တရုတ်နဲ့ ရုရှားတို့ကြောင့် ကမ္ဘာကြီးက နူကလီးယားစစ်ပွဲနဲ့ ရင်ဆိုင်ရဖို့ ပိုမိုနီးကပ်လာပြီလို့ ပင်တဂွန်သတိပေးလာ

တရုတ်နဲ့ ရုရှားတို့ကြောင့် ကမ္ဘာကြီးက နူကလီးယားစစ်ပွဲနဲ့ ရင်ဆိုင်ရဖို့ ပိုမိုနီးကပ်လာပြီလို့ ပင်တဂွန်သတိပေးလာ

တရုတ် နဲ့ ရုရှားတို့လို အဓိကရန်သူတွေဟာ နူကလီးယားလက်နက်သိုလှောင်မှုတွေ များပြားလာတဲ့အတွက် နူကလီးယားအငြင်းပွားမှု ဒါမှမဟုတ် နူကလီးယားစစ်ပွဲတွေ ဖြစ်လာနိုင်ချေတိုးပွားလာကြောင်း ပင်တဂွန်က သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းမှာ ရုရှားနဲ့ တရုတ်တို့ဟာ လက်နက်တွေကို ဆန်းသစ်တီထွင်အဆင့်မြှင့်တင်မှုတွေ ကိုယ်စီပြုလုပ်ခဲ့ကြတယ်လို့ ပင်တဂွန်ရဲ့ နူကလီးယားစစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ ၂၀၂၀ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားကလည်း အမေရိကအထိ ရောက်ရှိနိုင်တဲ့ နူကလီးယားထိပ်ဖူးတပ် ပဲ့ထိန်းဒုံးကျည်တွေကို စမ်းသပ်မှုတွေပြုလုပ်နေခဲ့ပြီးအီရန်ကလည်း တစ်နှစ်အတွင်းမှာပဲ နူကလီးယားလက်နက်တွေထုတ်လုပ်ဖို့ နည်းပညာတွေရှိနေတယ်လို့ ဆိုခဲ့ပါတယ်။

အမေရိကန်ဟာ ၂၀၁၀ ပြည့်နှစ်ကတည်းက နူကလိးယားလက်နက်ထုတ်လုပ်မှုတွေကို လျှော့ချဖို့ ညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း အမျိုးသားလုံခြုံရေးမဟာဗျူဟာမှာ နူကလီးယားလက်နက်အခန်းကဏ္ဍ ဒါမှမဟုတ် လက်နက်အရေအတွက်ကို

လျှော့ချနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ “အဲဒီအစား သူတို့က ဆန့်ကျင်ဘက်ကိုရွေးခဲ့ကြတာ” လို့ အစီရင်ခံစာထဲမှာ ပါဝင်ခဲ့ပြီး သူတို့ဆိုတာကတော့ ရုရှား၊ တရုတ်၊ မြောက်ကိုရီးယား နဲ့ အီရန်တို့ကို ရည်ညွှန်းခဲ့ပါတယ်။

“ရလဒ်အရတော့ ကမ္ဘာအနှံ့မှာ နူကလီးလက်နက်ပိုင်ဆိုင်သူတွေရှိတဲ့ ဒေသတွင်းပဋိပက္ခတွေဖြစ်လာဖို့ အလားအလာက ပိုမြင့်မားလာတာပါပဲ” လို့ ထပ်မံဖော်ပြခဲ့ပါတယ်။

ရုရှားနဲ့ တရုတ်ကတော့ အမေရိကန်ကို အပြင်းအထန်ခြိမ်းခြောက်နိုင်တဲ့ နိုင်ငံတွေဖြစ်လာပြီး သူတို့ရဲ့ နည်းပညာနဲ့ လက်နက်ပိုင်ဆိုင်မှုတွေကြောင့်ပဲဖြစ်ပါတယ်။ ၂၀၁၉ အတွင်းမှာ အမေရိကန်နဲ့ ရုရှားတို့ဟာ ၁၉၈၇ အလယ်အလတ်အဆင့်

နူကလီးယားစွမ်းအင်စာချုပ်ကို ဖျက်သိမ်းခဲ့ကြပါတယ်။ အဲဒီစာချုပ်အရဆိုရင် အမေရိကန်နဲ့ ဆိုဗီယက်ယူနီယံဟာ ကီလိုမီတာ ၅၀၀ ကနေ ၅၅၀၀ အထိ ပစ်ခတ်နိုင်တဲ့ မြေပြင်ပစ်နူကလီးယားပဲ့ထိန်းဒုံးကျည်တွေကို ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။

၂၀၂၁ အတွင်းမှာတော့ သူတို့က မဟာဗျူဟာမြောက်လက်နက်လျှော့ချရေးစာချုပ်ကို ငါးနှစ်သက်တမ်းတိုးခဲ့ပါတယ်။ ဒီသဘောတူညီချက်ကို New START လို့ နာမည်ပေးထားပြီး

ရုရှားတပ်ဖြန့်ထားတဲ့ နူကလီးယားလက်နက်အားလုံးကို အကန့်အသတ်နဲ့ထားရှိစေပြီး အမေရိကန်လုံခြုံရေးကို ပိုမိုကောင်းမွန်စေမှာဖြစ်ပါတယ်။

တရုတ်ကလည်း သူတို့ရဲ့ နူကလီးယားလက်နက်ပိုင်ဆိုင်မှုတွေကို တိုးပွားအောင် လုပ်ဆောင်နေခဲ့ပြီး အဆင့်အမြင့်ဆုံးအဖြစ် ရေငုပ်သင်္ဘောကနေ ပစ်လွှတ်နိုင်တဲ့ ဒုံးကျည်တွေပါ ပိုင်ဆိုင်လာခဲ့ပါတယ်။ ဗုံးကြဲလေယာဉ်သစ်တွေကိုပါ

တရုတ်ကတီထွင်တည်ဆောက်နေပြီး ကုန်း၊ ရေ၊ လေတွေကနေ ပါ ပစ်ခတ်နိုင်မယ်လို့ ဆိုပါတယ်။ပင်တဂွန်ရဲ့ အစီရင်ခံစာအတွင်းမှာ “မြောက်ကိုရီးယားကလည်း နူကလီးယားလက်နက်တွေ ဆက်လက်ထုတ်လုပ်နေတာက နိုင်ငံတကာလုံခြုံရေး နဲ့

တည်ငြိမ်မှုကို ပျက်ပြားစေမယ့် ခြိမ်းခြောက်မှု” လို့ ထပ်မံဖော်ပြထားခဲ့ပါတယ်။ တဖက်မှာလည်း အီရန်က သမ္မတသစ်ရွေးချယ်အပြီး နူကလီးယားအရေးအတွက် အမေရိကန်နဲ့ ဆွေးနွေးမှာမဟုတ်ဘူးလို့ ယတိပြတ်ပြောဆိုထားခဲ့ပါတယ်။

ရုရှားအကူအညီရယူကာ တစ်နှစ်အတွင်း လက်နက်ထုတ်လုပ်နိုင်တဲ့ နည်းပညာရှိနေတယ်ုလိ့ ပင်တဂွန်က ဆိုထားပြီး အရှေ့အလယ်ပိုင်းဒေသအတွင်းမှာ အိမ်နီးချင်းအစိုးရတွေကိုလည်း မတည်မငြိမ်ဖြစ်စေပြီး ရန်လိုတဲ့ မဟာဗျူဟာနဲ့ လှုပ်ရှားမှုတွေက

မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ဆိုခဲ့ပါတယ်။

crd-The River News TRN