စစ်အုပ်စုကို အပြိုလှဲနေတဲ့ ပြည်သူတွေရဲ့အပြင်းထန်ဆုံးပစ်ချက် (သို့) မီတာတိုက်ပွဲ

စစ်အုပ်စုကို အပြိုလှဲနေတဲ့ ပြည်သူတွေရဲ့အပြင်းထန်ဆုံးပစ်ချက် (သို့) မီတာတိုက်ပွဲ

အရေးကြီးတာလေးကို မျှဝေခွင့်ပြုပါ။
အာဏာသိမ်းပြီးနောက်ပိုင်း…
မေလကစလို့ ရန်ကုန်တိုင်းတတိုင်းလုံးရဲ့ မီတာခရရှိငွေက ၂ ရာခိုင်နှုန်းပဲ ရှိပါတယ်။
မန္တလေးတတိုင်းလုံးက ၃ ရာနှုန်းပဲ ရပါတယ်။
ကျန်ရှိနေတဲ့ တနိုင်ငံလုံးက ဒေသတွေရဲ့ စုစုပေါင်း ရရှိမှုက ၂၀ ရာနှုန်းမပြည့်ပါဘူး။

အဲဒါကြောင့် မီတာခ မဆောင်တဲ့ သပိတ်ဟာ…
စစ်အုပ်ကို အရှိုက်အထိဆုံး အအောင်မြင်ဆုံး CDM ဖြစ်သွားပါတယ်။
လျှပ်စစ်ထုတ်လုပ်မှုအချို့က သူများနိုင်ငံကို စာချုပ်တွေနဲ့ ရောင်းထားရပါတယ်။ အရင် သန်းရွှေ သိန်းစိန်ခေတ်ကတည်းကပါ။
ပြီးတော့ တနိုင်ငံလုံးလျှပ်စစ်အလုံအလောက်ပေးနိုင်ဖို့ နှစ်ရှည်စာချုပ်နဲ့ နိုင်ငံအချို့ဆီက ဝယ်ထားရပါတယ်။

သုံးစွဲယူနစ်ခကို မြန်မာငွေနဲ့ ပြည်သူဆီက ကောက်ပြီး
လစဉ် ဒေါ်လာနဲ့ ဝယ်ထားတဲ့နိုင်ငံတွေကို ရှင်းရတာပါ။

ငွေလဲနှုန်းနဲ့လည်း ရှုံးနေခဲ့ရသလို…
ဒေါ်လာနဲ့ဝယ်ရတဲ့ တယူနစ်ချင်းရဲ့ နှုန်းထားပြန်မရတဲ့မီတာခ၊ (အစကတည်းက မီတာခ ဈေးတက်လို့ရတဲ့အတွက် ) ကြောင့် အလိုလိုနေရင်းက နှစ်ခါရှုံးနေတဲ့ဝန်ကြီးဌာန ဖြစ်ပါတယ်။

ဒါပေမဲ့ ပြည်သူဆီက ရတဲ့မီတာခကြောင့် အရင်ကတဖက်နိုင်ငံတွေကို ရောင်းထားတဲ့(ဘာငွေမှ တိုင်းပြည်က ဆက်ရစရာ မရှိ၊ အဘများ ဘုန်းခဲ့) လျှပ်စစ်ထုတ်လုပ်မှု ယူနစ်ပမာဏရအောင် ကုန်ကျတဲ့
စရိတ်ကိုလည်း ထိန်းနိုင်သလို …
မီတာခ က ရရှိတဲ့ ငွေနဲ့ လစဉ် ဒေါ်လာနဲ့ ပြန်ရှင်းရတာ ရှုံးနေပေမဲ့ သွေးပျက်လောက်စရာ ကွာဟမှုမဖြစ်ပါဘူး။

အခု မီတာခကို ပြည်သူများက CDM လုပ်ပြီး မဆောင်ကြတဲ့အတွက် စစ်အုပ်စုရဲ့ လျှပ်စစ်ဝန်ကြီးဌာနက တဌာနလုံး ဟန်မဆောင်နိုင်အောင် ရူးမတတ်ကြောက်လန့်နေကြပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ မီတာခ ကောက်မရလို့ဆိုပြီး စာချုပ်ချုပ်ထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေကို ကျနော်တို့သုံးစွဲနေတဲ့ ယူနစ်ခတွေ ဒေါ်လာသန်းနဲ့ချီ မရှင်းလို့ မရပါဘူး။

အစကတည်းက ဗဟိုဘဏ်မှာ ပိုက်ဆံမလုံလောက်တော့တဲ့အတွက် ပြိုနေပြီး ဖြစ်တဲ့ စစ်အုပ်စုဟာ နိုင်ငံခြားကို မီတာခဒေါ်လာသန်းနဲ့ချီပြီး လစဉ် အိတ်စိုက်ရှင်းမယ်ဆိုရင် တနှစ်အတွက် ဒေါ်လာ ဘီလီယံ နဲ့ချီပြီး ရှုံးသွားနိုင်ပါတယ်။

အဓိပ္ပါယ်က စစ်အုပ်စုဟာ ပြည်သူဆီက မီတာခ မရတာကြောင့် ရှိသမျှ ပိုက်ဆံကို လျှပ်စစ်ဝန်ကြီးဌာနကတဆင့် ဒေါ်လာသန်းချီ လစဉ်နင့်နေအောင်ပေးပြီး အခြားဘာမှ လည်ပတ်လို့မရ၊ လစာမပေးနိုင်၊ အကုန်လုံး ငုတ်တုတ်မေ့မှာ ဖြစ်ပါတယ်။

တလချင်းဆီ နိုင်ငံတကာကုမ္ပဏီများကို တရှိန်ထိုးကျနေတဲ့ မြန်မာကျပ်တန်ဖိုးနဲ့ ရှိစုမဲ့စု မြန်မာငွေကို
ဒေါ်လာငွေ သန်းချီလဲပြီး အပေးသက်သက်ချည်း ဖြစ်မယ့်ကိစ္စမို့ အသင့်အတင့်တောင့်တင်းတဲ့နိုင်ငံရဲ့ ဗဟိုဘဏ်တောင်ခံနိုင်မှာ မဟုတ်ပါဘူး။

 

စီးပွားရေး အနုတ်ပြ၊ အဘက်ဘက်က ချွတ်ခြုံကျနေတဲ့ စစ်အုပ်စုလက်အောက်ခံ ဗဟိုဘဏ်ဟာ မီတာခ မဆောင်တဲ့ လက်ရှိသပိတ်ကို ဆက်ထိန်းထားရင်ကို ဘုန်းဘုန်းလဲကျတော့မှာ သေချာပါတယ်။
စစ်အုပ်စုအဖို့ အခြားဝင်ငွေရလမ်းလည်း မရှိပေမဲ့ မီတာခကိုတော့ စစ်အုပ်စုရဲ့ ဝန်ကြီးဌာနဟာ လစဉ် ဒေါ်လာသန်းနဲ့ချီ ထွက်နေရမှာ ဖြစ်ပါတယ်။

အခြား စစ်စရိတ်သုံးဖို့ဆိုတာကလည်း ရှိသေးတော့…မီတာခ မဆောင်ကြတာဟာ အမေရိကန်နဲ့ မဟာမိတ်တပ်တွေ ချီလာပြီး PDF တွေနဲ့ လာကူတိုက်တာထက် ပိုပြီး စစ်အုပ်စုအတွက် အထိနာပါတယ်။
မီတာမဆောင်တဲ့ CDM က အအောင်မြင်ဆုံး နဲ့ အောင်ပွဲအတွက် အရေးကြီး အခရာကျဆုံး ဖြစ်နေပါတယ်။
ကောင်းပြီ။ ဒါဖြင့် အခု မီးတွေ လိုက်ဖြတ်လို့ မီတာယူနစ်ခ သူ့ဘက်က ပေးရတာ လျော့သွားမလား။
အဲဒါသူ့အတွက် အဖြေမဟုတ်ပါဘူး။

ကျနော်တို့ မသုံးလည်း စာချုပ်ပါ ယူနစ်အတိုင်း ဝယ်ထားတဲ့အတွက် ပေးရမှာပါ။
ဒါကြောင့် မီးဖြတ်တာ အလှန့်ပါပဲ။
မသုံးဘဲ ပိုလျှံနေတဲ့ လျှပ်စစ်ကို သူဘယ်လိုထိန်းမလဲ။
အားလုံးက မဆောင်ကြရင် အားလုံးကို မီးဖြတ်လို့မရပါဘူး။

ပြီးတော့ တပြားမှ မရဘဲ အခြားကို စာချုပ်အရ လစဉ်ရောင်းထားပြီးသား လျှပ်စစ်ထုတ်လုပ်မှုကို စစ်အုပ်စု ရပ်လို့မရပါဘူး။
အဲဒီစရိတ်ရော ဘယ်ကရမလဲ။
မီတာမဆောင်တဲ့ CDM က စစ်အုပ်စုရဲ့
ကြမ္မာငင်မှုတွေထဲက အကြီးမားဆုံး တခုပါ။

စစ်အုပ်စု ယဲ့ယဲ့လေးနဲ့ တဲတဲလေးပဲ ပြုတ်ကျဖို့ ကျန်တော့တာပါ။
မီတာခ မဆောင်တဲ့ CDM ကို ဆက်ထိန်းပေးပါ။
စစ်အုပ်စု အကြီးအကျယ်သွေးပျက်နေပါတယ်။
အရေးကြီးပါတယ်။ ကျနော်တို့ ပေါ့လို့မရပါဘူး။

 

လူငယ်တွေက
အသက်တွေတောင် ပေးခဲ့ကြပြီးပြီ။
ကိုယ်လုပ်ရမှာက အိတ်ကပ်ထဲကနေ
မီတာခ မဆောင်ရုံလေး။

“ဒို့ပြည်သူတွေ ညီရဲ့လားဟေ့…
ညီတယ်ဟေ့ ညီတယ်ဟေ့”
တကယ်ညီညီညွတ်ညွတ်နဲ့
အဆုံးထိ အတူတူ ဆက်လျှောက်ကြမယ်။

Crd-Original Post