်အတွက် အဲဒါဟာ သိပ်ပြီး မထူးဆန်းတဲ့အကြောင်း ပြောဆိုသွားခဲ့တာပါ။

ဒါပေမယ့် တကယ်လက်တွေ့ အာဏာသိမ်းပြီးနောက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်အပေါ် ထားတဲ့ သေဘာထားဟာ သူတို့ ထင်ထားတာထက် အများကြီး ဆိုးတဲ့ အေနအထားကို ကြုံကြရပါတယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကနေ အေရးယူ ဒဏ်ခတ် ပိတ်ဆို့်မှုတွေကို မြန်မြန်ချမှတ်တာ၊ ကုလသမဂ္ဂ နဲ့ လက်အောက်ခံ အဖွဲ့အစည်းတစ်ချို့မှာ စစ်ကောင်စီကနေ စေလွှတ်တဲ့ ကိုယ်စားလှယ်တွေကို အသိအမှတ်မပြု လက်မခံတော့တာ၊ သူတပါး ပြည်တွင်းရေးကို ဝင်မစွက်ရဘူး ဆိုပြီး မူ ခ်မွတ္ထားတဲ့ အာဆီယံ အဖွဲ့ဝင်တွေကို်ယ်တိုင် စစ်ကောင်စီကို အစိုးရတစ်ရပ်အဖြစ် အသိအမှတ်မပြုပဲ သဘောတူညီချက်(၅) ချက်ချမှတ်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကနေ တဆင့် မြန်မာနိုင်ငံကို ဒီမိုကေရစီဆီ ပြန်သွားဖို့ တိုက်တွန်းတာ၊ စစ်ကောင်စီဘက်က မျှော်လင့်ခဲ့သလို အင်အားကြီး တရုတ်နဲ့ ရုရှားကလည်း သူတို့ကို အသိအမှတ်ပြု၊

သူတို့ဘက်က မားမားရပ်တည်မှု မပေးသေးပဲ နေတာ စတာတွေ ကြုံနေရပါတယ်။ ဒီအထဲမွာ စိတ်ဝင်စားဖို့ အကောင်းဆုံးကတော့ မြန်မာ့တပ်မတော်နဲ့ ကာလကြာရှည် မိတ်ဆွေဖြစ်ခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ တုန့်ပြန်မှုပါ။ ၁၉၈၈ ခုနှစ်မှာ ဒီမိုကေရစီ တောင်းဆိုဆန္ဒပြတဲ့ ပြည်သူတွေကို ပစ်ခတ်၊ သတ်ဖြတ် ဖမ်းဆီး နှိမ်နင်းပြီး စစ္တပ္က အာဏာသိမ်းမှု၊ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရ အင်န်အယ်လ်ဒီ ပါတီကို အာဏာလွှဲမပေးပဲ အင်န်အယ်လ်ဒီ အပါအဝင် အတိုက်အခံ အင်အားစုတွေကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်မှု၊ လူ့အခွင့်အရေး ချိုးဖေါက်မှု စတဲ့ အကြောင်းအမျိုးမျိုးကြောင့် အမေရိကန်၊ ဥေရာပ သမဂ္ဂနဲ့ အနောက်အုပ်စုဟာ အဲဒီအချိန်က စစ်အာဏာရှင် အစိုးရကို ပိတ်ဆို့မှု အမျိုးမျိုး ချမှတ်ခဲ့ပါတယ်။ အဲလို ပိတ်ဆို့မှုတွေကြောင့်ပဲ မြန်မာနိုင်ငံတွင်းကို အနောက်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်မလာသလို၊ ADB လို World Bank လို ငွေရေးကြေးရေး အဖွဲ့အစည်းတွေနဲ့လည်း အလုပ်လုပ်လို့ မရ ဆိုတဲ့ အခြေအနေ ရောက်စေခဲ့ပါတယ်။ အဲဒီကာလ တေလ်ာက္လုံး စစ်အာဏာရှင် အစိုးရဟာ နိုင်ငံတကာရဲ့

ဆန့်ကျင်မှုတွေနဲ့ ပတ်သက်ရင် တရုတ်နဲ့ ရုရှားတို့ရဲ့ ဗီတိုအာဏာ ထီးအရိပ်မှာ ခိုလှုံရင်း တရုတ်ရင်းနှီးမြှုပ်နှံမှု၊ တရုတ်နဲ့ ကုန်သွယ်ရေး၊ တရုတ်ရဲ့အကြွေး ဆိုတာနဲ့ပဲ တိုင်းပြည်ကို လည်ပတ်ခဲ့တာ တွေ့နိုင်ပါတယ်။ အဲဒီမွာ ထူးခြားတာ တစ္ခုက အနောက်အုပ်စုဝင် ဂျပန်နိုင်ငံရဲ့ အခန်းကဏ္႑ပါ။ ဂျပန်နိုင်ငံဟာ အနောက်အုပ်စုဝင် နိုင်ငံတစ်နိုင်ငံသဖွယ် ဖြစ်နေတာကြောင့် ဆိုင်ရှင်ချမှတ်ထားတဲ့ မြန်မာ နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံတာမျိုး မလုပ်ခဲ့သလို၊ အနောက်နိုင်ငံတွေနည်းတူ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ် ပိတ်ဆို့မှု ချမှတ်တဲ့ နိုင်ငံတွေထဲလည်း မပါဝင်ခဲ့ပါဘူး။

အဲဒီအချိန်က စစ်အာဏာရှင် အစိုးရ တနည်း စစ်တပ်နဲ့ မိတ်မပျက်တဲ့ ဆက်ဆံရေး ထူထောင်ထားရင်း ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီတစ်ချို့ (အများအားဖြင့် သုတေသန လုပ်ငန်း) ပေးရင်း မြန်မာနို်င်ငံ ဒီမိုကေရစီ လမ်းကြောင်းပေါ် ပြန်ရောက်လာဖို့ ကူညီရင်း စိတ်ရှည် လက်ရှည် စောင့်ဆိုင်းခဲ့တာ တွေ့ကြရပါတယ်။ အဲဒီအချိန်ဟာ ၂၀၁၁ မွာ ရောက်လာပါတယ်။ စစ်အာဏာရှင်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံကို သူတို့ဖာသာ ရေးဆွဲ အတည်ပြုပြီး အုပ်ချုပ်မှု ပုံသဏ္႑ာန်ကို စစ်ဗိုလ်ချုပ်ကြီး တစ်ယောက်က အာဏာရှင် စနစ်နဲ့ အုပ်ချုပ်တဲ့ ပုံစံကေန အသွင်သဏ္႑ာန်အားဖြင့် ရွေးကောက်ပွဲတွေကနေ တက္လာတဲ့ အစိုးရက အုပ်ချုပ်တဲ့ ပုံစံဖြစ်အောင် ပြောင်းလဲလိုက်လို့ပါပဲ။ ဒီလိုနဲ့ စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန် သမ္မတ အဖြစ် ဦးဆောင်တဲ့ အစိုးရအဖွဲ့ တက်လာပြီး ကမ္ဘာကြီးနဲ့ အထူးသဖြင့် ပိတ်ဆို့မှုတွေ ခ်မွတ္ထားတဲ့

အနောက်နိုင်ငံတွေနဲ့ သင့်မြတ်ဖို့ ကြိုးစားရင်း ကမ္ဘာ့စီးပွားရေး ရေစီးကြောင်းထဲ ပြန်ဝင်ဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် လွယ်လွယ်တော့ အဲဒီ အခွင့်အရေး မရပါဘူး။ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ အနောက်နိုင်ငံတွေ တောင်းဆိုနေတဲ့ အတိုက်အခံတွေ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးရေး၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး၊ သတင်းလွတ်လပ်ခွင့် ပြုရေး၊ တကယ့် ဈေးကွက်စီးပွားရေး စနစ် ကျင့်သုံးရေး၊ ဘဏ်စနစ် ပြုပြင်ပြောင်းလဲရေး အပါအဝင် ဒီမိုကေရစီအေရး ပြောင်းလဲမှု အများကြီး လုပ်ပြခဲ့ရပါတယ်။ အဲလို အခြေအနေအောက်မှာ ဦးသိန်းစိန် အစိုးရကို ဒုက္ခနွံထဲက ကူညီဆွဲထုတ်ခဲ့တာက ဂျပန်နိုင်ငံပါ။ ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် အစိုးရ မတက်မီ အချိန်ထိ မြန်မာနိုင်ငံဟာ သူ့ကို ပိတ်ဆို့ထားတဲ့ အနောက်နိုင်ငံတွေ ပါဝင်တဲ့ ပဲရစ်ကလပ် အဖွဲ့ဝင်နိုင်ငံတွေမှာ အကြွေး ဒေါ်လာ ၁၀ ဘီလျံကျော် တင်ရှိနေပါတယ်။

အဲဒီထဲမွာ ဂျပန်အကြွေးက ၆.၄ ဘီလျံကျော်နဲ့ အမ်ားဆုံးပါ။ ADB နဲ့ World Bank နှစ်ခုပေါင်းရင် ဒေါ်လာ ၁.၅ ဘီလျံကျော်၊ အားလုံး စုစုပေါင်းလိုက်ရင် အကြွေး ဒေါ်လာ ၁၁.၆ ဘီလ်ံအထိ ရှိပါတယ်။ ပြောရရင် အဲဒီ အကြွေးတွေဆိုတာဟာ စစ်အာဏာရှင် အစိုးရ အဆက်ဆက် အတိုးလဲ မဆပ်နိုင်၊ အရင်းလည်း ပြန်မဆပ်နိုင် ဖြစ်နေတဲ့ အကြွေးတွေပါ။ နိုင်ငံကလည်း စစ်အာဏာရှင်တွေရဲ့ စီမံခန့်ခွဲမှုအောက်မှာ မွဲတေနေခဲ့တာပါ။ ဦးသိန်းစိန် အစိုးရ အနေနဲ့ အဲဒီကြွေးတွေ မရှင်းလင်းနိုင်ရင် ကမ္ဘာ့စီးပွားရေး အဝန်းအဝိုင်းထဲ ပြန်ဝင်ခွင့်ရမှာ မဟုတ္သလို၊ တိုင်းပြည် စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဘာမွ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီလို အကြွေးတွေ ရှင်းလင်းရေးကိစ္စ ဦးသိန်းစိန် အစိုးရကို အဓိက ကူညီခဲ့တာကေတာ့ ဂျပန်အစိုးရနဲ့ ဂျပန် ဘဏ်တွေပါ။ ဂျပန်ကိုယ်တိုင် သူရစရာရွိတဲ့ အကြွေး ဒေါ်လာ ၆.၄ ဘီလျံကျော်ထဲက ၃.၉ ဘီလျံကျော် လျော်ပေးခဲ့ပြီး

နောက်ဆုံး ကြွေးသစ် လက်ကျန်အဖြစ် ဒေါ်လာ ၂.၅ ဘီလျံကျော် သတ်မှတ်ပေးခဲ့သည်အထိ ကူညီလိုက်လျော ပေးခဲ့ပါတယ်။ အဲဒီလို လုပ်နိုင်ဖို့အတွက် ဂျပန်အစိုးရကနေ မြန်မာဆီက ရစရာရွိတဲ့ ကြွေးတွေကို ဂျပန်ဘဏ်တွေက ပေါင်းကူးချေးငွေ ယူပြီး အရင် ဆပ်ပေးတာ၊ ဆပ်လို့ ကြွေးကြေသွားတဲ့အခါ မြန်မာဘက်က အတိုးနှုန်း သက်သာစွာနဲ့ ပြန်ချေး၊ ချေးလို့ရတဲ့ငွေကို စိုက္ထုတ္ထားတဲ့ ဘဏ်တွေဆီ ပြန်သွင်း စတဲ့ ဘဏ္႑ာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ခဲ့ကြရတာ ဖြစ်ပါတယ်။ ဂ်ပန္ဘက္က ခုလို အကြွေး ဒေါ်လာ ၄ ဘီလျံလောက် လျော်ပေးလိုက်ရတဲ့ကိစ္စ၊ မြန်မာအစိုးရရဲ့ ဒီမိုကေရစီ ပြုပြင်ပြောင်းလဲမှု

အပေါ် တစ်နှစ် စောင့်ကြည့်တာနဲ့ ချိတ်ဆက်ထားတာ တွေ့ရပါတယ်။ အဲဒီနည်းအတိုင်းပဲ ဂျပန်ဟာ ပဲရစ်ကလပ်၊ ADB နဲ့ World Bank ကေန မြန်မာအစိုးရဆီမှာ တင်နေတဲ့ ကြွေးတွေ ရှင်းလင်းရေး ကိစ္စမှာလည်း အောင်သွယ်အနေနဲ့ အကြီးအကျယ် ကူညီခဲ့ပါတယ်။ ဂျပန်ရဲ့ ကူညီမှုကြောင့် ပဲရစ်ကလပ် အဖွဲ့ဝင်နိုင်ငံတွေနဲ့ ADB, World Bank တွေကနေ မြန်မာဟာ ကြွေးလျော်ပမာဏ ဒေါ်လာ ၅.၉ ဘီလ်ံနီးပါး အထိ ရခဲ့သလို ကြွေးရှင်းပြီးနောက် အကြွေး ဒေါ်လာ ၅.၇ ဘီလ်ံအထိပဲ ကျန်ပါတော့တယ်။ ဒီနည်းနဲ့ မြန်မာအစိုးရဟာ ရာစုနှစ်တစ်ဝက်ကျော်အကြာမှာ ကမ္ဘာ့စီးပွားရေး အဝန်းအဝိုင်းထဲ ပြန်ဝင်နိုင်ခဲ့တာ တွေ့ရပါတယ်။ နောက်ပိုင်း ဂျပန်အစိုးရဟာ မြန်မာကို ဖွံဖြိုးမှု ချေးငွေ အစီအစဉ်သစ်တွေ၊အကူအညီ အထောက်အပံ့တွေ အများကြီးပေးလာတဲ့အပြင် ဂျပန်ကုမ္ပဏီတွေ မြန်မာနိုင်ငံထဲ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုတွေ စတင်ခဲ့ပါတော့တယ်။

အထင်ရှားဆုံးကတော့ သီလဝါ အထူးစီးပြားဇုံ ဖြစ်ပြီး ဂျပန်ကုမ္ပဏီ အတော်များများ ဝင်လာကြပါတယ်။ ဂျပန်ဟာ ခုလို အကူအညီနဲ့ စီးပွားရေးဆိုင်ရာတွေမှာ ဝင်လာရုံမက အဲဒီအချိန်က သမ္မတ ဦးသိန်းစိန် အစိုးရ အကောင်အထည် ဖော်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာလည်း ဆာဆာကာဝါ ဖေါင်ဒေးရှင်းဥက္ကဌ မစ္စတာ ဆာဆာကာဝါ ဦးဆောင်ပြီး ထဲထဲဝင်ဝင် ပါဝင်တာ တွေ့ရပါတယ်။ ပြောရရင် မြန်မာနိုင်ငံ ဒီမိုကေရစီ ပြုပြင်ပြောင်းလဲရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာ အဝန်းအဝိုင်းထဲ ပြန်ဝင်ဆန့်ရေးမှာ ဂျပန်ဟာ မြန်မာစစ်ဗိုလ်ချုပ်တွေအတွက် တကယ့်ကျေးဇူးရှင်ကြီးလို့ ဆိုရင် မမွားပါဘူး။ ဂျပန်ဟာ မြန်မာ့ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို ကူညီရင်း ၂၀၂၀ ရွေးကောက်ပွဲကာလမှာ Covid-19 ဖြစ်ပွားနေ၊ စိုးရိမ်နေရတဲ့ကြားက သူ့တစ်နိုင်ငံထဲအတွက် မစ္စတာ ဆာဆာကာဝါကို ဦးဆောင်စေပြီး ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာအဖွဲ့ စေလွှတ်ခဲ့ပါတယ်။

ရွေးကောက်ပွဲပြီးနောက် တရားမွ်တတဲ့ ရွေးကောက်ပွဲဖြစ်ကြောင်း ထုတ်ပြန်ခဲ့သလို၊ ဂျပန်အစိုးရ ခေါင်းဆောင်တွေကနေ ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်လ်ဒီ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဆီ ဂုဏ်ပြုသဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်း အခြေအနေတွေဟာ ဂျပန်အစိုးရ ထင်သလို ဖြစ်မလာခဲ့ပါဘူး။ ပြသနာကတော့ အကြောင်းပြချက် ခိုင်ခိုင်မာမာ မရွိပါပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်ပြီး စစ္တပ္က အာဏာသိမ်းလိုက်လို့ပါပဲ။ စစ်အာဏာသိမ်းရုံမက အာဏာသိမ်းတာကို လက်မခံနိုင်၊ ငြိမ်းချမ်းစွာ

ဆန္ဒပြကြတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေကို ရက်ရက်စက်စက် ပစ်ခတ်၊ သတ်ဖြတ်၊ ရိုက်နှက်၊ ဖမ်းဆီး၊ ထောင်ချ၊ ပြည်သူပိုင် ပစ္စည်းတွေကို ဖ်က္ဆီး၊ နိုင်ငံတကာ အသိုင်းအဝိုင်းကိုပါ ဂရုမစိုက်သလို လုပ်ပြလိုက်တဲ့အခါ ဂျပန်အစိုးရကို အံ့အားသင့်စေခဲ့ပါတော့တယ်။ အခု နောက်ဆုံး အခြေအနေကတော့ ဂျပန်ရင်းနှီးမြှုပ်နှံမှုတွေ ရပ်ဆိုင်းနေပြီဖြစ်သလို၊

အကူအညီပေးမှုတွေကလည်း အရင် အကူအညီပေးထားပြီးသားတွေကလွဲရင် ခဏရပ်ဆိုင်း စောင့်ကြည့်နေဆဲ အခြေအနေ ရောက်နေတာပါ။ အရင် စစ်အာဏာရှင်တွေ ခေတ်တုန်းကနဲ့ မတူတာက ဂျပန်အစိုးရဟာ G-7 နိုင်ငံတွေနဲ့အတူ မြန်မာစစ်ခေါင်းဆောင်တွေကို အကြမ်းဖက်မှု ရပ်တန့်ဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့၊ ဒီမိုကေရစီကို ပြန်သွားဖို့ တောင်းဆိုရာမှာ အတူပါဝင်ခဲ့တာ တွေ့နိုင်ပါတယ်။ ဂျပန်နိုင်ငံရေးသမားတွေနဲ့ လွှတ်တော်ဘက်ကလည်း မြန်မာစစ်အစိုးရရဲ့ စစ်အာဏာသိမ်း အုပ်ချုပ်တာကို အသိအမှတ်မပြု၊ လက်မခံကြောင်း ထုတ်ဖော်ကြပါတယ်။

ပြောရရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ဟာ သူတို့ကိုယ်တိုင် ရွေးဆွဲ အတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ချိုးဖေါက်ပြီး ရွေးကောက်ခံ အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီး၊ စစ်အာဏာသိမ်းပြီး ဒီမိုကေရစီစနစ္ကို နင်းချေလိုက်မှုဟာ နိုင်ငံတကာ အသိုင်းအဝိုင်းကို ဂရုမစိုက်ကြောင်း ပြသလိုက်တာ ဖြစ်သလို၊ ခေတ်အဆက်ဆက် စစ်ဗိုလ်ချုပ်တွေရဲ့ မိတ်ဆွေကောင်းဖြစ်ခဲ့တဲ့၊ ဒုက္ခနွံထဲကနေ ထွက်နိုင်ဖို့ ကူညီပေးခဲ့တဲ့ ဂျပန်အစိုးရနဲ့ ဂျပန်ပြည်သူတွေကိုပါ ကျေးဇူးကန်းတဲ့ စော်ကားတဲ့ အပြုအမူမျိုး ဖြစ်နေတာ တွေ့နိုင်ပါတယ်။

သေခြာတာတစ်ခုကတော့ ပြည်သူလူထုကို သတ်ဖြတ်ဖိနှိပ်ပြီး အာဏာရယူဖို့့ပဲသိတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စစ်ကောင်စီက အာဏာရေနသမွ် ကာလပတ္လုံး၊ သူတို့အနေနဲ့ သမ္မတ ဦးသိန်းစိန် ခေတ်တုန်းကလို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ချင်ပါတယ်၊ ကမ္ဘာကြီးနဲ့ သင့်မြတ်လိုပါတယ် ဆိုလာသည့်တိုင် အရင် ခေတ်အဆက်ဆက်က ကူညီခဲ့တဲ့ ဂ်ပန္ကို ကျေးဇူးကန်းလို့ မိတ်ဆွေကောင်း အျဖစ္ကေန ဆုံးရှုံးပြီးဖြစ်တာကြောင့် ဒုက္ခနွံထဲကနေ လွယ်လွယ်နဲ့ ထွက်နိုင်လိမ့်မယ်ဆိုပြီး မျှော်လင့်လို့ ရနိုင်တော့မယ် မဟုတ်ကြောင်းပါ။

crd-Sithu Aung Myint