ဦးလူမင်းဖမ်းဆီခံထားရတာ ၄ လကျော် ၅ လနီးပါးကြာမြင့်နေပြီဖြစ်တာကြောင့် ငိုရလွန်းလို့မျက်ရည်တွေတောင် ခမ်းတော့မယ်ဆိုတဲ့ ဇနီးဖြစ်သူခင်စံပယ်ဦး

ဦးလူမင်းဖမ်းဆီခံထားရတာ ၄ လကျော် ၅ လနီးပါးကြာမြင့်နေပြီဖြစ်တာကြောင့် ငိုရလွန်းလို့မျက်ရည်တွေတောင် ခမ်းတော့မယ်ဆိုတဲ့ ဇနီးဖြစ်သူခင်စံပယ်ဦး

လေးလ ကျော်ကြာ မြင့်ခဲ့ပြီ ဖြစ်တဲ့ ဒီ လှုပ်ရှားမှုကြီး ဟာခုဆိုရင်ပြည်သူ လူထုပါ မကျန်အနုပညာရှင် တွေအားလုံးဟာအတိုက် အခိုက် အန္တရာယ် တွေ ခက်ခဲမှု တွေခြိမ်းခြောက် မှုတွေနဲ့ ကြုံတွေ့ နေရပေမယ့်နောက်မဆုတ် ဘဲရှေ့ဆက် လှမ်းကာ

အားတတ်သရော ရရာ နေရာက နေနိုင် သလောက် ပါဝင်နေကြဆဲပါ။

အနုပညာ ရှင်များက လည်း ပြည်သူ တွေနဲ့ အတူရပ်တည်ကာ လမ်းမပေါ် ထွက်ကာ လှုပ်ရှားမှု တွေ ပြုလုပ် သလို လိုအပ်တဲ့ ပစ္စည်းတွေနဲ့အစား အသောက် အပြင် ခုဆိုရင် ကျဆုံး သွားတဲ့ သူရဲကောင်း လေး တွေကို လည်းကူငွေ တွေ လှူဒါန်း ခဲ့တာကြောင့်

ပြည်သူ အားလုံက လေးစား နေရတာပါ။

ဒါ့ အပြင် သူတို့ရဲ့ သိန်းချီတဲ့ Follower တွေကိုအသုံးချကာ နိုင်ငံ တကာသိအောင် မှန်ကန် တဲ့သတင်း အချက် အလက် တွေကိုလည် အချိန်နဲ့ တစ်ပြေး ညီ ဖြစ်ပျက် သမျှ အားလုံး ကိုဖော်ပြ ခဲ့တာ လည်း ဖြစ်ပါ တယ်။

ဒီလိုအားကြိုးမာန်တတ်ပါဝင်ကြတဲ့အနုပညာရှင်တွေထဲမှာအန်ကယ်လေးလို့အားလုံးကချစ်စနိုးခေါ်ကြတဲ့လူမင်းလည်းပါဝင်ခဲ့ပါတယ်။

ခုဆိုရင် လူမင်း ဟာCDM မှာ ပါဝင်ရန် ဝန်ထမ်းတွေကို နှိုးဆော် ပေးခဲ့ တာ ကြောင့် ထိန်းသိမ်းခံ ထားရ တာလည်း ဖြစ်ပါတယ်။အားလုံး က လူမင်းနဲ့ ပတ်သက်ပြီး စိတ် မကောင်း ဖြစ်နေ ကြတာလည်း အမှန်ပါပဲ။အခု လည်း ဇနီးဖြစ်သူ ခင်စံပယ်ဦး ဟာ

ခင်ပွန်အတွက် အရမ်း စိုးရိမ် ပူပန်ပြီး

နေ့စဉ်တိုင်းမျက်ရည် ကျနေရ ကြောင်း ကို ယောကျ်ားအတွက် စိတ်ပူပြီး ငိုရ လွန်းလို့ မျက်ရည် တွေ တောင် ခမ်းတော့မယ် ဒါပေမယ့် လည်း မယိုင်လဲ သွားအောင်ကြိုးစား ပြီး အားတင်း ထားပါတယ် ဆိုပြီး ရင်ဖွင့် ရေးသား ဖော်ပြခဲ့ သည် ကို

ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Crd-Original Post