CDM ဝန်ထမ်းများကို တပ်အရာရှိများနှင့် လက်ထပ်ခွင့်မပြုဟုဆို

CDM ဝန်ထမ်းများကို တပ်အရာရှိများနှင့် လက်ထပ်ခွင့်မပြုဟုဆို

စစ်တပ်အရာရှိများ လက်ထပ်ထိမ်းမြားမည့်သူ များတွင် CDM ပြုလုပ်ထားသူ (သို့မဟုတ်) စစ်ကောင်စီမှ ပုဒ်မ ၅၀၅ (က ) ဖြင့် ဖမ်းဝရမ်း ထုတ်ခံထားရသူများ ဖြစ်ပါက လက်ထပ်ထိမ်းမြားခွင့်မပြုကြောင်း သတင်းရရှိသည်။

စစ်တပ်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသော အိမ်ထောင်မရှိသေးသူ အရာရှိများအနေဖြင့် လက်ထပ်ခွင့်တင်ပြရာတွင် ၄င်းကဲ့သို့ CDM နှင့် ဖမ်းဝရမ်းထုတ်ခံထားရသူများဖြစ်ပါက

လက်ထပ်ခွင့်မပြုခြင်းသာဖြစ်ပြီး အရေးယူခြင်း ပြုလုပ်မည်မဟုတ်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)၊ စစ်ရေးချုပ်ရုံး၏ ညွှန်ကြားချက်အရ သိရသည်။

ကာယကံရှင်အရာရှိအနေဖြင့် ၄င်းနှင့်ထိမ်းမြားမည့်သူသည် CDM ပြုလုပ်နေသူ(သို့မဟုတ်) ဖမ်းဝရမ်းထုတ်ခံထားရသည်ကို မသိရှိဘဲ ၄င်းနှင့်ထိမ်းမြားမည့်သူ ဇနီးလောင်းမှ လက်ထပ်ခွင့်

တွင် ထိန်ချန်၍ လိမ်လည်ရေးသွင်း တင်ပြပါက ၄င်းအရာရှိအနေဖြင့် မသိရှိကြောင်းနှင့် ဇနီးလောင်းမှ လိမ်လည်စာရင်းသွင်းခြင်းဖြစ်ကြောင်း ငြင်းပယ်ပိုင်ခွင့်ရှိသည်ဟု သိရသည်။

ယင်းကဲ့သို့ လိမ်လည်တင်ပြသူ ဇနီးလောင်းအား အရပ်ဖက်တရားရုံးတွင် စစ်တပ်မှ တရားလိုပြု လုပ်၍ တရားစွဲဆို အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ထပ်ခွင့်တင်ပြရာတွင် လိုအပ်သည့် အုပ် ထိန်းသူ၏ခွင့်ပြုစာ ဇနီးလောင်း၏ ရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာတို့တွင် CDMပြုလုပ်နေသူ(သို့မဟုတ်) ဖမ်းဝရမ်း ထုတ်ခံထားရသူများ

အား သက်ဆိုင်ရာ ရပ်ကွက်၊ ရဲစခန်းမှ မှားယွင်း ပေါ့လျော့စွာ ထောက်ခံပေးလာပါက ၄င်းရပ် ကွက်နှင့် ရဲစခန်းများ၏ တာဝန်ရှိသူများကိုပါ အရပ်ဖက်တရားရုံးတွင် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်။

Ayeyarwaddy Times